ကမ္ဘာတစ်ဝှမ်းလုံးက Queen of Pop လို့သိကြတဲ့ ကမ္ဘာကျော်အမျိုးသမီးအဆိုတော် Madonna ကတော့ အခုချိန်မှာ သြဂုတ်လ (၁၆) ရက်နေ့က အသက် ၆၁ ပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ မွေးနေ့ပြီးသွားပေမယ့် အခုချိန်ထိ ဖက်ရှင် ချစ်သူတွေကြားမှာ ပြောလို့မပြီး၊ အားကျလို့မပြီးသေးတာက Pop ဘုရင်မရဲ့ အထူးခြားဆုံးကတော့ မွေးနေ့မှာ ဝတ်ဆင်ခဲ့တဲ့ Madonna ရဲ့ဖက်ရှင်တွေပဲပေါ့။
စစ်တပ်ထဲက Four-star အဆင့်ရှိယူနီဖောင်းနဲ့ မွေးနေ့ပါတီပွဲ ကို တက်ရောက်လာတဲ့ Madonna ကတော့ အရင်တုန်းကအတိုင်း ဘာမှမပြောင်းလဲသေးတဲ့ Iconic တစ်ယောက်ပါပဲ။ နယူးယောက်မှာ မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ပြုလုပ်ခဲ့ပြီး ဒီမွေးနေ့ပွဲကိုလာရောက်တဲ့သူ အများစုကတော့ လာမယ့် Madame X Tour မှာပါဝင်မယ့် Performers တွေဖြစ်ပြီး တက်ရောက်တဲ့သူ ၁၅၀ ယောက်ရှိတယ်လို့ သိရပါတယ်။ ဒါကလည်း Madame X မှာ သူ့ရဲ့မွေးနေ့အမှတ်တရပုံရိပ်တွေ ပါဝင်ဖို့အတွက် ရိုက်ကူးထားတယ်လို့ အတွင်း သိတွေကပြောပါတယ်။
အင်တာဗျူးတစ်ခုမှာ သူမကို အသက်အရွယ်နဲ့ပတ်သက်ပြီးတော့ မေးတဲ့အခါမှာလည်း Madonna က ယခုလိုဖြေကြားခဲ့ပါသေးတယ်။ အသက်ကြီးတာနဲ့ပတ်သက်ပြီးတော့ စိတ်ပူပန်တာမျိုး သူမဘဝမှာ လုံးဝမရှိခဲ့ဘူးလို့ဆိုပါတယ်။ သူထင်တာကတော့ “ခင်ဗျား အနေနဲ့ အသက်ကြီးလာတာကို အရမ်းတွေးနေတယ်လို့ ထင်တယ်။ ခင်ဗျားအနေနဲ့လည်း ဒီလို အတွေးတွေကို ရပ်သင့်တယ်တယ်လို့ ထင်တယ်။ ငါ အသက်ကြီးလာပါလားဆိုတဲ့ အတွေးတွေကို အဆုံးသတ်ပြီးတော့ ကိုယ့်ဘဝကို ပျော်ပျော်ပါးပါးနေဖို့နဲ့ လူမှုအသိုင်းအဝိုင်းက အသက်နဲ့ပတ်သက်တဲ့ သတ်မှတ်ချက်တွေက လွှမ်းမိုးဖို့ ကြိုးစားတာကိုလက်မခံဖို့” တိုက်တွန်းခဲ့တဲ့ သူမရဲ့  အသက်အရွယ်နဲ့ ပတ်သက်တဲ့ ကိုယ်ပိုင် အမြင်တွေကိုလည်း ချပြခဲ့ပါသေးတယ်။
Editor: Cherry