ခေတ်ရေစီးကြောင်းပြောင်းလာသည်နှင့်အမျှလူတစ်ယောက်၏ အဆင့်အတန်းနှင့်အခြေအနေကို သင့်ရဲ့ ဝတ်စားပုံက ဆုံးဖြတ်ပေးသွားမှာပါ။ သင်က မည်သို့အနေထားဖြစ်နေပါစေ “တောင်းမှာအကွပ် လူမှာအဝတ်” ဆိုတဲ့ မြန်မာစကားပုံ အတိုင်း ဖက်ရှင်ရဲ့ အခန်းကဏ္ဍကတော့ ဒီဘက်ခေတ်မှာ အရေးကြီး စွာပါဝင်လာပါတယ်။ နေရာပတ်ဝန်းကျင်၊ ရာသီဥတုပေါ်မူတည်ပြီး သန့်ရှင်းသပ်ရပ်စွာ ဝတ်ဆင်တတ်ဖို့လည်း လိုအပ်ပါတယ်။
ဖက်ရှင်လို့ ဆိုလိုက်တာနဲ့ အဝတ်အစားတင်မဟုတ်ပဲ အဝတ်အစားတွေကို ပံ့ပိုးပြီး ပိုမို စတိုင်ကျကျော့ရှင်း အောင် ထောက်ပံ့သော accessories များလည်းလိုအပ်ပါတယ်။ ထမင်းကြီးသက်သက် စားလို့ မရသလိုမျိုး ဟင်း၏ပံ့ပိုးမှုဖြင့် လူတို့ရဲ့ ခံတွင်းအရသာကို တစ်မူထူးခြားစေပါတယ်။
နေ့စဉ်နဲ့ အမျှ ရုန်းကန် သွားလာရသော ယနေ့ခေတ်မှာ အမျိုးသမီးများ မရှိမဖြစ် သွားလေရာ တနေ့တာပစ္စည်းများထည့်သော လက်ကိုင်အိတ် များဟာ ဖက်ရှင် accessories တစ်ခုအဖြစ်တည်ရှိနေပါတယ်။ အိတ်လို့ ပြောလိုက်တာနဲ့ တစ်ချို့က ထည့်လို့ရရင်ပြီးရော၊ ပစ္စည်းဆံ့ဖို့ အရေးကြီးတယ်ဆိုတဲ့လူတွေလည်းရှိပါတယ်။ ကျွန်တော့် အမြင်အရဆိုရင်တော့ ထည့်လိုရရင်ပြီးရောဆိုပြီး ဘယ်သူမှ ဂုန်နီအိတ် မကိုင်သလို စီးတီမတ်အိတ်နဲ့ လည်း မင်္ဂလာဆောင်မသွားကြပါဘူး။ ဒီတော့ ကျွန်တော်အနေနဲ့ ဖက်ရှင် accessories ဖြစ်သော လက်ကိုင်အိတ် ရွေးချယ်တဲ့ နေရာမှာ High-End Brand ဖြစ်တဲ့ GUCCI, LV, HERMES တို့က အခုခေတ်စကားအရ ဒီဇိုင်းပိုင်းလန်ထွက်နေပေမယ့် ဈေးအနေအထားအရကလည်းလန်ထွက်နေပါတယ်။ Cross body Bags, Shoulder Bags, Clutches စသဖြင့် အိတ်မျိုးစုံထဲမှ ကိုယ်နဲ့ လိုက်ဖက်ပြီး အဆင်ပြေတဲ့ အိတ်လေးကို အခုကျွန်တော်ပြောမယ့် အချက် (၃) ချက်ကို အခြေခံပြီး ရွေးချယ်ကြရအောင်…
ပထမအချက်ကတော့ ပစ္စည်းဝင်ဆံ့နိုင်မှု ၊ ပေါ့ပါးမှုတို့ က အရေးကြီးဆုံးအချက်ဖြစ်ပါတယ်။ တစ်ချို့ သောအိတ် ဥပမာ FENDI Peekaboo လိုအိတ်တွေဟာ ခိုင်ခံ့တယ်။ ပစ္စည်းဝင်ဆံ့နိုင်တဲ့ အားရှိတယ်။ ဒါပေမယ့် အိတ်တစ်လုံးလုံးကို လည်သာနဲ့ ချုပ်ထားတော့ ပစ္စည်း သုံးလေးခုလောက်ထည့်လိုက်တယ်ဆိုရင် အိတ်ကလေးနေရော။ ပေါ့ပါးသွက်လက်တဲ့ Clutches လို LV Box ပုံစံ အိတ်တွေဟာဆိုရင်လည်း ပွဲတက်တဲ့ အချိန်တွေမှာ သင့်အတွက် အရမ်းလှပြီး စတိုင်ကျနေပေမယ့်လည်း တစ်ချို့ သောနေရာတွေမှာ သုံးစွဲလို့ အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် နေရာစုံသုံးလို့ ရမယ့် အိတ်တွေကို သင့်အနေနဲ့ ရွေးချယ်မယ်ဆိုရင်ဘယ်လိုမျိုးပုံစံက အဆင်ပြေမယ်ဆိုတာ စဉ်းစားကြည့်လိုက်ရအောင်။
ဥပမာ-ရုံးတက်လိုမျိုး ပစ္စည်းဝင်ဆံ့ပြီး၊ ပါတီသွား လို့ ရတဲ့ အိတ်မျိုးကို ဘယ်လိုမျိုး ရွေးချယ်မလဲ စဉ်းစားမိပါသလား။ YSL ရဲ့ Sac De Jour ပွဲတက်ရုံသာမက ကျောင်းသွား၊ ရုံးသွားနဲ့လည်း အရမ်းကိုလိုက်ဖက်တဲ့ အိတ်အမျိုးအစားပါ။ Nano, baby, small, large ဆိုပြီး ဆိုဒ်အမျိုးအစား လေးမျိုးထဲမှ ကိုယ်နဲ့ အဆင်ပြေတာကိုရွေးချယ်နိုင်ပါတယ်။
