ထူးအိမ်သင်။ ဒီနာမည်ကိုကြားလိုက်တာနဲ့တင် မြန်မာ့ဂီတလောကကို မသေဆုံးသော အနုပညာတွေနဲ့လွှမ်းမိုးထားနိုင်စွမ်းရှိသူတစ်ယောက်ဖြစ်တယ်ဆိုတာ ပြောပြဖို့ထပ်မလိုလောက်အောင်တိကျသေချာနေပါတယ်။ မြန်မာပြည်မှာတော့ သူလိုလူ အတုတစ်ယောက်တောင်မရှိနိုင်တော့ပါဘူး။ ထူးအိမ်သင်ဟာ မှော်ဝင်တဲ့ဂီတဖန်တီးမှုတွေကို ပြုလုပ်ထားခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ထူးအိမ်သင်ဟာ ၁၉၆၃ ခုနှစ်၊ ဇူလိုင်လ တစ်ရက်နေ့မှာ အဖဦးထွန်းမြင့်၊ အမိဒေါ်မြရင်တို့ရဲ့ သားဦးလေးအဖြစ် လူ့လောကကို ၀င်ရောက်လာခဲ့ပြီး ၂၀၀၄ ခုနှစ်၊ သြဂုတ်လ ၁၄ နေ့မှာတော့ လူ့လောကကနေ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။
When you heard of Htoo Eain Thin, it is certain that he was an artist who is still influencing Myanmar Music World with thriving songs. There will be no more another Htoo Eain Thin. He created much-enchanted music. Born on the 1st of July 1963 from U Tun Myint and Daw Mya Yin and had gone on the 14th of August 2004.
“ဘယ်သူတားတား ဘယ်သူပြောပြော သူ့ယုံကြည်ချက်နဲ့ ခိုင်ခိုင်မာမာနဲ့ သူလုပ်ကိုလုပ်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့သူလုပ်ကိုင်နေတာလေ၊ အဲဒါကိုတော့ သားဆိုးလို့မမြင်ဘူး သူ့ကို၊ သူကလည်း အမေ့ကိုထိရင် နည်းနည်းလေးမှမခံဘူး။ အမေကလည်း အမေ့သားကို ဆိုးတယ်ပြောရင် အရမ်းစိတ်ဆိုးတာပဲ။ မဆိုးဘူး အမေ့သားလူဆိုးမဟုတ်ဘူး”
“Whatever it takes, he grasped his belief and did what he believed. I didn’t see him as a bad son. He was irritated when I am hurt and I am furious when he was considered bad. Of course not, he was not a bad guy” said his mother Daw Mya Yin.
အမေဒေါ်မြရင်ရဲ့ ဒီစကားသံကိုကြားရတဲ့အခါမှာ ကျွန်တော်အလိုလိုမျက်ရည်ကျလာမိပါတယ်။ ချစ်ခြင်းတွေနဲ့ကြည်နူးခြင်းမျက်ရည်တွေဖြစ်ပါလိမ့်မယ်။ သူ့သားကိုသူ ဘယ်တော့မှ လူဆိုးလို့မသတ်မှတ်ခဲ့သလို၊ သူ့သားကို လူဆိုးလို့သတ်မှတ်ရင်လည်း အရမ်းစိတ်ဆိုးပါတယ်တဲ့။
အမေဒေါ်မြရင် ပြောသလိုပဲ ထူးအိမ်သင်ဟာ ယုံကြည်ရာကို တစ်စိုက်မတ်မတ်စွဲကိုင်လုပ်တတ်သူ။ သူယုံကြည်ရာကိုလည်း ဖြစ်မြောက်အောင်လုပ်ဆောင်နိုင်စွမ်းရှိသူ။
When I heard her saying that, I have shed some tears. Tears of compassion and pleasure I think. She never considered her son bad; also she got angry when her son was considered so.
As his mother Daw Mya Yin said, Htoo Eain Thin is the guy of his belief. He did exactly what he believed.
