LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LIFELUSH DAILY

အဖိုးအဖွားတွေနဲ့အတူတူ Virtual Bingo ဆော့ခဲ့တဲ့ Matthew McConaughey

written by Maeve April 8, 2020
အဖိုးအဖွားတွေနဲ့အတူတူ Virtual Bingo ဆော့ခဲ့တဲ့ Matthew McConaughey

Oscar ဆုရရှိထားပြီး Dallas Buyers Club, Mud, Interstellar စတဲ့ဇာတ်လမ်းတွေနဲ့ ပရိတ်သတ်တွေရင်ထဲမှာ နေရာတစ်နေရာယူထားတဲ့ နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်တဲ့ Matthew McConaughey က Texas က The Enclave at Round Rock Senior Living မှာ ရှိကြတဲ့ အဖိုးအဖွားတွေနဲ့အတူတူ Bingo ကို video call ခေါ်ပြီး ဆော့ခဲ့ကြပါတယ်။ The Enclave at Round Rock Senior Living ဆိုတာ သက်ကြီးရွယ်အိုအဖိုးအဖွားတွေနေထိုင်ကြတဲ့ အဆောက်အဦပါ။ အဲ့မှာ အဖိုးအဖွားတွေက Bingo ဆော့နေကြဆိုပေမဲ့ အခုလို နာမည်ကျော်တဲ့သူနဲ့ တခါမှ မကစားခဲ့ဖူးကြပါဘူး။ အရင်နှစ်တုန်းကတော့ The Enclave မှာ နေထိုင်တဲ့သူတွေနဲ့ အဖွဲ့ဝင်တွေက McConaughey ကို သူတို့နဲ့အတူတူ Bingo ကစားဖို့ social media ပေါ်မှာတင်ခဲ့ဖူးပါတယ်။ အခု COVID-19 ဖြစ်တဲ့အချိန် McConaughey လည်း သူတို့နဲ့အတူတူ Bingo ဆော့ဖို့အချိန်ရခဲ့ပုံပါပဲ။ McConaughey နဲ့အတူတူ သူ့အမေ၊ သူ့ဇနီး နဲ့ သူ့ကလေးနှစ်ယောက်တို့ပါ တူတူ ဆော့ခဲ့ကြပါတယ်။ အဖိုးအဖွားတွေနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင်ဆော့ခဲ့ကြပြီးတော့ အနိုင်ရတဲ့သူ ၂ ယောက်ရှိခဲ့ပါတယ်။

အခုလိုအချိန်အခါမှာ လူကြီးတွေအနေနဲ့ပိုပြီး သတိထားရမယ့်အချိန်ဖြစ်နေလို့ သူတို့ဆီမှာလည်း စိတ်ဖိစီးမှုတွေ၊ အထီးကျန်တာတွေဖြစ်နေမှာပါ။ အခုလိုမျိုး နာမည်ကြီးမင်းသားတစ်ယောက်က Bingo တူတူဆော့ပေးပြီး Cheer up လုပ်ပေးတော့ တူတူဆော့ခွင့်ရတဲ့အဖိုးအဖွားတွေလည်း အနည်းနဲ့အများတော့ စိတ်သက်သာသွားကြမှာပါ။ LUSHer တို့လည်း COVID-19 ဖြစ်နေတဲ့ဒီကာလမှာ ကိုယ့်ရဲ့လူကြီးမိဘတွေကို ပိုပြီးဂရုစိုက်အားပေးတာမျိုးလုပ်ပြီး social distancing ကိုလည်းလိုက်နာကြမယ်နော်။ အားလုံးပဲ ဒီကပ်ရောဂါကြီးရဲ့ဘေးကို အောင်အောင်မြင်မြင်ကျော်လွှားနိုင်ကြပါစေ။

https://lushmagazinemm.com/wp-content/uploads/2020/04/McCounaughey.mp4

Source: The Enclave at Round Rock Senior Living‘s Facebook Page

1
Facebook Twitter Google + Pinterest
Maeve

previous post
The Designer and the Goldsmith
next post
TESLA, Driving the Future

Recommended

Rihanna ရဲ့ FENTY ကနေ အသစ်ထွက်ရှိလာတဲ့ နေကာမျက်မှန်တွေ

May 14, 2020

The Simpsons နှစ် ၃၀ ပြည့်အတွက် ထွက်ရှိလာတဲ့ Vans x...

August 6, 2020

MAC ကအသစ္ထုတ္လိုက္တဲ့ Lip Glosses 

June 20, 2018

Premium ဖြစ်တဲ့ ခံစားမှုမျိုးကို ရရှိနိုင်မယ့် “PRADA FOR ADIDAS” 

September 8, 2020

Heritage of Volvo

October 12, 2017

Special Edition Bottles ထုတ်လုပ်ပြီး ပြန်လက်တွဲလာကြတဲ့ BAPE နဲ့ Coca-Cola

May 20, 2020

How to arrange your room to look bigger. 

July 22, 2020

Gentle Monster “MY MARS” Campaign

March 3, 2020

Festival of Parades

July 3, 2020

Nintendo Switch

May 29, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem