Burberry က Christmas Campaign Video တစ်ခုကို ကြော်ငြာလိုက်ပြီး video မှာ သူ့ရဲ့ Signature collections ထဲက ပစ္စည်းတွေအပြင် လာမယ့် Vivienne Westwood နဲ့ Collaboration ကိုလည်း Sneak Peak အနေနဲ့ပြသထားပါတယ်။
ဒီ Campaign Video မှာ British actor Matt Smith, British actress Kristin Scott Thomas, British rapper M.I.A တို့အပြင် Supermodel Naomi Campbell နဲ့ သူမရဲ့အမေ Valerie Morris Campbell တို့ပါဝင်ပြီး British artist and photographer တစ်ယောက်ဖြစ်တဲ့ Juno Calypso က ရိုက်ကူးထားပါတယ်။
Campaign Title ကိုတော့ “Close Your Eyes and Think of Christmas” လို့ အမည်ပေးထားပြီး ဒီ Campaign video မှာ British Designer Peter Saville ရဲ့လက်ရာဖြစ်တဲ့ Burberry logo အသစ်ကို ရထားထဲမှာ မတ်တပ်ရပ်နေတဲ့ Kristin Scott Thomas ဝတ်ဆင်ထားတဲ့ Silk scarf ပေါ်မှာတွေ့မြင်နိုင်သလို ရထားပေါ်က ထိုင်ခုံတွေပေါ်မှာလည်း တွေ့နိုင်မှာပါ။ လာမယ့် Vivienne Westwood နဲ့ Collaboration က Tartan looks ကိုလည်း Naomi Campbell နဲ့ သူမရဲ့အမေ Valerie Morris Campbell တို့ ဝတ်ဆင်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ Video ကို https://youtu.be/QG0zqaUDOEE မှာ ကြည့်ရှုနိုင်ပါတယ်။