ABBA ဆိုတာ ဘာလဲ ဘယ်သူလဲဆိုတာသာမသိရင်နေမယ်၊ ၈ဝ-၉ဝ ခုနှစ်တွေလောက်မှာ မွေးတဲ့သူတွေအတွက် Dancing Queen၊ Mamma Mia! စတဲ့သီချင်းတွေနဲ့အတူ ကြီးပြင်းရင်း မကခဲ့ဖူး၊ မကြားခဲ့ဖူးဘူးဆိုတာတော့ မရှိသလောက်ပါပဲနော်။ ဒီတော့ ABBA ဆိုတဲ့အမည်နဲ့ ဂီတအဖွဲ့လေးအကြောင်း စလိုက်ကြရအောင်……ABBA ဆိုတာကတော့ ဆွီဒင်နိုင်ငံရဲ့နာမည်အကြီးဆုံး ပေါ့ပ်ဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့အပြင် ဂီတသမိုင်းတစ်လျှောက် အကျော်ကြားဆုံးအဖွဲ့များထဲကတစ်ဖွဲ့ဖြစ်တယ်။ ကမ္ဘာတစ်ဝန်း အယ်လ်ဘမ်နဲ့ သီချင်းပုဒ်ရေ သန်းပေါင်း ၃၈၀ ကျော်ရောင်းရခဲ့ပြီး အင်္ဂလိပ်စကားပြောနိုင်ငံတွေမှာ အောင်မြင်မှုတောက်လျှောက်ရခဲ့တဲ့ ပထမဦးဆုံး နိုင်ငံရပ်ခြားမှအဖွဲ့လည်းဖြစ်ပါတယ်။
You may not know who or what ABBA is, but, for sure for those born in the 80s and 90s, it’s impossible growing up and not ever heard or danced to Dancing Queen or Mamma Mia! ABBA is the biggest ever pop-band of Sweden and one of the most popular groups in music history. With over 380 million albums and singles being sold worldwide, they were the first group from a non-English speaking country to have standing firm success in English speaking countries.
အဖွဲ့နာမည်ကို အဖွဲ့ဝင်တွေဖြစ်တဲ့ Agnetha Fältskog (အမျိုးသမီး)၊ Björn Ulvaeus (အမျိုးသား)၊ Benny Andersson (အမျိုးသား) နဲ့ Anni-Frid Lyngstad (အမျိုးသမီး) တို့ရဲ့ ရှေ့နာမည်အစအက္ခရာတွေယူပြီး ပေးထားတာကလည်း သုတို့ရဲ့ထူးခြားမှုပါ။ ဒါ့ပြင် သူတို့ဟာ အဖွဲ့ဝင်အချင်းချင်း အိမ်ထောင်ပြုလက်ထပ်ထားတဲ့ စုံတွဲနှစ်တွဲပေါင်းအဖွဲ့လည်းဖြစ်ပါတယ်…ဒါပေမယ့် နောက်ပိုင်းမှာတော့ နှစ်တွဲစလုံး အိမ်ထောင်ရေးပြိုကွဲသွားခဲ့ကြပြီး ဖျော်ဖြေရေးစင်မြင့်ပေါ်ကလည်း အနားယူလိုက်ကြတော့တယ်။ Benny နဲ့ Anni-Frid က ၁၉၇၈-၁၉၈၀ အထိပေါင်းသင်းခဲ့ပြီး Björn နဲ့ Agnetha တို့က ၁၉၇၁ မှာ လက်ထပ်ခဲ့ကြပါတယ်။ ၁၉၇၄ ခုနှစ် Eurovision ပြိုင်ပွဲမှာ သူတို့ရဲ့ရေပန်းစားလာမယ့်သီချင်း “Waterloo” ဆိုတဲ့သီချင်းနဲ့ အနိုင်ရခဲ့ပြီး ကျော်ကြားမှုရရှိခဲ့ပေမယ့် အဖွဲ့မဖြစ်တည်ခင်ကတည်းက တစ်ယောက်ချင်းစီဟာ ဂီတလမ်းကြောင်းပေါ် ရောက်နေခဲ့နှင့်ပြီးဖြစ်ပါတယ်။
The band was named after the band members’ First initials – Agnetha Fältskog, Björn Ulvaeus, Benny Andersson, and Anni-Frid Lyngstad. They were two married couples but, later ended in collapse of both marriages and officially took a break from the public stage. Benny and Anni-Frid were married between 1978 and 1980, as were Bjorn and Agnetha married in 1971. Although they gained their popularity with their hit song “Waterloo” in the Eurovision Song Contest in 1974 and won, each of them had already had their career going on in the industry before they formed the group.