ပုသိမ်မြို့မှာမွေးတဲ့ မွန်လူမျိုးထူးအိမ်သင်။ ငယ်စဉ်က ဖြူဖွေးဝကစ်နေတာမို့ “ဘဲဥလေး”လို့ အိမ်ခေါ်နာမည်တွင်ခဲ့ပါတယ်။ ထူးအိမ်သင်ဟာ ငယ်ငယ်ကတည်းက ဂီတပါရမီ ရင့်သန်စွာ ပါလာသူတစ်ဦးဖြစ်ပါတယ်။ ငယ်နာမည်မှာ ကျော်မြင့်လွင်ဖြစ်ပါတယ်။ အသက် ၂ နှစ်ကျော် ၃ နှစ်သားအရွယ်လောက်ကတည်းက အဲဒီအချိန်က မြန်မာပြည်ရဲ့ဒိတ်ဒိတ်ကြဲတေးသံရှင် သန်းထွန်းလေးရဲ့ သီချင်းအချို့ကို အလွတ်သီဆိုနေနိုင်ပါပြီ။ ထူးအိမ်သင်ဟာ ငယ်စဉ်က ဇာတ်ပွဲကိုလည်း အင်မတန်ကြိုက်နှစ်သက်တတ်သူတစ်ယောက်ဖြစ်ပြီးတော့ ဇာတ်သဘင်ရဲ့ နောက်ဆုံး မိုးလင်းအာရုဏ်တက်ချိန်အထိ နှစ်ပါးသွား၊ နောက်ပိုင်းဇာတ်ထုပ်ကြီးတွေကို မငိုက်တမ်းထိုင်ကြည့်လေ့ရှိပါတယ်။ ကြည့်တဲ့အခါမှာလည်း ရှေ့ဆုံးကကြည့်ရမှ၊ ဆိုင်းဝိုင်းနားက ကြည့်ရမှ ကျေနပ်သူတစ်ဦးလည်းဖြစ်ပါတယ်။ ဇာတ်ပွဲကပြန်တာနဲ့ အပြန်လမ်းမှာ ကြည့်ခဲ့ရတဲ့ နောက်ပိုင်းဇာတ်ထုပ်ရဲ့ ဇာတ်စကား၊ ဇာတ်အပြော လေယူလေသိမ်းတွေကို ပြန်လည်ပြောနိုင်သူတစ်ယောက်ဖြစ်တယ်လို့လည်း မှတ်သားရပါတယ်။
He was a Mon nationality born in Pathein. His nickname was “Eggy” as he was plump with a fair complexion like a duck egg. He was so talented in music. His childhood name was Kyaw Myint Lwin. Starting from the age of 2 or 3, he could sing many songs of Than Tun Lay, a famous singer of that time. He was an avid fan for Myanmar Plays and he used to watch them all night long. When choosing his seat, he always chose the place near Drum Circles or in the front. On the way back from the concert, he could ditto the speech of the plays with the actor’s accent.
ထူးအိမ်သင်လျှောက်ခဲ့ရာလမ်းဟာ ချောမွေ့တဲ့လမ်းခရီးတစ်ခုတော့မဟုတ်ခဲ့ပါဘူး။ ဂီတသမားတစ်ယောက်ရဲ့အိပ်မက်ကို လမ်းပြောင်းလမ်းလွှဲဖြစ်သွားစေနိုင်တဲ့ အခြင်းအရာတွေ၊ အတားအဆီးတွေများစွာရှိနေခဲ့ပါတယ်။ ဒါပေမယ့် သူကတော့ သူ့ဝါသနာ သူ့ဗီဇကို မစွန့်လွှတ်ဘဲ ရဲရဲဆက်လက်ချီတက်ခဲ့လို့သာ ထူးအိမ်သင်ဖြစ်ခဲ့တာပါ။ မြန်မာလူမျိုးမိဘနဲ့သားသမီးကြားမှာ ဖြစ်လေ့ဖြစ်ထရှိဆဲသော ပြဿနာတစ်ရပ်ဖြစ်တဲ့ ကျောင်းသားအရွယ်မှာ ဂစ်တာမတီးစေချင်တာ၊ ၀တ္ထုတွေမဖတ်စေချင်တာဖြစ်ပါတယ်။ ထူးအိမ်သင်ရဲ့ဖခင်ဖြစ်သူက တကယ်တမ်းမှာ အနုပညာကို ၀ါသနာပါသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ဖခင်တစ်ယောက်ရဲ့ရင်ထဲမှာ မရေရာမသေချာမှုတွေများစွာနဲ့ သားဖြစ်သူဟာ ခရီးဆုံးထိမရောက်နိုင်ဘဲ လမ်းတစ်ဝက်နဲ့ရပ်တန့်သွားမှာကို စိုးရိမ်နေခဲ့ပုံရပါတယ်။ ဒါကြောင့်လည်း ပညာခရီးလမ်းကိုပြည့်စုံစွာမလျှောက်လှမ်းနိုင်ခင်မှာ ဂီတာတီးခြင်းကို တားမြစ်ခဲ့ပါတယ်။ ပြောရမယ်ဆိုရင် အဲဒီကာလဟာ ကျောင်းသားတစ်ယောက်အတွက်တော့ အရေးကြီးတဲ့ကာလဖြစ်တဲ့ ကိုးတန်းအပြီး ဆယ်တန်းအတက်ဖြစ်ပါတယ်။ ငယ်ငယ်တုန်းကတော့ ထူးအိမ်သင်ရဲ့ မိဘတွေက ကျောင်းဘင်ခရာဝိုင်းတွေမှာ သဘောတူညီစွာနဲ့ ပါဝင်ခွင့်ပြုခဲ့တာပါ။ သူ့ဖခင်ရဲ့ စိုးရိမ်ပူပန်မှုကို ထူးအိမ်သင်ကလည်း ကောင်းကောင်းနားလည်သဘောပေါက်ခဲ့တယ်လို့ဆိုပါတယ်။ ဖခင်ဖြစ်သူ အိမ်မှာမရှိတဲ့အချိန်တွေဆိုရင်တော့ ဂစ်တာကိုကိုင်နေခဲ့ပါတယ်။ ဆရာနိုင်ဇော်စာအုပ်ဖတ်ရင်း ကြည်နူးစရာထူးဆန်းစွာတွေ့ခဲ့ရတာက မိခင်ဖြစ်သူကို ထူးအိမ်သင်က “အမေသီချင်းလေးဘာလေးမဆိုတတ်ဘူးလား၊ သားက ဂစ်တာတီးပေးချင်တာ” လို့ပြောတဲ့အခါ Local Talent အစီအစဉ်ကလာနေကျဖြစ်တဲ့ London Bridge နဲ့ River of No Return သီချင်းတွေကို မိခင်ဖြစ်တဲ့ ဒေါ်မြရင် ကဆိုပြခဲ့ပြီး ထူးအိမ်သင်က ဂစ်တာတီးပေးခဲ့တယ်လို့ ကြည်နူးစရာ မှတ်သားခဲ့ရပါတယ်။
