COVID-19 ဖြစ်နေသေးပေမယ့် New York Fashion Week (NYFW) ကျင်းပဖို့ကိုတော့ တားလို့ရမှာမဟုတ်ပါဘူး။ စက်တင်ဘာလမှာ NYFW လုပ်သွားမယ့်အကြောင်းကို နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Andrew Cuomo က ကြေညာခဲ့ပါတယ်။ ပွဲမှာပါ၀င်မယ့် ဒီဇိုင်နာတွေ၊ ပွဲစီစဥ်သူတွေ၊ ၀န်ထမ်းတွေနဲ့ မော်ဒယ်တွေ အားလုံး လိုက်နာရမယ့် ကန့်သတ်ချက်တွေတော့ ရှိပါတယ်။
ပွဲကို ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီ ပြုလုပ်သွားမှာဖြစ်ပြီး လူအများဆုံး ၅၀ ထိပဲ ပါမှာပါ။ ဆိုတော့ မီဒီယာတွေလည်းပါမှာမဟုတ်ပါဘူး။ mask တွေ၀တ်ရမှာဖြစ်ပြီးတော့ social distancing ကိုလည်း လိုက်နာရမယ်၊ ပွဲတက်ရောက်ဖို့အတွက် ကျန်းမာရေးစစ်ဆေးမှုတွေလည်း ကြိုလုပ်ထားရမှာဖြစ်ပါတယ်။
စက်တင်ဘာလ ၁၃ ရက်နေ့ကနေ ၁၇ ရက်ထိ ပြုလုပ်ဖို့စီစဥ်ထားပြီး ပွဲကို တိုက်ရိုက်ထုတ်လွှင့်တာ၊ virtual show တွေ၊ virtual programming မျိုးတွေလုပ်သွားမယ်လို့ သိရပါတယ်။