ABBA အဖွဲ့ဟာ ပြောရမယ်ဆိုရင် တစ်ကမ္ဘာလုံးနေရာတိုင်းမှာ အထင်ကရနာမည်ကြီးခဲ့တာဖြစ်တယ်…အနောက်တိုင်း ရော့ခ် နဲ့ပေါ့ပ်ဂီတတွေ မထိုးဖောက်နိုင်ခဲ့သေးတဲ့ နိုင်ငံတွေမှာတောင် သူတို့အဖွဲ့ပေါက်ခဲ့တယ်။ သူတို့ ခေတ်ကောင်းတုန်းကဆိုရင် US ဟာ ABBA ရဲ့ ဖရိုဖရဲအဖြစ်ဆုံးဈေးကွက်လို့ သတ်မှတ်ခံရခဲ့ပြီး အခုတော့ မဟုတ်တော့ပါဘူး…ABBA Gold ဆိုတဲ့ အယ်လ်ဘမ်နဲ့ အယ်လ်ဘမ်ပေါင်း ခြောက်သန်းကျော်ရောင်းရခဲ့ပြီး US မှာ ပိုပြီးရေပန်းစားကျော်ကြားလာခဲ့ပါပြီ။ သြစတြေးလျနိုင်ငံမှာတော့ သူတို့ရဲ့အောင်မြင်မှုဟာ အကြီးမားဆုံး ပရိသတ်အားအကောင်းဆုံး the Beatles နဲ့တောင်အောင်မြင်မှုတူညီတယ်လို့ဆိုရလောက်အောင် ဖြစ်တယ်။
ABBA remain huge in practically every turn of the world, even in countries where most other western rock and pop music could not penetrate. The United States was considered ABBA’s floppiest market during their active days, but that isn’t true anymore they are today more popular than ever before in the States, with the ABBA Gold album being now sold more than six million copies. They had the largest fan base in Australia where their popularity matches even that of the Beatles there.
သူတို့ရဲ့အကောင်းဆုံးတေးသီချင်းတွေ စုစည်းထားတဲ့ Gold အယ်လ်ဘမ်ကို ၁၉၉၂ မှာထုတ်ဝေခဲ့ပြီး UK ရဲ့ ဒုတိယ အမြဲတမ်း-ရောင်းအား အကောင်းဆုံးအယ်လ်ဘမ် အဖြစ်၊ ကမ္ဘာတစ်ဝန်းအောင်မြင်ဆုံး အယ်လ်ဘမ်များစာရင်းဝင်ခဲ့ပါတယ်။ Dancing Queen၊ Knowing Me Knowing You နဲ့ Super Trouper သီချင်းတွေက သူတို့ရဲ့အရောင်းရဆုံး တေးသီချင်းတွေပါ။ Elvis Presley၊ The Beatles ပြီးရင် UK နံပါတ်တစ်ဇယားမှာ ၉ ကြိမ်တိုင်တိုင်ရခဲ့တာဖြစ်ပြီး သူတို့ရဲ့ဂီတဖန်တီးမှုအပေါ် The Beatles၊ The Beach Boys နဲ့ The Bee Gees အဖွဲ့တွေရဲ့ လွှမ်းမိုးမှုရှိခဲ့တယ်လို့ ABBA ကပြောပါတယ်။
Their collection album Gold: Greatest Hits, which was released in 1992, has become one of the most popular albums worldwide and it is the UK’s second best-selling album of all time. Dancing Queen, Knowing Me Knowing You and Super Trouper are their best selling singles. They occupied the UK Number Ones nine times after Elvis Presley and The Beatles during 70s and 80s. ABBA claimed to have the influence in their music by The Beatles, The Beach Boys, and The Bee Gees.