The path he took was not an easy one. There are various barriers, which can deviate the dreams of a musician. However, he never gave up his hobbies and moved on, which made him Htoo Eain Thin.
There are some common problems between parents and children in Myanmar culture. Parents don’t want children to play guitar or don’t want them to read romantic novels. Actually, his father was very much into the arts. But, as a father, he didn’t want his son to follow the uncertain path and stop on the midway. So, his father forbade his hobby of playing guitar before he had finished his education. The time was when Htoo had passed his ninth standard and started his matrix standard, which is very important for a student. When he was young, his parents allowed him to join the school’s drum and fife band. Htoo understood his father’s worries. When his father was not home, he played guitar. A strange thing was when I read Sayar Naing Zaw’s book. Htoo asked his mother if she could sing, and he wanted to play guitar. Then his mother sang London Bridge and River of No Return, which normally came up from Local Talent program while Htoo played guitar.
ထူးအိမ်သင်ဟာ ဖခင်ရှိနေစဉ် အိမ်တွင်းမှာသာ ဂစ်တာတီးခွင့်ပိတ်ပင်ခံထားရပေမယ့် သူငယ်ချင်းအိမ်တွေမှာ သွားပြီး လက်သွေးနေခဲ့တာပါ။ အဲဒီအချိန်တုန်းက ပုသိမ်မြို့မှာ စနေနေ့ညတိုင်း ပုသိမ်ပန်းခြံမှာ စင်တင်ဂီတပွဲလေးတွေရှိပါတယ်။ အဲဒီမှာ ပုသိမ်မြို့ရဲ့အကောင်းဆုံး ဂီတအဖွဲ့တစ်ခုလို့ဆိုနိုင်တဲ့ “ငုဝါ”တေးဂီတအဖွဲ့မှာ ထူးအိမ်သင်ပါဝင်တီးခတ်သီဆိုခွင့်ရခဲ့ပါတယ်။ အဲဒီမှာလည်း မိဘနဲ့သားသမီးကြားက ချစ်ခြင်းမေတ္တာနဲ့ဆက်သွယ်မှုတို့ကို ကြည်နူးစရာအတိုင်းသားတွေ့မြင်ခဲ့ရပါတယ်။ ထူးအိမ်သင် ဖြစ်လာမယ့် ကျော်မြင့်လွင်လေးဟာ အဆိုကောင်းတဲ့သူတစ်ယောက်အဖြစ် ပုသိမ်မြို့မှာ နာမည်ထွက်နေပါပြီ။ ဒါက ဖခင်ဖြစ်သူ ဦးထွန်းမြင့်ကလည်း သိထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ပုသိမ်ပန်းခြံမှာရှိတဲ့ စနေနေ့ည စင်တင်ဂီတပွဲကို ဦးထွန်းမြင့်တစ်ယောက် သားဖြစ်သူမသိအောင် ခိုးဝှက်စွာနဲ့သွားရောက်ကြည့်ရှုခဲ့ရပါတယ်။ ဂစ်တာမတီးဖို့ တားမြစ်ထားတဲ့ သူ့ရဲ့စကားကလည်း ရှိနေသေးတော့ နောက်ကွယ်ကနေ သားဖြစ်သူရဲ့အခြေအနေကို အကဲလည်းခတ်ရင်းသွားရောက်အားပေးခဲ့တာပါ။
Although Htoo’s hobby of playing guitar was forbidden at home, he practiced his guitar skills at his places. At that time, there are mini music concerts at Pathein Park on Saturdays. Htoo was allowed to play in a best local band called “Ngu Wah”. There was a pleasing love between parents and children. Kyaw Myint Lwin, once will be Htoo Eain Thin, was famous for his voice and singing. His father U Tun Myint also heard about that. Therefore, his father went to watch Htoo’s playing on a Saturday at Pathein Park, without letting his son knew since he ordered Htoo not to touch the guitar. His father checked to support Htoo Eain Thin.
