အခုအချိန်မှာ တကြော့ပြန်ပြီး ခေတ်စားလာတဲ့ ဒီ Beret ဆိုတဲ့မူရင်းစကားလုံးကတော့ ပြင်သစ်စကားလုံးဖြစ်ပြီး လက်တင်စကားလုံးဖြစ်တဲ့ “Birretum” ကနေဆင်းသက်လာတာပါ။ Beret ဦးထုပ်တွေဖြစ်တည်ခဲ့တာ အချိန်အတော်ကြာခဲ့ပါပြီ။ Beret က စစ်တပ်တွေ၊ ရဲတပ်ဖွဲ့တွေနဲ့ တခြားအဖွဲ့အစည်းတွေရဲ့ ယူနီဖောင်းနေရာကနေ တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့ပြီး ဖက်ရှင်ရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့လည်းပါဝင်ပါတယ်။ Beret ဟာ တစ်ချိန်တုန်းက ကဗျာဆရာတွေ၊ Hipster တွေ၊ အနုပညာရှင်တွေရဲ့ပုံစံကို ထင်ဟပ်စေတဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ခဲ့ပါတယ်။ ၂၀ ရာစုအလယ်လောက်မှာတော့ အမေရိကန် နဲ့ ဗြိတိန် မှာရှိတဲ့ မိန်းကလေးတွေကြားမှာ ခေတ်စားခဲ့ပြီး အခုဆိုရင်တော့ တကြော့ပြန် ပြန်လည်ခေတ်စားလာပါပြီ။
#LUSHmagazineMyanmar #LUSHitRight #LUSHfashionVocab #Beret