ဂီတတစ်ခုထဲနဲ့နာမည်ကြီးတာလားဆိုတော့မဟုတ်ပါဘူး၊ ကိုးရို့ကားယားပုံစံတွေကို ရဲရဲဝင့်ဝင့် ဝတ်စားဖျော်ဖြေတာကလည်း သူတို့ရဲ့ သူမတူထူးခြားတဲ့ ၇၀ ခုနှစ်ပုံစံစတိုင်လ် ကြောင့်လည်းဖြစ်ပါတယ်။ တောက်တောက်ပြောင်ပြောင်အသားတွေ၊ ဘော်ကြယ်အောက်နားကားအဝတ်တွေ၊ လည်ပင်းကနေ ခြေထောက်အထိ တစ်ကိုယ်လုံးအသားကပ်ဝတ်စုံ၊ ထူထူမြင့်မြင့်ရှူးဒေါက်၊ ယုတ်အစွဆုံး ထုပ်ပိုးတဲ့အခါသုံးတဲ့ သံဖြူပါးလွှာ (tin foil) လိုမျိုး….အဝတ်အစားပုံထဲမှာ ရှာလို့ရသမျှကို ပေါင်းစပ်ထွင်ပြီး ဝတ်စားဖျော်ဖြေလေ့ရှိတယ်။ ဒီလိုဝတ်စားတာကလည်း ဆွီဒင်ရဲ့ အခွန်ဥပဒေအရ နေ့စဉ် သမရိုးကျ ဝတ်စားသွားလာလို့မရတဲ့ ပုံစံမျိုးတွေဆိုရင် ဝင်ငွေခွန်ဆောင်တဲ့အခါ အဝတ်အစားဖိုးနှုတ်ပြီး အခွန်လျော့ပေါ့ခွင့်ရတယ်လို့သိရတယ်။ ဒါကြောင့် ABBA အနေနဲ့ ဒီလိုဝတ်စားဖျော်ဖြေတာက အခွန်လျော့ပေါ့အောင်လို့လည်းပါတယ်လို့ ပြောတယ်။ အင်တာဗျူးတစ်ခုမှာ Björn က “အမှန်ပြောရရင် အဲ့တုန်းက ကိုယ်တွေပေါကြောင်ကြောင်နဲ့တူခဲ့တာဗျ၊ စင်ပေါ်မှာ ကျွန်တော်တို့အဖွဲ့လောက် ကကြိုးကကြောင်ဝတ်တာ ကျွန်တော်တို့ပဲရှိတယ်…ဒါပေမယ့် ကျွန်တော်တို့တွေးတာက ဒီလိုပုံစံမျိုးဝတ်မှ နံပါတ်၉ နေရာချိတရင်တောင် လူတွေရဲ့စိတ်ထဲမှာကျန်ခဲ့မှာလေ။”
It’s not only their music that they are famous for, but their outrageous wacky costumes were also prominent 70s styles throughout their career….all those Sparkling fabric, spangly flares, catsuits and platform heels even tinfoil, literally anything they can dig in the piles of costumes. However, ABBA’s flamboyant stage-wear owned something to Sweden tax’s law which allowed the deductions for clothing if it could not be worn daily out on the street, so, the band could claim the cost of outfits to be deducted against tax. Bjorn said in an interview, “In my honest opinion, we looked like nuts in those years. Nobody can have been as badly dressed on stage as we were. But we figured people would remember us even if we finished ninth.”
ဘယ်လိုပဲဖြစ်ဖြစ် ဖက်ရှင်စတိုင်လ်က ဒီနေ့ခေတ်ထိမရှင်သန်ခဲ့တောင် သူတို့ရဲ့သီချင်းတွေက အချိန်ကြာတာတောင် မပျောက်ပြက်သေးတာ အသေအချာပါပဲ။ သူတို့ခေတ်ကောင်းခဲ့စဉ်က သူတို့ရဲ့ကျော်ကြားအောင်မြင်မှုက ဒဏ္ဏာရီဆန်ဆန် ဖြစ်ခဲ့သလို ယနေ့အချိန်ထိလည်း ပန်းပန်လျက်ပါပဲ…. ABBA ရဲ့တေးသီချင်းတွေက နားဆင်သူတွေရဲ့ နှလုံးသားထဲမှာ အချိန်အကြာကြီးထိ ရှိနေဦးမှာပါ။
Anyway though their fashion styles don’t live out till today, their music has certainly stood the test of time. They were the legends in their own time and still their legacy is hanging around. Music of ABBA will stay in hearts of listeners for a long time.
words by wut yee