LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LUSH DAILYRewind

ရန်ကုန်မြို့က သက်တမ်းရင့် ရုပ်ရှင်ရုံ ဝဇီရာ

written by Lush Editor September 23, 2020
ရန်ကုန်မြို့က သက်တမ်းရင့် ရုပ်ရှင်ရုံ ဝဇီရာ

ခုချိန်မှာ ရုပ်ရှင်ရုံတွေပိတ်ထားတော့ ရုပ်ရှင်ချစ်သူတွေ တချိန်က ရုပ်ရှင်ကြည့်ရတဲ့ အချိန်တွေကိုသတိရနေကြမလားပဲနော်။ ခု မြန်မာ့ရုပ်ရှင် နှစ်၁၀၀ ပြည့်လည်း ရှိတော့ ရှေးတုန်းကရုပ်ရှင်တွေအကြောင်း စိတ်ဝင်စားမိလာတယ်။ လွန်ခဲ့တဲ့ နှစ်များက မြန်မာပြည်မှာ နိုင်ငံတကာကသွင်းလာတဲ့ ရုပ်ရှင်တွေနဲ့ကို ရင်ပေါင်တန်းနိုင်တဲ့ ရုပ်ရှင်တွေ ထွက်ရှိခဲ့ပြီးတော့ရုပ်ရှင်လုပ်ငန်းတွေလည်း ဖွံ့ဖြိုးတိုးတက်ခဲ့ကြပါတယ်။ မြန်မာတစ်နိုင်ငံလုံးဆို ရုပ်ရှင်ရုံပေါင်း ၃၀၀ကျော်ရှိခဲ့တယ်ဆိုတာ ခုချိန်မှာ ယုံတမ်းပုံပြင်လိုတောင် ဖြစ်နေခဲ့ပါပြီ။ တစ်ခေတ်တစ်ခါကရန်ုကုန်ရုပ်ရှင်တန်းလို့ ပြောရမယ့် ဆူးလေ အနီးတဝိုက်က ရုပ်ရှင်ရုံတွေကြားမှာ ရုပ်ရှင်တန်းရဲ့ဘုရင်မလို့ တင်စားခဲ့ကြတဲ့ ရုပ်ရှင်ရုံရှိခဲ့ဖူးပါတယ်။ အဲဒီရုပ်ရှင်ရုံကတော့ ဝဇီရာ ရုပ်ရှင်ရုံပါပဲ။

ရန်ကုန်မြို့ဗိုလ်ချုပ်လမ်းပေါ်က ရုပ်ရှင်ရုံတွေထဲမှာ ရှေးခေတ်ကအတိုင်းရှိနေတဲ့ ဝဇိရာရုပ်ရှင်ရုံအကြောင်း က စိတ်ဝင်စားစရာပါ။ အဲဒီ ဝဇီရာရုပ်ရှင်ရုံကို ၁၉၂၀ လောက်ကဆောက်လုပ်ခဲ့တာဆိုတော့ သက်တမ်းအရင့်ဆုံး ရုပ်ရှင်ရုံကြီးဖြစ်နေပါပြီ။ အရင်တုန်းက ဗိုလ်ချုပ်လမ်းကိုမွန်ဂိုမာရီလမ်းလို့ခေါ်ခဲ့သလို ဝဇီရာ ရုပ်ရှင်ရုံကိုလည်း အိတ်ဆဲစီးယား (Excelsior) ပြဇာတ်ရုံလို့ခေါ်ခဲ့ကြပါတယ်။

၁၉၄၅ ခုနှစ်က မြန်မာ့ရုပ်ရှင် ၂၅နှစ်ပြည့်ကို ဗိုလ်ချုပ်အောင်ဆန်းတက်ရောက်ခဲ့ပြီး ဗမာနိုင်ငံရုပ်ရှင်နှင့်ပြဇာတ် အစည်းအရုံးကြီး၏ စ်ဆယ့်ငါးနှစ်မြောက် ဗမာပြည်ပြပွဲကြီးဆိုပြီးခမ်းခမ်းနားနား ကျင်းပခဲ့ကြပါတယ်။

