ကျွန်တော်တို့သိတဲ့ Ellen သူမရဲ့နာမည်အပြည့်အစုံက Ellen DeGeneres ပါ။ Ellen ကို LUSHer တို့ကောင်းကောင်းရင်းနီးကြလိမ့်မယ်ထင်ပါတယ်။ ကျယ်ပြန့်လာတဲ့ လူမှုကွန်ရက်တွေရဲ့ ကျေးဇူးတွေနဲ့အတူ Ellen ရဲ့ အစီအစဉ်တင်ဆက်မှုတွေကို ရင်းနီးစွာတွေ့မြင်ရပါတယ်။ အထူးသဖြင့်တော့ သူမရဲ့ ကိုယ်ပိုင် ရုပ်သံပရိုဂရမ်တစ်ခုဖြစ်တဲ့ The Ellen Show ကနေတစ်ဆင့်ပေါ့။ Ellen ကို ဇန်န၀ါရီလ ၂၆ ရက်၊ ၁၉၅၈ ခုနှစ် မှာမွေးဖွားခဲ့ပါတယ်။ မွေးဖွားရာဒေသကတော့ Metairie, Louisiana, USA ပါ။ အခုဆို သူမရဲ့အသက်က ၆၁ နှစ်ကျော်ခဲ့ပြီပေါ့။ ဒါပေမယ့် ၆၁ နှစ်လို့မထင်ရလောက်အောင် အသက်ကြီးလေ နုပျိုလာလေ ဖြစ်နေသူတစ်ဦးလို့ဆိုရမယ်ထင်ပါတယ်။ Ellen ဟာ comedian, television host, သရုပ်ဆောင်, စာရေးဆရာမ နဲ့ producer တစ်ယောက်လည်းဖြစ်ပါတယ်။
Ellen, also known as Ellen DeGeneres is well known by her talk show “The Ellen DeGeneres Show”. Ellen is born on January 26, 1958, in Metairie, Louisiana, the United States of America. She is now at the age of 61 years old but doesn’t look like she is 61, always looking young and fresh as she grows older. She is an American, comedian, television host, actress, writer, and producer.
လူတွေအများစုက အောင်မြင်လာတဲ့ Ellen ကိုပဲသိကြပါတယ်။ ကြံ့ကြံ့ခံပြီးဖြတ်သန်းလာတဲ့ သူမရဲ့ဘ၀ကို သိပ်မမြင်ခဲ့ကြပါဘူး။ သူမဟာ အသက် ၂၀ ကျော်လောက်ကတည်းက ကော်ဖီဆိုင်တစ်ခုမှာ ဟာသပြောသူတစ်ယောက်အဖြစ် စတင်ခဲ့သလို၊ အဲဒီမတိုင်ခင်ကာလမှာ စားပွဲထိုး၊ ဆေးသုတ်သမား၊ ဖုန်စုပ်စက်ရောင်းသူ၊ အတွင်းရေးမှူးစသဖြင့် အလုပ်တွေ စုံနေအောင်လုပ်ကိုင်ခဲ့ဖူးသူတစ်ယောက်လည်းဖြစ်ပါတယ်။
Most of the people only see how successful she is, but she has struggled a lot in her life to become today Ellen. She started to flesh out a comedy routine at local coffeehouses from the age of twenty. Before that, she worked as a bartender, secretary, house painter, and a series of jobs that didn’t suit her personality.
Ellen ရဲ့ ငယ်ဘ၀ အိပ်မက်ကတော့ ထူးချွန်တဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ယောက်ဖြစ်ဖို့ပါ။ ဒါပေမယ့် Ellen က ပညာရေးပိုင်းမှာ သိပ်ထူးချွန်တဲ့သူမဟုတ်ခဲ့တာကြောင့် အဲဒီရည်မှန်းချက်က လက်လျှော့ခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ စစ်မှန်တဲ့ဘ၀စတင်မှုကိုတော့ Comedian တစ်ယောက်အဖြစ်နဲ့စတင်ခဲ့တာဖြစ်ပါတယ်။
Her dream job was to be a professional vet but she is not so keen in educational life, she gave up her dream of being a vet. Nevertheless, she started her life as a standing comedian.
The Ellen DeGeneres Show ကို ၂၀၀၃ ခုနှစ်မှာ စတင်ခဲ့ပြီး ကမ္ဘာကျော်ပရိုဂရမ်တစ်ခုလည်းဖြစ်လာခဲ့ပါတယ်။ Ellen ဟာ သူမရဲ့ Show နဲ့ ပရဟိတလုပ်ငန်းတွေကို ချိတ်ဆက်လုပ်ဆောင်နေသူတစ်ဦးဖြစ်ပြီး အမှန်တကယ် အကူအညီလိုအပ်တဲ့နေရာတွေကို အထောက်အပံ့များစွာပေးနေနိုင်ပါတယ်။ ဒီလိုကြောင့်လည်း အမေရိကန်လူထုရဲ့ ချစ်ခင်အားပေးမှုများစွာရရှိပြီး သူမကို စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ်သတ်မှတ်ကြသူတွေလည်း တိုးလို့နေပါတယ်။ ပြည်သူလူထုအတွက် သူမတင်ဆက်တဲ့ ပရိုဂရမ်တွေက ပြည်သူလူထုအတွက် သက်တောင့်သက်သာဖြစ်စေပြီး စိတ်သက်သာရာရစေမှုဖြစ်နေတာကြောင့်လည်း Ellen Show ရဲ့ အမာခံပရိသတ်အင်အားတောင့်တင်း လာပါတယ်။ Ellen ဟာ သူမရဲ့ အသစ်ရှာဖွေတွေ့ရှိထားတဲ့ ရည်ရွယ်ချက်နဲ့အတူ လောကကြီးကို ပိုကောင်းတဲ့နေရာတစ်ခုအဖြစ်နဲ့ အကြင်နာတရားတွေနဲ့ ဖန်တီးသူတစ်ယောက်ဖြစ်တယ်လို့ မှတ်ချက်ချကြပါတယ်။
In 2003, Ellen launched a daytime television talk show, The Ellen DeGeneres Show and become world famous program. Ellen makes this show not only as a talk show but also she gives away free prizes and trips to be in her show’s studio audience with the help of her sponsors. Thus, she becomes well known among the public and is regarded as an idol for them. The programs that she made for the public is fun and stress-relieving, there are many more fans supporting her show. They even said that Ellen is creating a better place with love and kindness guiding to them according to her new objectives.
၁၉၉၇ ခုနှစ်တုန်းက သူမဟာ The Oprah Winfrey Show ကနေတစ်ဆင့် Lesbian တစ်ယောက်ဖြစ်ကြောင်းကို ထုတ်ဖော်ခဲ့ပြီး အဲဒီနောက်ပိုင်း ကာလအနည်းငယ်အထိ သူမအတွက် အတိုက်အခိုက်တွေနဲ့လည်း ရင်ဆိုင်ခဲ့ရပြီး အနေရခက်ခဲစေတဲ့ကာလတွေဖြစ်ခဲ့တယ်လို့လည်း Ellen က ထုတ်ဖော်ပြောပြခဲ့ပါတယ်။ ဒါပေမယ့် သူမကို အားကိုးတဲ့သူ၊ သူမကို စံပြတဲ့သူတွေများပြားလာခဲ့ပြီး LGBT တွေရဲ့ တကယ့် idol တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ LGBT အရေးတွေမှာ အခြားသော Celebrity တွေထက်ပိုပြီး Influence ဖြစ်စေခဲ့ပါတယ်။
In 1997, Ellen came out as a lesbian on The Oprah Winfrey Show. After revealing, she went through a difficult period, both professionally and personally. No matter whether she is a lesbian or a girl, there were many people supporting her and became an idol and influential among LGBT people than other celebrities.
ကယ်လီဖိုးနီးယားတရားရုံးကနေ လိင်တူလက်ထပ်ခြင်းကို တရားဝင်ခွင့်ပြုလိုက်ပြီးတဲ့နောက် ၂၀၀၈ ခုနှစ် သြဂတ်စ်လ ၁၆ ရက်နေ့မှာ သူမရဲ့ချစ်သူဖြစ်သူ မင်းသမီး Portia de Rossi နဲ့ တရားဝင်လက်ထပ်ခဲ့ပါတယ်။ သူမတို့ရဲ့ လက်ထပ်မင်္ဂလာပွဲကိုတော့ “one of Hollywood’s most iconic and lovable power couples” အဖြစ်မှတ်ချက်ရစေခဲ့ပါတယ်။ Ellen ရဲ့ Relationship နဲ့ပတ်သက်ပြီးပြောရရင် Rossi နဲ့မတွဲခင် မင်းသမီး Anne Heche နဲ့နှစ်ရှည်လများတွဲခဲ့ကြပြီး၊ Los Angeles မှာ အိမ်ဝယ်ပြီး လက်ထပ်ကြဖို့အထိ ရည်ရွယ်ခဲ့ကြပါတယ်။ ဒါပေမယ့် မထင်မှတ်စွာပဲ ၂၀၀၀ ခုနှစ်မှာ လမ်းခွဲခဲ့ကြပါတယ်။
After the overturn of the same-sex marriage ban in California, Ellen and her girlfriend Portia de Rossi were married on 16 August 2008. Their marriage was remarked as one of Hollywood’s iconic and lovable power couples. Before getting married to Rossi, Ellen started a romantic relationship with actress Anne Heche, thinking of married life with her and bought a house in Los Angeles but it only lasted until 2000.
Ellen ဟာ ဟာသပညာရှင်၊ သရုပ်ဆောင်၊ ထုတ်လုပ်သူ၊ စာရေးဆရာ စတဲ့နယ်ပယ်တွေမှာ ဘက်စုံတော်သူတစ်ယောက်ဖြစ်ပြီး ပရဟိတနဲ့ LGBT ရေးရာမှာ စွမ်းစွမ်းတမံလုပ်ဆောင်နိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်။ Emmys Awards အကြိမ် ၃၀ နဲ့ People’s Choice Awards ဆို အကြိမ် ၂၀ နဲ့ သူမရဲ့ ပရဟိတလုပ်ငန်းတွေကြောင့် တခြားနယ်ပယ်များစွာက ဆုများစွာကို လက်ခံရရှိခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ အမေရိကန် သမ္မတဟောင်း အိုဘားမားကိုယ်တိုင်က The Presidential Medal of Freedom ဆုကို ပေးအပ်ခဲ့ပါတယ်။
Not only working very hard in her career as comedian, actress, producer, writer, she is also working hard both in social welfares and LGBT affairs. She has won Emmys Awards for 30 times and People’s Choice Awards for 20 times. Not only this, she has received awards from her welfare activities. She received the award named The Presidential Medal of Freedom from the former president of USA – President Obama.
Ellen ဟာ သူမယုံကြည်တဲ့ ချစ်ခြင်းမေတ္တာတွေ ပုံဖော်မျှဝေရင်း ဘယ်လိုလျှောက်လှမ်းဦးမလဲဆိုတာကတော့ စိတ်ဝင်စားစရာကောင်းလှပါတယ်။
I wonder how she will continue expressing her passion through her life career and shine brightly in the future.
words by a el ti:
english translated by Eain Chu