ကျွန်တော်ရဲ့ personal opinion အရ ဒုတိယအချက်အနေနဲ့ ဒီဇိုင်းပိုင်းကို ရွေးချယ်တဲ့ နေရာမှာ logo နည်းပြီး High-end product အဖြစ်ကြည့်လိုက်တာနဲ့  Iconic ဖြစ်တဲ့အိတ်မျိုးကို ပိုပြီးကြိုက်ပါတယ်။ တစ်ချို့ က brand ဝတ်တာလူသိဖို့ အရေးကြီးတယ်ဆိုပေမယ့် ဒီဇိုင်းကြိုက်လို့ ဝယ်တာထက် brand မို့လို့ logo ပါဖို့ အရေးကြီးတယ်ဆိုတာမျိုး မဖြစ်စေချင်ပါဘူး။ အိတ်ရဲ့  ဒီဇိုင်းကိုကြိုက်လို့ ဝယ်တာမျိုးကို ပိုပြီးတော့ အားပေးပါတယ် ။ ဥပမာဆိုရင်တော့ ၂၀၁၅ ခုနှစ်ကနေ ယနေ့အထိ GUCCI ရဲ့ creative director အဖြစ်တာဝန်ယူထားတဲ့ Alessandro Michele ရဲ့ ဖန်တီးဆန်းသစ်မှုများဟာ GUCCI Brand ကို အောင်မြင်စေရုံကသာမက ၂၀၁၆ ခုနှစ်ရဲ့ Brand of the year ကို တစ်နှစ်တာ တာဝန်ထမ်ဆောင်ခဲ့စဉ်အတွင်း ရရှိစေခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အတွေးအခေါ်အရဆိုရင် more is more make fashion ကအရေအတွက်များသူများအဖို့ အရေးမကြီးပေမယ့် နည်းပါသူတို့အတွက်ကတော့ တစ်ခါသုံးရုံဖြင့်မှတ်မိစေနိုင်ပါတယ်။ မိန်းကလေးတွေတင်မဟုတ်ပါဘူး။ ယောကျာ်းလေးဆိုလည်း ကြိမ်ဖန်များစွာသုံးသော ပစ္စည်းက လူမှတ်မိလွယ်စေပါတယ်။ အဓိကကတော့ ကျွန်တော်ရှေ့မှာ ပြောခဲ့သလိုပါပဲ နေ့စဉ်သုံးဖို့အတွက်ရော ပါတီသွားတဲ့အချိန်မှာရော သုံးဖို့ အဆင်ပြေစေမယ့် ပုံစံကိုတော့ ပိုပြီးတော့ ရွေးချယ်စေချင်ပါတယ်။
နောက်ဆုံးအချက်အနေနဲ့ကတော့ အရည်အသွေး နဲ့ ဈေးနှုန်းနဲ့ပါ။ High-end, luxury ဖြစ်တိုင်းတော့ quality ကောင်းတာမဟုတ်ပါဘူး။ ဒါပေမယ့် တော်တော်များများကတော့ ပေးရတဲ့ ဈေးနဲ့ တန်တဲ့ quality တော့ ရပါတယ်။ Handmade ပစ္စည်းတွေဖြစ်တာကြောင့် ဈေးအရတန်ဖိုးကြီးနိုင်ပါတယ်။ ဒါပေမယ့် တန်ဖိုးနဲ့ သင့်တင့်မျှတတဲ့ ပစ္စည်းတွေလည်းရှိပါတယ်။ GUCCI ရဲ့ အပြာရောင် ဂဏန်းအိတ်ဟာဆိုရင် ဒေါ်လာ ၃၄၀ဝ၀ တန်ဖိုးရှိပေမယ့် ဝယ်ယူဖို့အတွက်တော့ မသင့်တော်တဲ့ အိတ်တစ်ခုလို့ ပြောချင်ပါတယ်။ အဲဒီဈေးနှုန်းထက်လျော့ပြီး ပုံစံတူ၊ ဈေးနှုန်းသက်သာပြီး အရည်အသွေးကောင်းတဲ့ အိတ်မျိုးများစွာကိုလည်း Gucci မှာပဲရနိုင်ပါတယ်။
အဲဒီတော့ ပျိုမေတို့ အနေနဲ့ ကျွန်တော် ပြောပြတဲ့ အချက်တွေကို သတိပြုပြီး အကောင်းဆုံးဖြစ်မယ့် ကိုယ်နဲ့လိုက်ဖက်တဲ့ လက်ကိုင်အိတ်တွေကို စဉ်းစားပြီး ရွေးချယ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။အရေးကြီးဆုံးကတော့ ယုံကြည်မှုပါ။ ကိုယ်ကယုံကြည်မှု ရှိနေမယ်ဆိုရင်တော့ ဘယ်သွားသွား အကောင်းဆုံးစတိုင်ကို ရရှိနိုင်မှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် high-end brand တွေထဲက ကိုယ်နဲ့ လိုက်ဖက်တဲ့ ဒီဇိုင်းတွေကို ဝတ်ဆင်နိုင်ဖို့အတွက် ဒီအချက်လေးတွေက တထောင့်တနေရာကနေ အထောက်အကူဖြစ်နေမယ်ဆိုတာ အသေချာပါပဲ။ Less Logo, High quality, Unique Style နဲ့ Trend ကိုမလိုက်ဘဲ Iconic ဖြစ်တဲ့ ဖက်ရှင်မျိုးကို ရွေးချယ်နိုင်ပါစေလို့ အကြံပေးရင်း LUSH Magazine ရဲ့ Fashion perspective ကဏ္ဍကနေ တင်ဆက်ပေးလိုက်ပါတယ်နော်။ ဒါနဲ့ less logo နော် no logo လို့ မပြောပါဘူးခင်ဗျာ….
(English Version)
The way you dress will determine the way you will be addressed. Therefore, fashion is important in our daily lives. It is really important to be dressed according to the weather and the occasion. The term of fashion covers clothing, accessories, footwear, makeup or body.
In these days, most women use bags as an important, fashion accessory. Depending on the occasion or ceremony, the designs of bags are important also. Nobody uses grocery bags when they go to a wedding ceremony.
