Covid-19 နဲ့လိုက်လျော်ညီထွေဖြစ်အောင်နေဖို့လည်း အားလုံးကကြိုးစားနေကြပြီ။ အားလုံးလည်း လုပ်ငန်းခွင်ကို အနှေးနဲ့အမြန်ပြန်ဝင်ကြရတော့မယ်ဆိုတော့ ပြန်ပြီး လှလှပပနေဖို့က လိုအပ်လာပြီပေါ့။ mask တပ်ပြီးသွားလာလှုပ်ရှားရမှာဆိုတော့ မျက်နှာကို အလှပြင်စရာသိပ်မလိုသေးဘူးဆိုပေမဲ့ တကိုယ်ရည်သန့်ရှင်းရေးကို ပိုပြီးဂရုစိုက်ဖို့လိုအပ်ပါတယ်။ အဲ့တော့ ကိုယ့်ရဲ့ look က သန့်သန့်ရှင်းရှင်းဖြစ်နေဖို့အတွက် လက်သည်း၊ ခြေသည်းတွေသန့်ရှင်းဖို့ကလည်း အရေးကြီးပါတယ်။ လက်သည်း၊ ခြေသည်းတွေရဲ့အလှကို ပိုပေါ်လွင်စေဖို့ nail polish လက်သည်းနီတွေကလည်း တစိတ်တပိုင်းအထောက်အကူဖြစ်ပါတယ်။ အဲ့တော့ ဒီနွေရာသီအပြင် မိုးရာသီနဲ့ပါ လိုက်ဖက်မယ့် လက်သည်းနီအရောင်တွေကို အားလုံး try ကြည့်လို့ရအောင် ပြောပြပေးသွားမယ်နော်။ ရှိပြီးသားလက်သည်းနီတွေကထပ်နေပြီ၊ အသစ်ဝယ်ဖို့ ဘယ်အရောင်ဝယ်ရမလဲမသိဖြစ်နေတယ်ဆို အခုပြောပြသွားမယ့်အရောင်လေးတွေကို try ကြည့်နော်။
ဒီနွေရာသီအပြင် မိုးရာသီနဲ့ပါ လိုက်ဖက်မယ့် လက်သည်းနီအရောင်များ
previous post