Victoria’s Secret ရဲ့ နောက်ထပ် ကြယ်ပွင့်တစ်ပွင့်တစ်ပွင့်ကတော့ ပေါ်ထွက်လာခဲ့ပါပြီ။ သူမကတော့ Barbara Palvin လို့ခေါ်တဲ့ ဟန်ဂေရီလူမျိုး မော်ဒယ်လ်မလေး ဖြစ်ပြီးတော့ VS က ပြီးခဲ့တဲ့ ၁၄ရက်နေ့တုန်းက သူတို့ရဲ့ Official Instagram ကနေ တစ်ဆင့် ကြေညာခဲ့တာဖြစ်ပါတယ်။
အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ ဟန်ဂေရီလူမျိုး Barbara Palvin ဟာ သူမဆယ်ကျော်သက် ဘ၀ အသက် ၁၃ နှစ် အရွယ်တည်းက မော်ဒယ်လ် အလုပ်ကို စတင်ခဲ့တာပါ။ အသက် ၁၇ နှစ်မှာတော့ သူမရဲ့ ပွဲဦးထွက် Runway ကို Milan Fashion Week Fall 2010 Season ရဲ့ Prada Show မှာ စတင်လျှောက်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ Chanel ၊Miu Miu ၊ Vivienne Westwood စတဲ့ နာမည်ကျော် ဇိမ်ခံတံဆိပ်တွေအတွက် ရှိုးတွေ လျှောက်ပေးခဲ့သလို H&M နဲ့ Armani တို့ရဲ့ Campaign တွေမှာပါ ပါဝင်လာခဲ့ပါတယ်။
၂၀၁၂ မှာတော့ Palvin ဟာ Victoria’s Secret Fashion Show မှာ ပါဝင်ခဲ့သလို ဒါဟာ သူမရဲ့ VS Show မှာ ပါဝင်တဲ့ ပထမဦးဆုံး ခြေလှမ်းပါ။ အဲဒီပွဲဦးထွက်ပြီးတဲ့နောက်မှာတော့ နှစ်တော်တော်ကြာကြာ ပျောက်နေခဲ့ပါတယ်။ ၂၀၁၈ မှာတော့ Palvin တစ်ယောက် ခြေလှမ်းသစ်တွေနဲ့ ပြန်လည် အခြေချဝင်ရောက်လာခဲ့ပြီး အခုဆိုရင် Victoria’s Secret Angel တစ်ယောက် ဖြစ်လာခဲ့ပါပြီ။
Barbara Palvin ဟာ လတ်တလောမှာ ရုပ်ရှင်သရုပ်ဆောင် Dylan Sprouse နဲ့ တွဲခုတ်နေသလို သူတို့နှစ်ယောက်ရဲ့ Relationship ကြောင့်လည်း လူပိုသတိထားမိလာသူဖြစ်ပါတယ်။
Victoria’s Secret ဟာ ပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာ သူတို့ရဲ့ ရေရှည်လက်တွဲဖော် Angel တွေ ဖြစ်တဲ့ Adriana Lima နဲ့ Alessandra Ambrosio ကို ဆုံးရှုံးခဲ့ရပြီးတဲ့နောက်မှာတော့ Palvin လို အမိုက်စားမော်ဒယ်လ်တစ်ယောက်ကို ပြန်ရလိုက်တာပါ။ နောက်နှစ် Victoria’s Secret Show တွေမှာတော့ Palvin ကို Candice Swanepoel၊ Behati Prinsloo၊ Elsa Hosk၊Taylor Hills ၊ Stella Maxwell စတဲ့ နာမည်ကျော် Angel တို့နဲ့အတူ တွဲမြင်ရတော့မယ်လို့ မျှော်လင့်ရပါတယ်။
Editor: Su Yi Htet