၂၀၂၀ နှစ်သစ်မှာ ခေတ်စားလာနိုင်ချေရှိတဲ့ Fashion trends တွေ၊ accessories တွေကို အားလုံးတီးမိခေါက်မိကြပြီထင်ပါတယ်။ အဲ့ဒါတွေအပြင်ကိုမှ trend နောက်လိုက်မယ့်သူဖြစ်ဖြစ်၊ trend ကို ရှောင်မယ့်သူဖြစ်ဖြစ် ဒီနှစ်မှာ ခေတ်စားလာနိုင်မယ့် အရောင်တွေကိုလည်း သိထားဖို့လိုပါတယ်။ အခုပြောပြပေးသွားမယ့်အရောင်တွေကတော့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက Pantone Color Institute က ဖေါ်ပြထားတဲ့ NYFW SS20 မှာ တွေ့ဖို့ခန့်မှန်းခဲ့တဲ့ trend colors တွေပါပါတယ်။ ဒီနှစ် ၂၀၂၀ မှာ ခေတ်စားနိုင်မယ့်အရောင်တွေမှာ ဘယ်လိုအရောင်တွေပါမလဲ၊ ကိုယ့်အကြိုက်နဲ့ရော ကိုက်တဲ့အရောင်ပါမလားဆိုတာ ကြည့်လိုက်ရအောင်။
Flame Scarlet
အနီရောင်တောက်တောက် က ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိစေပြီး ဆုံးဖြတ်ချက်တွေကို ပိုမိုခိုင်မာစေပါတယ်။
Saffron
ဒီအဝါရောင်မျိုးက ကိုယ်ရောက်နေတဲ့ ပတ်ဝန်းကျင်ရဲ့အရောင်ကို ပိုပြီးတောက်ပစေတဲ့အရောင်မျိုးဆိုတော့ လွတ်လပ်ပေါ့ပါးတဲ့ပုံစံကိုရနိုင်သလို လူအများကြားမှာလည်းထင်းနေမှာပါ။
Classic Blue
Classic Blue က ဒီနှစ် ၂၀၂၀ ရဲ့ အရောင်လည်းဖြစ်သလို ဒီအရောင်က တည်ငြိမ်ရင့်ကျက်တဲ့ ခံစားမှုမျိုးကိုလည်းရစေပါတယ်။
Biscay Green
သန့်ရှင်းလတ်ဆတ်တဲ့ခံစားမှုမျိုးကို ရစေမယ့် အရောင်မျိုးလေးပေါ့။
Chive
အစိမ်းရောင်ကိုမှ ခပ်ပုပ်ပုပ်အရောင်ဖြစ်တဲ့ Chive လို့ခေါ်ကြတဲ့ဒီအရောင်ကတော့ မျက်စိအေးပြီး အဖြူရောင်တို့၊ ခုနကအပေါ်မှာပါတဲ့ Saffron အရောင်တွေနဲ့ တော်တော်ကို လိုက်ဖက်ပါတယ်။
Orange Peel
ဒီလိမ္မော်ရောင်ခပ်တောက်တောက်ကိုလည်း ၂၀၂၀ မှာ ချန်ထားခဲ့လို့မရပါဘူး။ အခုလို bold color တွေက retro mood မျိုးကိုလည်း အောက်မေ့စေတတ်တော့ ရှေးခေတ် fashion ကြိုက်တဲ့သူတွေအတွက် မရှိမဖြစ်ပါပဲ။
Sunlight
Sunlight ဆိုတဲ့အတိုင်းပဲ နေရောင်ခြည်ဖျော့ဖျော့လေးနဲ့တူတဲ့ဒီအရောင်လေးက ငြိမ်တဲ့ဘက်ကိုသွားတော့ အလုပ်မှာပဲဖြစ်ဖြစ်၊ ထသွားထလာပဲဖြစ်ဖြစ်၊ ပွဲတက်ပဲဖြစ်ဖြစ် သင့်တော်နေမယ့်အရောင်မျိုးပါ။
Coral Pink
ဒီအရောင်လေးက warm ဖြစ်ပြီးတော့ နေ့ရော၊ ညပါ ဝတ်လို့အဆင်ပြေတဲ့ထဲမှာပါပါတယ်။
Cinnamon Stick
Warm earth tone အရောင်ဖြစ်တဲ့ ဒီ Cinnamon stick လို့ခေါ်တဲ့ အညိုရောင်ခပ်ရင့်ရင့်က ဝတ်တဲ့သူကို အသားဆောင်ပြီး တည်ငြိမ်ရင့်ကျက်တဲ့ခံစားမှုမျိုးကို ရရှိစေပါတယ်။
Grape Compote
Grape Compote လို့ခေါ်တဲ့ ခရမ်းပုပ်ရောင်က လူကြီး၊ လူငယ်မရွေးနဲ့လိုက်ဖက်တဲ့ အရောင်တစ်ခုလို့ပြောလို့ရပါတယ်။ Bottega Veneta, Valentino နဲ့ Richard Malone တို့ကလည်း ဒီအရောင်ကို Catwalk မှာ ချပြခဲ့ပါသေးတယ်။