Bodysuit ကို ၂၀၁၆ ခုနှစ်လောက်ကနေစပြီး celebrities တွေရဲ့ကြားမှာ ကြိုကြားကြိုကြား တွေ့လာလိုက်တာအခုဆို bodysuit က မိန်းကလေးတိုင်းလိုလိုရဲ့ wardrobe ထဲမှာရှိနေပါပြီ။ bodysuit trend ပြန်ပြီးခေတ်စားလာတာက Selena Gomez, Gigi Hadid, Vanessa Hudgens နဲ့ Kardashian တို့လို celebrities တွေဝတ်ရာကနေစခဲ့တယ်လို့လည်းပြောလို့ရပါတယ်။ Bodysuit ရဲ့ သမိုင်းကို အကျဉ်းချုံးပြောရမယ်ဆိုရင် bodysuit က ၁၉၇၀ ခုနှစ်တွေမှာ လူသိများလာတာပါ။ နောက်ပိုင်းမှာ ဒီဇိုင်နာတွေကလည်း သတိထားမိလာပြီးတော့ ဖက်ရှင်ကျတဲ့ bodysuit တွေကို ထုတ်လုပ်ခဲ့ကြပါတယ်။ အဲ့နောက်ပိုင်း ၁၉၈၀ ခုနှစ်တွေမှာလည်း ယောကျာ်းလေးရော၊ မိန်းကလေးတွေကြားမှာပါ bodysuit က ခေတ်စားခဲ့ပါသေးတယ်။
Bodysuit က ကျွမ်းဘားအားကစားလုပ်တဲ့သူတွေ နဲ့ ဘဲလေးကတဲ့သူတွေရဲ့ဝတ်စုံနဲ့လည်း ဆင်ပါတယ်။ ခါးမြင့်ဘောင်းဘီတွေ၊ pencil စကတ်တွေဝတ်တဲ့အခါ အင်္ကျီကိုခါးထဲထည့်ဝတ်တဲ့အချိန်မျိုးမှာ အင်္ကျီစထွက်နေတာမျိုး၊ သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်နေရတာမျိုး အခက်အခဲတွေရှိပေမဲ့ အဲ့အခက်အခဲတွေကို bodysuit က ပြေလည်စေပါတယ်။ Bodysuit ကိုချုပ်တဲ့အသားတွေက ပေါ့ပေါ့ပါးပါးဖြစ်လို့ နွေရာသီမှာဝတ်လည်း အဆင်ပြေတယ်။ နောက်ပြီး bodysuit က ဆွဲဆောင်မှုရှိလို့ သူ့ကိုဝတ်တဲ့အခါကျရင် ယုံကြည်မှုပိုရနိုင်ပါတယ်။
#LUSHmagazineMyanmar #LUSHitRight #LUSHfashionVocab #Bodysuit