၁၉၅၀ လောက်က မင်းသမီး အက်စသာဝီလျံသရုပ်ဆောင်တဲ့ “ရေကူးဝတ်စုံနဲ့ မိန်းမလှလေး” ဆိုတဲ့“Bathing Beauty’’ ရုံတင်စဉ်က ဓါတ်ပုံကို အမှတ်တရ ပြန်ရှာတွေ့ခဲ့ရပါတယ်။ ၁၉၆၈ ခုနှစ်မှာ ရုပ်ရှင်လုပ်ငန်းပြည်သူပိုင်ဖြစ်လာခဲ့ပြီးနောက်မှာ ၁၉၈၅ ခုနှစ်လောက်ရောက်တော့ ဝဇီရာရုံဟာပြဇာတ်ရုံအဖြစ်နဲ့အသုံးပြုခဲ့ကြတာပါ။ အဘဗိုလ်ကလေးတင့်အောင်၊ ဒဂုံတင်ဝင်းနဲ့ ဂီတလုလင်မောင်ကိုကိုတို့လို နာမည်ကျော်စာရေးဆရာတွေ ၊ ဒါရိုက်တာတွေရဲ့ပြဇာတ်တွေကို ကပြခဲ့တဲ့ပြဇာတ်ရုံကြီးဖြစ်ခဲ့တာပေါ့။

ခုခါမှာတော့ ဝသန်ရုပ်ရှင်ပွဲတော်၊ လူ့အခွင့်ရေးလူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပြပွဲတွေပြုလုပ်တာ ၊ ရုပ်ရှင်ဆိုင်ရာဆွေးနွေးပွဲတွေပြုလုပ်တာတို့ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ဒီအဆောက်အအုံကြီးရဲ့ ကြံံ့ခိုင်မှုကို စစ်ဆေးကြပြီး အတွင်းပိုင်းထိန်းသိမ်းမှုတွေအပြင် ဒစ်ဂျစ်တယ်နည်းပညာနဲ့ အံဝင်ခွင်ကျဖြစ်လာအောင်၊မီးအလင်းအမှောင်တိုးတက်မှုတွေ၊ အသံစနစ်တွေ တိုးတက်လာအောင် ရည်ရွယ်ပြီးတော့ပြုပြင်သွားတာမျိုးတွေ လုပ်ခဲ့ကြပါတယ်။မြန်မာ့ရုပ်ရှင်သမိုင်းကိုဖော်ညွှန်းတဲ့ အသုံးအဆောင်တွေကိုပြသထားတဲ့ပြတိုက်ငယ်တစ်ခု အဖြစ်ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းသူများက မွန်းမံထိန်းသိမ်းသွားမှာဖြစ်လို့ ရှေးဟောင်းသက်တမ်းရင့်ရုပ်ရှင်ရုံ အတွက် ဝမ်းသာစရာဖြစ်မိပါတယ်။

LUSH DAILYLUSH Magazine MyanmarLUSH RewindLUSH September 2020Old CinemaVintage
1
Facebook Twitter Google + Pinterest
Lush Editor

previous post
London Fashion Week 2020 မှာ ပြသခဲ့တဲ့ ဒီဇိုင်နာ Bora Aksu ရဲ့ COVID-19 inspired collection
next post
ရန်ကုန်မြို့လယ်က နှစ်ပေါင်း ၁၀၀ ကျော်အဆောက်အအုံ ဒီဆူဇာဆေးဆိုင်ကြီး

Recommended

စက်တင်ဘာလမှာ ပြုလုပ်သွားမယ့် Paris Fashion Week

June 26, 2020

Tokyo Fashion Week Fall 2019 ရဲ့ လမ်းမထက်ပေါ်က အမိုက်စား...

March 25, 2019

ဒီလထဲမှာ မြင်တွေ့ရတော့မယ့် Kim Kardashian နဲ့ Kylie Jenner တို့ရဲ့...

November 19, 2018

Timeless Iconic Bag @ Dior Lady Art

January 13, 2021

Premium ဖြစ်တဲ့ ခံစားမှုမျိုးကို ရရှိနိုင်မယ့် “PRADA FOR ADIDAS” 

September 8, 2020

Etiquette rules to follow when you’re dining at...

May 22, 2019

Shine on me: the light in my room

June 12, 2020

Halsey collaborated with Marshmello and dropped a single...

May 30, 2020

Selpink in your area

August 28, 2020

အသဲကြဲတဲ့အခါ Solo Travelling လုပ္သင့္လား

June 21, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem