ဒီနှစ်ပိုင်းအတွင်း နေရာစုံမှာ ခပ်စိပ်စိပ်တွေ့လာရတဲ့ ဒီ Dad shoes ကို အားလုံးသတိထားမိကြမယ်ထင်ပါတယ်။ ဒီနှစ်ပိုင်းတွေမှာ တကြော့ပြန်ခေတ်စားလာတဲ့ 80s, 90s fashion တွေထဲမှာ Dad shoes လည်းပါပါတယ်။ ဖိနပ်ခုံထူထူနဲ့ သာမာန် sneakers တွေရဲ့ပုံစံနဲ့ကွဲပြားနေတဲ့ ဒီ Dad shoes တွေကို Chunky sneakers ဆိုပြီးတော့လည်းခေါ်ကြပြီး လွန်ကြူးလွန်းတဲ့ပုံစံအသွင်အပြင်ကြောင့် တော်တော်များများရဲ့အမြင်မှာ အမြင်ကပ်စရာဖြစ်ခဲ့ပါတယ်။ ဘယ်လိုပဲပြောပြောပါ Dad shoes တွေက သက်သောင့်သက်သာရှိတာကိုတော့ ငြင်းလို့ရမယ်မထင်ပါဘူး။ Dad shoes တွေကို ဘယ်လိုပဲမုန်းတဲ့သူတွေရှိရှိ သူတို့က သက်သောင့်သက်သာဖြစ်ပြီး ဘာနဲ့ပဲတွဲဝတ်တွဲဝတ်လိုက်ဖက်နေတာကြောင့် ကြိုက်တဲ့သူတွေလည်းများလာပါတယ်။ Dad shoes တွေကိုအခုဆို Luxury brand တွေဖြစ်တဲ့ Gucci, Louis Vuitton, Valentino, Prada နဲ့ Alexander McQueen တို့ကလည်း ထုတ်လာကြပါတယ်။
Dad Shoes: Fashion Vocabulary
previous post