LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
STYLETRENDS

It’s time for “Back to the Future” fashion

written by Maeve May 19, 2023
It’s time for “Back to the Future” fashion

Y2K fashion ဆိုတာ အခုဆို လူတိုင်းနီးပါးနဲ့ မစိမ်းတော့တဲ့ စကားတခုဖြစ်မှာပါ။ စာဖတ်သူတို့တော့မသိပေမဲ့ စာရေးသူအနေနဲ့ကတော့ Y2K fashion တွေ စပြီးခေတ်စားခဲ့တဲ့ကာလတုန်းက ကလေးလေးပဲရှိသေးတာဆိုတော့ ကိုယ့်ထက်ကြီးတဲ့သူတွေ ဝတ်စားတာတွေကိုကြည့်ပြီးပဲ အားကျခဲ့ရတာပေါ့။ အခု Y2K fashion တပတ်ပြန်လည်လာပြီဆိုတော့ စာရေးသူနဲ့သက်တူရွယ်တူတွေတော့ စာရေးသူလိုပဲ ပျော်နေကြမယ်ထင်တယ်။ အရင်ခေတ်ဖက်ရှင်တွေက အရောင်အသွေးစုံလင်သလို ဖက်ရှင် sense ပေါ်မူတည်ပြီး ဘယ်နေရာပဲသွားသွား တယောက်နဲ့တယောက်ရဲ့ဖက်ရှင်တွေက တူမလိုနဲ့ ကွဲထွက်နေတာတွေကတော်တော်ကို မိုက်ပါတယ်။ ဒီလို ရွေးစရာ option တွေအများကြီးနဲ့ စိတ်ကူးရှိတိုင်း ကွန့်မြူးလို့ရမယ့် ဖက်ရှင်ရေစီးကြောင်းတွေထဲက တစ်ခုဖြစ်တဲ့ Y2K ကအခုပြန်လာပြီဆိုတော့ အရမ်းကိုပျော်စရာကောင်းနေပါပြီ။ 

8 Movies For Peak Y2K Style Inspiration - Early 2000s Fashion Movies

ခေတ်ဆန်ဆန် futuristic ဖြစ်တာရယ် retro ဆန်ဆန်ဖက်ရှင်ရယ်ကို ပေါင်းထားတဲ့ Y2K fashion တွေက ဖက်ရှင်လောကမှာ ကွဲထွက်ပြီးမေ့ထားလို့မရတဲ့ဖက်ရှင်တခုလို့ပြောရင်မမှားပါဘူး။ Y2K fashion ရဲ့ ပြောင်ပြောင်လက်လက်အဝတ်အစားတွေ၊ accessories တွေ၊ pleated skirts တွေ၊ baguette bags တွေ၊ ကတ္တီပါ traksuit တွေ၊ အရောင်စုံမျက်မှန်တွေ၊ Sneakers ထူထူကြီးတွေကို ဝတ်ဖို့အတွက် ready ပဲလား? ဒီမှာလည်း တော်တော်များများ Y2K fashion pieces တွေဖြစ်တဲ့ Baby Tees တွေ၊ Baguette Bag တွေလိုမျိုး safe ဖြစ်ဖြစ် trend ပြောင်းပြီးဝတ်လို့ရမှာတွေကို ဝတ်နေကြပြီဆိုပေမဲ့ ကတ္တီပါ tracksuit တွေ၊ ပြောင်ပြောင်လက်လက် metallic အဝတ်တွေ၊ accessories တွေလို လုံးဝ Y2K ပါဆိုပြီး သိသာမယ့်ဟာတွေကိုဝတ်တာမျိုးတော့ သိပ်မတွေ့ရသေးပါဘူး။

23 Best Euphoria Season 2 Outfits

လတ်တလောမှာဆို Y2K fashion တွေကို ဖောဖောသီသီတွေ့နိုင်ပြီး inspried ယူလို့ရမယ့် series ဆိုရင်တော့ အားလုံးသိကြမယ့် Euphoria series ပါပဲ။ ဒီကားထဲမှာ ဖက်ရှင်တွေရော၊ makeup look တွေရောက Y2K era ကိုအများကြီး inspired ယူထားတာကိုတွေ့ရပါတယ်။ အခု Y2K fashion တွေ တဟုန်ထိုး ပြန်ပြီး trend ဖြစ်လာတာကလည်း ဒီကားရဲ့ အရှိန်အဝါတွေနဲ့ မကင်းဘူးလို့လည်း ပြောလို့ရပါတယ်။

ဆိုတော့ ဒီ article လေးကနေ Y2K fashion တွေကို ဒီဘက်ခေတ်နဲ့လည်း လိုက်ဖက်ညီသလို အထာကျကျနဲ့ ပိုပြီး Y2K ပီသမယ့်ဖက်ရှင်တွေကို ဖန်တီးနိုင်အောင် ဘယ်လို fashion pieces တွေကို ဝတ်ဆင်ကြမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

Body Chains

Y2K Fashion Trends: Body Chains

Y2K လို့ပြောရင် မေ့ထားလို့မရတဲ့အထဲမှာ low rise jeans နဲ့ စကတ်တွေပါပါတယ်။ အခုလည်း low rise စကတ်တွေ၊ jeans တွေကိုလည်း ဝတ်နေပြီဆိုတော့ အဲ့အပေါ်ကနေ body chain လေးတွေနဲ့အလှဆင်ကြည့်ပါ။ Low rise bottom လေးကိုဝတ်၊ ချက်နားကို body chain လေးနဲ့အလှဆင်၊ ဘယ်လောက်လှလိုက်မလဲ။

Loose Tailoring

Y2K Fashion Trends: Loose Tailoring

ဘောင်းဘီတွေကို ခန္ဓာကိုယ်နဲ့ကွက်တိမဟုတ်ပဲ ခပ်ပွပွဝတ်စားတာကလည်း Y2K ထဲမှာပါပါတယ်။ Baggy jeans တို့ cargo pants တို့လိုမျိုးပေါ့။ အဲ့ခေတ်တုန်းက ဒီလို Loose Tailoring တွေကို အမိုက်စားဝတ်ဆင်နိုင်တဲ့ထဲမှာ Brad Pitt နဲ့ Jennifer Aniston အတွဲက ရှေ့ဆုံးကပေါ့။

Flatform Sandals

Y2K Fashion Trends: Flatform Sandals

Sandals ကိုမှ ခပ်မြင့်မြင့် အထူတပြေးတည်း ဖိနပ်တွေကလည်း Y2K fashion အတွက် must have item လေးတခုပါပဲ။ အခုလည်း တဖြေးဖြေးတော့ ဝတ်လာကြတာတွေ့ရပါတယ်။

Rose-Colored Sunglasses

Y2K Fashion Trends: Rose-Tinted Sunglasses

အနီရောင်သမ်းတဲ့ နေကာမျက်မှန်တွေကလည်း ချန်ထားခဲ့လို့မရပြန်ပါဘူး။ မြန်မာပြည်လို အပူပိုင်းဒေသရာသီမှာဆို နေကာမျက်မှန်ကတော့ ဘယ်ရာသီပဲရောက်ရောက် ဆောင်ကိုဆောင်ထားသင့်တာမို့ Y2K ဆန်ဆန် rose-color sunglasses တွေကလည်း must have လေးဖြစ်လို့လာပါပြီ။

Chokers

Urban Outfitters Maisy Pearl Choker

အဲ့ခေတ်တုန်းက ခေတ်စားခဲ့တဲ့ accessories ထဲမှာ ထိပ်ဆုံးကပါနေတာကတော့ Choker တွေပါပဲ။ Choker ကိုမှ size မျိုးစုံနဲ့ကို ခေတ်စားခဲ့တာပါ။ ဆိုတော့ chocker အမိုက်စားတွေဝတ်ဖို့လည်း အဆင်သင့်လုပ်ထားလိုက်ပါတော့။

Lace-Up Pieces

Y2K Fashion Trends: Lace-Up

ကြိုးချည်ရတဲ့အင်္ကျီတွေ၊ dress တွေ၊ စကတ်တွေကိုလည်းမေ့ထားလို့မရပါဘူး။ sexy လည်းကျသလို ခန္ဓာကိုယ်ကောက်ကြောင်းကိုပါ ပိုထင်းစေတဲ့ lace-up pieces တွေကိုလည်း သေချာပေါက် try ကြည့်ကြပါဦး။

Feathers

Y2K Fashion Trends: Feathers

အမွေးလေးတွေနဲ့အလှဆင်ထားတဲ့စကတ်တွေကလည်း အဲ့ခေတ်အဲ့အခါတုန်းက အရမ်းကိုခေတ်စားခဲ့တာပါ။ လှုပ်လိုက်တိုင်း ဝဲခနဲ ဝဲခနဲနဲ့ ချစ်စရာကောင်းနေတဲ့ Feather skirt တွေကလည်း တထည်လောက်တော့ ရှိကိုရှိထားသင့်ပါပြီ။

Velour Tracksuits

Paris Hilton Is Releasing Her Own Line Of '00s Velour Tracksuits

Y2K လို့ပြောရင် ကတ္တီပါ tracksuit တွေကို ချန်ထားလို့တော့ဘယ်ဖြစ်မလဲ။ အဲ့ခေတ်တုန်းကဆို ကတ္တီပါ tracksuit တွေကို JLo, Paris Hilton, နဲ့ Britney Spears တို့လို fashion icon တွေနဲ့တွဲပြီး မြင်နိုင်သလို Mean Girls ဇာတ်လမ်းထဲမှာလည်း ပေါပေါသီသီကို တွေ့မြင်ခဲ့ကြမှာပါ။ 

