LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LUSH DAILY

သင်္ကြန်မှာကဲမယ်ဆို သိထားရမယ့် Fashion Tip များ

written by SuYiHtet April 8, 2019
သင်္ကြန်မှာကဲမယ်ဆို သိထားရမယ့် Fashion Tip များ

မြန်မာတို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ သင်္ကြန်ပွဲတော်ကြီးကို ရောက်ဖို့ အချိန်သိပ်မလိုတော့ဘူးဆိုတော့ သင်္ကြန်ဖက်ရှင်အတွက် အခုတည်းက ခေါင်းစားနေကြပြီလို့ ထင်ပါတယ်။ သင်္ကြန်ပွဲဟာ လူငယ်တွေ အပီအပြင်ကဲလို့ရတဲ့ပွဲတစ်ပွဲဖြစ်သလို နွေရာသီ ပူပူထဲ ကျင်းပတဲ့ ပွဲတစ်ပွဲဖြစ်တဲ့အတွက် ဖက်ရှင်လည်းကျ၊ အသားလည်းမမဲဖို့နဲ့ တစ်နေကုန်နေပူထဲမှာ သက်တောင့်သက်သာရှိဖို့တွေကိုပါ ပြင်ဆင်ကာမှ အဆင်ပြေတဲ့ ပွဲလည်း ဖြစ်ပါတယ်။နွေပူပူ၊ ရေစိုစိုမှာ ကဲကြမှာဆိုတော့ အ၀တ်အစားဖက်ရှင်က ကိုယ့်အတွက် လုံးဝ အဆင်ပြေဖို့ လိုတာပေါ့။ ဒီအတွက် မဖြစ်မနေ သိထားရမယ့် Fashion Tip လေးတွေတော့ ရှိနေပါတယ်။

၁- ကြိုတင်စီစဉ်ပါ။
ကိုယ်က ဘယ်လို ဖက်ရှင်မျိုးဝတ်မှာလဲ၊ ဘယ်နေ့မှာ ဘာဝတ်မှာလဲဆိုတာကို တတ်နိုင်သမျှ စောနိုင်သမျှ စောစော စီစဉ်ထားပါ။ အနားနီးမှာ အ၀တ်အစားရှာရ ၊ ၀ယ်ရတာက ကိုယ့်ကို ပိုပင်ပန်းစေသလို လိုချင်တာမရတာမျိုးလည်း ဖြစ်တတ်လို့ သင်္ကြန်အတွက် အ၀တ်အစားတွေကို ကြိုတင်ရွေးချယ်စီစဉ်ပါ။

၂-  သင့်တော်တဲ့ အ၀တ်အစားကို ၀တ်ပါ။
တစ်နေကုန်ရေတွေကြားမှာ နေရမှာဖြစ်တဲ့အတွက် ရာသီဥတုနဲ့ ကိုက်ညီမယ့်အ၀တ်အစားကို ရွေးချယ်ဖို့လည်း လိုအပ်ပါတယ်။ အထူးသဖြင့် အ၀တ်အစားတွေက ရေစုပ်မြန်၊ခြောက်လွယ်ပြီး အပူဒဏ်ကို ကာကွယ်နိုင်မယ့် အ၀တ်အစားတွေဖြစ်ဖို့ ပိုလိုအပ်ပါတယ်။ လက်ရှည်ကို ဦးစားပေးဝတ်သင့်ပြီးတော့ ရေမြန်မြန်ခြောက်လွယ်တဲ့ ၀တ်စုံလေးတွေ ဦးစားပေးဝတ်ကြည့်ပါ။

၃- မျက်မှန်က မပါမဖြစ်ပါ။
နေရောင်ခြည်အောက်သွားမှာဖြစ်တဲ့အပြင် ရေပက်တဲ့အချိန် မျက်လုံးထဲ ၀င်မှာစိုးရတဲ့အတွက် မျက်မှန်ကိုလည်း မဖြစ်မနေ
ယူသွားသင့်ပါတယ်။ ဒီနှစ်ပိုင်းတွေမှာဆို အရောင်ပါတဲ့မျက်မှန်လေးတွေက ခေတ်စားသလို ဆိုဒ်ကြီးကြီးမျက်မှန်တွေ၊ Cat Eye စတိုင်လ်မျက်မှန်တွေလည်း ရေစီးကြောင်းမှာရှိတာမို့ ကိုယ်နဲ့ လိုက်ဖက်တာ၊နှစ်သက်တာကို ရွေးချယ်တပ်ဆင်လို့ရပါတယ်။

၎- ရေစိုခံအိတ်ဆောင်ပါ။
ရိုးရိုးလွယ်အိတ်တွေက ဒီနေရာမှာ အလုပ်မဖြစ်ပါဘူး။ ကိုယ့်ရဲ့ဖုန်း၊ ပိုက်ဆံနဲ့ အလှပြင်ပစ္စည်းတစ်ချို့ကတော့ မရှိမဖြစ်ကို ကိုယ်နဲ့ တစ်ပါတည်း ယူသွားရမှာဖြစ်တဲ့အတွက် ရေစိုခံအိတ်လေးသုံးပြီး သယ်သွားတာ အဆင်ပြေပါတယ်။ အကြည်ရောင် Transparent Bag တွေက အခုဆိုရင် ဈေးကွက်ထဲမှာ တော်တော်များများ ရှိနေပြီဖြစ်သလို Crossbody Bag ၊ Belt Bag စသည်ဖြင့် ပုံစံအမျိုးမျိုးလည်း ရှိလို့ ဖက်ရှင်ကျကျ လွယ်လို့ရနေပါပြီ။

၅- ဖိနပ်ကိုဦးစားပေးဖို့လည်းမမေ့ပါနဲ့။
ဒီနေရာမှာ ဆိုလိုတာက ဖိနပ်ကို အကောင်းစား သိန်းကျော်တန်ကြီးစီးပြီး ရှိုးထုတ်ဖို့ မဟုတ်ပါဘူး။ တစ်နေကုန် မတ်တပ်ရပ်နေမှာ၊
သွားရလာရတာ ပိုများမှာ ဖြစ်တဲ့အတွက် ခြေထောက်ကို ၀န်မပိစေမယ့် ဖိနပ်ပုံစံမျိုးကို ရွေးချယ်ဖို့သာ ဖြစ်ပါတယ်။ အရမ်းမြင့်လွန်းတဲ့ ဒေါက်တွေက ခြေထောက်အတွက် သက်တောင့်သက်သာ ဖြစ်စေမှာမဟုတ်သလို ပါးလွန်းတဲ့ ခြေညှပ်ဖိနပ်တွေကျတော့
လည်း ခြေထောက်ညစ်ပေလွယ်စေပါတယ်။ လမ်းလျှောက်လို့ကောင်းမယ့်ဖိနပ်မျိုး၊ ခုန်လို့ကလို့ကောင်းမယ့်ဖိနပ်မျိုးကို ဦးစားပေး စီးပါ။ နဂိုစီးနေကျ ဖိနပ်ထဲက ရွေးစီးတာကတော့ ခြေထောက်နာတာတို့ ၊ ဖိနပ်ပေါက်တာတို့ ဖြစ်လေ့ဖြစ်ထ မရှိတတ်လို့ အကောင်းဆုံးပါပဲ။

၆- Accessories တွေရဲ့ အကူအညီယူပါ။
Accessories တွေဆိုတာ အပေါ်မှာပြောခဲ့သလို မျက်မှန်လည်းပါသလို ဦးထုပ်တို့၊ Mask တို့လည်း ပါပါတယ်။ သူတို့တွေက နွေရဲ့အပူကို ကာကွယ်ပေးနိုင်ပြီးတော့ ဖက်ရှင်လည်း ကျစေတယ်လေ။ဦးထုပ်လေးဆောင်းလိုက်တော့ ခေါင်းကို နေတိုက်ရိုက်မထိတော့သလို ဖက်ရှင်လည်းပိုကျသွားပေါ့။ Mask ကတော့ မိတ်ကပ်မပျက်ချင်တဲ့သူတို့၊ မျက်နှာနေလောင်မှာကြောက်တဲ့သူတွေ မဖြစ်မနေ သုံးကို သုံးသင့်ပါတယ်။

၇- Accessories တွေကို လိုတာထက်ပိုမ၀တ်ပါနဲ့။
တစ်ခါတလေမှာ တစ်ချို့တွေက ပုံမှန်နေ့တွေလိုမျိုးပဲ  Accessories တွေ၊ Jewelry တွေကို သင်္ကြန်တွင်းမှာ ၀တ်လေ့ရှိပါတယ်။ ဒီအချက်က ကိုယ့်ရဲ့ Jewerly တွေကို ကျပျောက်တာတို့၊ Accessories တွေကို အရောင်လွင့်စေတာတို့ ဖြစ်စေသလို လိုတာထက် ပိုဝတ်ရင် မျက်စိရှုပ်စေတာ အမှန်ပါ။ ဖြစ်နိုင်ရင် Fancy Accessories တွေကို မ၀တ်တာ အကောင်းဆုံးပါပဲ။

Editor:Su Yi Htet

LUSH April 2019LUSH DAILYlush fashion
1
Facebook Twitter Google + Pinterest
SuYiHtet

previous post
THANAKHAR CHARM
next post
The Beatles သီချင်းတွေနဲ့ ဇာတ်လမ်းတည်ထားတဲ့ Yesterday ရုပ်ရှင်

Recommended

Balenciaga ရဲ့  New Face ဖြစ်လာတဲ့ Cardi B

September 4, 2020

Hold your horses it’s not Halloween!

June 18, 2020

L’Oreal Paris Red Carpet (၆) နှစ်ပြည့်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး

July 8, 2019

Lego to release build-your-own Lamborghini Kit

June 7, 2020

Justin Bieber ရဲ့ ဒေါ်လာ ၅သိန်းတန်ဖိုးရှိတဲ့ စေ့စပ်လက်စွပ်အကြောင်း

July 21, 2018

Oscars 2020 Red Carpet Fashion

February 10, 2020

မလေးရှားမှာ ပြုလုပ်ခဲ့တဲ့ Tag Heuer Event ကို တက်ရောက်ခဲ့တဲ့ Bella...

November 28, 2018

တစ်ယောက်တည်းနေပျော်အောင် ဘယ်လိုနေကြမလဲ။

February 28, 2019

Professional Drivers Move to Virtual Tracks

June 12, 2020

ဒီနွေရာသီအပြင် မိုးရာသီနဲ့ပါ လိုက်ဖက်မယ့် လက်သည်းနီအရောင်များ

May 19, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem