နာမည်ကျော် Iconic အဆိုတော်တစ်ယောက်ဖြစ်တဲ့ Céline Dion ဟာ L’Oreal Paris ရဲ့ မျက်နှာသစ် ပြောရေးဆိုခွင့်ရှိသူတစ်ယောက် ဖြစ်လာခဲ့ပါပြီ။ ဒီသတင်းကို ဧပြီလ ၃ရက် အင်္ဂါနေ့မှာ ပြင်သစ် အလှကုန် ကုမ္ပဏီကြီး ဖြစ်တဲ့ L’Oreal Paris ကနေ အတည်ပြုကြေညာပေးခဲ့
တာဖြစ်ပြီးတော့ ဂရမ်မီဆု ငါးကြိမ် တိုင်တိုင် ဆွတ်ခူးထားတဲ့ Iconic “Dion” ဟာ Global Ambassador အဖြစ် ခန့်အပ်ခြင်း ခံရတာ ဖြစ်ပါတယ်။
Céline Dion ပါဝင်ထားတဲ့ L’Oreal Paris ရဲ့ Excellence Hair Colour အတွက် ပွဲဦးထွက် တီဗွီကြော်ငြာကို ဧပြီ ၂၂ ရက်နေ့မှာ စတင်ထုတ်လွှင့်မယ်လို့သိရပြီး Excellence Hair Colour Campaign အတွက် Dame Helen Mirren ၊ Jane Fonda ၊ Amber Heard နဲ့ Duckie Thot တို့နဲ့ အတူ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ယောက်အဖြစ် ပထမဦးဆုံး ပွဲထွက်မှာဖြစ်ပါတယ်။
လက်ရှိမှာ ကလေးသုံးယောက်မိခင်၊အသက် ၅၁ နှစ်ရှိပြီဖြစ်တဲ့ Céline Dion ကတော့ ဒီအခွင့်အရေးကနေ သူမအနေနဲ့ အမျိုးသမီးတွေအတွက် အင်အားဖြစ်စေနိုင်ဖို့၊ သူမတို့ရဲ့ အိပ်မက်တွေကို နားလည်သဘောပေါက်ဖို့နဲ့ လှပကျော့ရှင်းဖို့အတွက် မျှော်လင့်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် Céline Dion က L’Oréal Paris ဟာ အမျိုးသမီးတွေအတွက် သူတို့ကိုယ်သူတို့ သန်မာဖို့ ၊အမျိုးသမီးတွေဟာတန်ဖိုးရှိတယ်လို့
ခံစားရစေဖို့ ကောင်းမွန်တဲ့အလှအပဆိုင်ရာ ပစ္စည်းတွေကို ပေးစွမ်းတယ်လို့ ခံစားရပြီး ဒါ့အတွက် L’Oréal Paris ရဲ့ Global Brand Ambassador တစ်ယောက်အနေနဲ့ တစ်ကမ္ဘာလုံးက အမျိုးသမီးတွေကို ကိုယ်စားပြုရတာ ၀မ်းသာ ဂုဏ်ယူမိတယ်လို့ ပြောကြားခဲ့ပါသေးတယ်။
သူမရဲ့ ပွဲဦးထွက် ဒီ Beauty Contract ကနေ ဘယ်လိုပစ္စည်းတွေကို ထုတ်လုပ်မလဲဆိုတာနဲ့ အမျိုးသမီးတွေကို ဘယ်လို ကိုယ်စားပြုသွားဦးမလဲဆိုတာ ဆက်လက်စောင့်မျှော်ရဦးမှာပါ။
Ref: People.com
Editor: Su Yi Htet