ဒီတစ်ပတ် Fashion Vocabulary မှာတော့ အောက်တိုဘာလရဲ့ မွေးလ Gemstone ဖြစ်တဲ့ Opal အကြောင်းကို မျှဝေသွားမှာပဲဖြစ်ပါတယ်။ Opal ကျောက်ကို ရှေးခေတ် ဂရိလူမျိုးတွေက သူတို့အတွက် ရောဂါဘယကင်းဝေးစေနိုင်တဲ့ ကျောက်မျက်ရတနာတစ်ခုအဖြစ် သတ်မှတ်သလို အနာဂတ်မှာဖြစ်လာမယ့် အကြောင်းအရာတွေကို ကိုယ်စားပြုတဲ့ ကျောက်မျက်ရတနာအဖြစ် သုံးစွဲကြပါတယ်။ ဒါတင်မကသေးပါဘူး ဥရောပနိုင်ငံမှာ နေထိုင်ကြတဲ့သူတွေကလည်း ဖြူစင်ခြင်း၊ မျှော်လင့်ချက်၊ အမှန်တရား အဓိပ္ပါယ်ကို ဆောင်ကျဉ်းတဲ့အတွက်ကြောင့် Opal ကျောက်ကို အသုံးပြုလေ့ရှိကြပါတယ်။ ကိုယ်ရဲ့မင်္ဂလာနှစ်ပတ်လည် ၁၄ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့လည်း ချစ်ရသူကို Opal ကျောက် ပါဝင်တဲ့ လက်ဝတ်ရတနာကိုလည်း လက်ဆောင်အနေနဲ့ ပေးလို့ရသေးတယ်နော်။
#LUSHmagazineMyanmar #LUSHitRight #LUSHfashionVocab