Hello… စာဖတ်ပရိသတ်ကြီးများအားလုံးပဲ မင်္ဂလာပါ။ ခုပြောပြချင်တဲ့ အကြောင်းအရာလေးကတော့ နာမည်ကြီး Fashion Brand တစ်ခုဖြစ်တဲ့ Oscar de La Renta ရဲ့ Wedding Gowns လေးတွေ အကြောင်းပဲ ဖြစ်ပါတယ်။
Oscar de la Renta Brand အကြောင်းကို မိတ်ဆက်ပေးရရင်တော့ Dominican Designer ကြီးဖြစ်တဲ့ Oscar de la Renta ကိုယ်တိုင် စတင်တည်ထောင်ခဲ့တဲ့ Luxury Brand တစ်ခုပဲဖြစ်ပါတယ်။ Designer Oscar de la Renta ဟာ American နိုင်ငံ၊ New York မြို့မှာ Brand ကို အခြေစိုက်တည်ထောင်ထားတာဖြစ်သော်လဲ ဥရောပဟန်နှောတဲ့ ဒီဇိုင်းများကို ဖန်တီးလေ့ရှိသူဖြစ်တာကြောင့် America မှာသာမက Europe မှာပါ နာမည်ကျော်ထင်ရှားတဲ့ Brand ပဲဖြစ်ပါတယ်။
Oscar de la Renta ရဲ့ Wedding Gown လေးတွေက Graceful and Charming ဖြစ်တာကြောင့် နိုင်ငံအကြီးအကဲတွေရဲ့ မိသားစုဝင် ဂုဏ်သရေရှိပုဂ္ဂိုလ်တွေနဲ့ နာမည်ကြီး Celebrities တော်တော်များများရဲ့ မင်္ဂလာပွဲတွေမှာ ဝတ်ဆင်ခဲ့ဖူးပါတယ်။
ဆုံးပါးသွားပြီဖြစ်တဲ့ နာမည်ကျော် Designer ကြီး Oscar de la Renta ရဲ့ Romantic Style ကြောင့် နာမည်ကျော်တဲ့ ဒီ brand ကိုတော့ မိန်းကလေးဆန်ပြီး ချစ်စရာကောင်းတဲ့ အမျိုးသမီးငယ်လေးတွေက အင်မတန်သဘောကျကြပါတယ်။
Wedding Gown တွေကို ကြည့်ရင်လဲ အမြဲတမ်း ပန်းပွင့်ပန်းခက်လေးတွေနဲ့ တန်ဆာဆင်ဖန်တီးထားတာကြောင့်မို့ Dreamy Wedding ပွဲလေးတွေအတွက်တော့ အသင့်လျော်ဆုံးပါပဲ။
Wedding Gown တွေရဲ့ တန်ဖိုးကတော့ ပျှမ်းမျှ $14000 ( မြန်မာငွေ သိန်း ၁၈၀ ကျပ်) ဝန်းကျင်ဖြစ်ပြီး မြန်မာနိုင်ငံကို Direct Shipping စနစ် ရှိနေပြီပဲ ဖြစ်ပါတယ်။ အခု 2021 အတွက် Bridal Collection for Spring ကလဲ ထွက်ရှိပြီးသားမို့ ကောင်းနိုးရာရာ Looks လေးတွေကို Editor’s pick အနေနဲ့ ရွေးချယ်ပေးလိုက်ပါတယ်။
Covid-19 အပြီးမှာ Wedding ပွဲလေး ကျင်းပဖို့ Ready ဖြစ်ချင်သူတွေကတော့ Oscar de la Renta Gown လေးတွေကို ဝယ်ယူချင်ကြတယ်ဆိုရင်တော့ အောက်က link ထဲမှာ ဝင်ရောက်ကြည့်ရှု ရွေးချယ် ဝယ်ယူနိုင်ပါတယ်နော်။
https://www.oscardelarenta.com/pages/bridal-collection-spring-2021
နောက်ထပ် ဘယ်လို Brand တွေရဲ့ look တွေကို ဖော်ပြပေးသွားမလဲဆိုတာ စောင့်မျှော်ကြည့်ရှုပေးကြပါဦး။