Most luxury brands such as Louis Vuitton, Gucci, etc. have nice designs but are very expensive. However, we can still obtain great quality bags at reasonable prices.
There are different types of bags: cross body bags, shoulder bags, clutches and so on. Now, let’s choose the best bag that is suitable to us based on these following 3 conditions.
First, we have to consider the weight of the bag and the numbers of items we want to put in the bag. For example, we can put many items into a Fendi Peekaboo bag. The problem is that the bag is made of leather. Therefore, the bag itself has weight and it will be heavier to carry if we put more items into it. A clutch, such as LV Box, is so popular that everyone wants to own one. Although, this bag cannot be used at every occasion.
Some bags are more versatile. For example, the YSL Sac de jour is a very versatile bag. The YSL can be worn for a party, school and at the office because it is a light weight bag that can carry your daily needs. There are 4 sizes; Nano, baby, small and large.
From my personal opinion, design of the bag is the second important aspect to choose. I like products with less logo, which are more often iconic high end products. Some people think that buying a brand is for show off. For me, I want everyone to buy based on design and not because of brand. For example, Gucci creative director Alessandro Michele made Gucci brand not only famous but also won brand of the year 2016. He also has made comments regarding fashion and the use of different bags and brands. For someone who cannot afford multiple bags, this consumer should choose a bag of high quality and design, despite the brand. It’s a good thing for a people who have lot of bags doesn’t matter what kind of bag it is but For a few people who has less shouldn’t use eye catching bag.
The last point of this article is price and quality. The price and quality of a bag is not determined by brand. Many high end brands also offer affordable quality. Bag can be expensive because most of them are handmade. For example you don’t have to buy $34000 Gucci blue crab bag, with lower price you can get the same design and same quality in Gucci.
The most important thing is that we have to use the handbags we choose with confidence. In my point of view, instead of choosing too much logo and trend, it is better to choose less logo, high quality and unique style that symbolize iconic fashion with reasonable price. By the way, “less logo” doesn’t mean “no logo”.
Words by Elvis Oo