ထူးအိမ်သင်ရဲ့ဖြတ်သန်းမှုမှာ ထူးအိမ်သင်ဖြစ်ချင်ပြီဆိုတာနဲ့ ထူးအိမ်သင်ဖြစ်သွားခဲ့တာမဟုတ်ဘူးဆိုတာပါပဲ။
ထူးအိမ်သင်ဟာ သီချင်းစာသားတွေးခေါ်စဉ်းစားမှုမှာလည်း သူမတူပြောင်မြောက်သူတစ်ဦးဖြစ်ပါတယ်။ ဒါကတော့ သူကိုယ်တိုင်ကိုက စာဖတ်နာတဲ့အကျိုးကျေးဇူးကြောင့်ပဲလို့ ပြောပြဖူးပါတယ်။ ထူးအိမ်သင်ဟာ ကော်ပီသီချင်းတွေလည်း များစွာရေးသားခဲ့သလို၊ ကိုယ်ပိုင်သံစဉ်တွေလည်းများစွာဖန်တီးခဲ့ပါတယ်။ ထူးအိမ်သင်ရဲ့ Masterpiece လို့ အပြည့်အ၀ သတ်မှတ်နိုင်တဲ့ သီချင်းတစ်ပုဒ်က “ဝေးသွားတဲ့အခါ” ဖြစ်ပါတယ်။ ဒီသီချင်းကို အသက် ၁၉ နှစ်သားအရွယ်မှာကတည်းက ကိုယ်ပိုင်သံစဉ်ရေးသားခဲ့တာပါတယ်။ သီချင်းဖွဲ့စည်းပုံနဲ့ သံစဉ်စာသားတွေဟာ ဂီတမြတ်နိုးသူတွေအဖို့ မချီးကျူးဘဲ မနေနိုင်လောက်စရာသီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ နောက်တစ်ပုဒ်ကတော့ “ရာဇ၀င်များရဲ့သတို့သမီး” ဖြစ်ပါတယ်။
Htoo had to go through many difficult times.
Htoo was very brilliant in creating song lyrics in accordance with his interest in reading. He composed of not only many copied songs and also own tuned songs. His total masterpiece was “Once we get apart” (Way Thwar Tet A Khar) which he composed at the age of 19. The structure of the song, tunes and lyrics were so vivid that song lovers couldn’t help praising. Another famous one is “The bride of history” (Yar Za Win Myar Yet Tha Doet Tha Mee).
ထူးအိမ်သင်ဟာ ၁၉၉၅ မှာ မိသွယ်(ခေါ်) သွယ်သွယ်ထွေးနဲ့အိမ်ထောင်ပြုခဲ့ပြီး။ ၁၉၉၆ ခုနှစ်မှာ သမီးလေး မိကွန်ထောကို မွေးဖွားခဲ့ပါတယ်။
ထူးအိမ်သင်ဟာ ငွေကြေးဂုဏ်ပကာသနအတွက် သီချင်းရေးသားသီဆိုခြင်းမရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ Stage နဲ့ပတ်သက်ပြီးတော့လည်း သူမဆိုချင်ရင် ပိုက်ဆံပေးတိုင်းလိုက်လေ့ရှိသူတစ်ယောက်မဟုတ်သလို သူဆိုချင်ရင် အလကားလည်း လိုက်ဆိုတတ်သူ အနုပညာသမားမာနအပြည့်ရှိသူတစ်ယောက်ဖြစ်ပါတယ်။
ထူးအိမ်သင်ဟာ အသက်ရှိနေစဉ်ကာလတစ်လျှောက်လုံး သီချင်းပုဒ်ရေ ၂၀၀ ကျော် ရေးသားသွားခဲ့ပြီး ကိုယ်ပိုင်သီချင်းခွေ စုစုပေါင်း (၁၄) ခွေထွက်ရှိခဲ့ပါတယ်။
He had married to Mi Thwe (or) Thwe Thwe Htwe in 1995 and bore a daughter named Mi Kon Htaw in 1996.
Htoo didn’t make his arts for money and ostentation. He never accepted the shows those he didn’t want to no matter how much money he had paid. However, if he fancied, he could sing for free. Thus he can be considered as a real artist.
While he lived, Htoo composed over 200 songs and released 14 albums.
words by Lin Takhon
english translated by Oakkar Thin