Double Denim

Early-2000s Style Lessons From Paris Hilton, Lil' Kim, and Beyoncé | Vogue

“တောသားမြို့တက် ဂျင်းဝမ်းဆက်” ဆိုတဲ့စကားကြီးကို ခေါင်းထဲကနေဖယ်ပြီး ဂျင်းကိုအပေါ်ရောအောက်ရောအပြည့်ဝတ်တဲ့ဖက်ရှင်တွေကို ပြန်လက်ခံဖို့အချိန်ရောက်လာပါပြီ။ ဂျင်းဝမ်းဆက်ဝတ်တာက တကယ်တမ်းဝတ်ကြည့်ရင် တော်တော်ကိုအထာကျပြီး ချပ်ချပ်ရပ်ရပ်နဲ့ကြည့်ကောင်းတာတော့အမှန်ပါပဲ။

Bandanas

Here's how to recreate Nicola Peltz's best looks

အဲ့ခေတ်မှာအရမ်းအရမ်းကို ခေတ်စားခဲ့တဲ့ fashion pieces တွေထဲမှာ Bandanas တွေကလည်းအရမ်းကို အရေးပါတဲ့နေရာတခုမှာ ရှိခဲ့ပါတယ်။ Bandanas ကို တြိဂံပုံစံခေါက်ပြီး ခေါင်းမှာပတ်တာက အထာလည်းကျသလို ဖက်ရှင် look တခုလုံးကိုလည်း ပိုပြီး မိမိုက်အောင်လုပ်ပေးနိုင်တယ်လေ။ သူ့ကို ခပ်သေးသေး နေကာမျက်မှန်နဲ့တွဲဝတ်ပြီး အမိုက်စား look တခုကိုဖန်တီးလို့ရပါတယ်။ 

Butterfly Hair Clips

2000s Teen Show Hairstyles That Take Me Back

၉၀ ခုနှစ်တွေကနေ အခုထက်ထိ အမြဲတမ်းလူကြိုက်များနေတဲ့ လိပ်ပြာပုံဆံပင်ညှပ်လေးတွေက Y2K style ဖန်တီးဖို့ဆို ချန်ထားလို့မရပြန်ပါဘူး။ အရမ်းလည်းချစ်စရာကောင်းသလို ဖက်ရှင် look ကို brighten up ဖြစ်စေတဲ့ လိပ်ပြာကလစ်လေးတွေ၊ ဆံညှပ်လေးတွေကိုလည်း အရင်ကဘယ်လိုတွေဝတ်ခဲ့လဲဆိုတာ တချက် inspired ယူပြီး ဖန်တီးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

အခုခေတ်စားနေပြီးသား fashion pieces တွေဖြစ်တဲ့ Baby Tees, Baguette Bag, Low-rise bottom, mesh top စတာတွေကိုတော့ အားလုံးလည်းသိပြီးလောက်ပြီမို့ ဒီ article ထဲမှာ ထည့်မရေးပေးထားတော့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် Y2K fashion တွေကို ပိုပိုမိုက်တဲ့၊ မတူတဲ့အမြင်တွေ၊ စိတ်ကူးတွေနဲ့ အမိုက်စားတွေ ဖန်တီးလိုက်ကြတာပေါ့… နော်။

fashionLifeStyleTrends
1
Facebook Twitter Google + Pinterest
Maeve

previous post
ကိုယ့်ရဲ့ အတွင်းထဲက အသံကို ကြားနိုင်ဖို့ အခြေခံလိုအပ်ချက် အချက် (၆) ချက်
next post
စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

Recommended

Emma Stone ရဲ့ အကောင်းဆုံး Red Carpet Fashion များ

February 23, 2024

2023 မှာ ဖောက်ကြည့်သင့်တဲ့ piercing တွေ

June 2, 2023

Spring 2024 Menswear မှာ Gender norm တွေကနေကွဲထွက်ပြီး ပြသခဲ့တဲ့...

July 6, 2023

လာမယ့် Halloween အတွက် Costume ideas များ

October 13, 2023

Celebrities တွေ အကိုင်အများဆုံး Designer Bag များ

August 31, 2023

Golden Globes 2024 ပွဲမှာ တွေ့ခဲ့ရတဲ့ အထင်ရှားဆုံး Jewelry များ

January 19, 2024

New York Fashion Week SS24 မှာတွေ့ခဲ့ရတဲ့ အမိုက်ဆုံး Beauty...

October 6, 2023

အရှိန်မပြယ်သေးတဲ့ 80s Fashion Trend များ

July 20, 2023

Trendsetter တွေမေ့ထားလို့မရတဲ့ ခေတ်စားလာမယ့် အိတ်ဒီဇိုင်းများ

June 7, 2023

Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

April 5, 2023

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem