Victoria’s Secret Brand ကတော့ သူ့ရဲ့ပထမဆုံး Transgender Model အဖြစ် ဘရာဇီးမော်ဒယ် Valentina Sampaio ကိုရွေးချယ်လိုက်ပြီလို့ မနေ့ကပဲတရားဝင်ကြေညာလိုက်ပါပြီ။
လွန်ခဲ့တဲ့နှစ်တွေတုန်းက Victoria’s Secret မော်ဒယ်ရွေးချယ်ပုံနဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်း ကြားမှာ ဝေဖန်မှုတွေရှိနေခဲ့ပေမယ့် အခုအခါမှာလည်း သူတို့ရဲ့ပထမဆုံး Transgender Model ကိုရွေးချယ်လိုက်ပါပြီ။
Valentina Sampaio ကအခုချိန်မှာ အသက် ၂၂ နှစ်အရွယ်ရှိပြီး အနုပညာလှုပ်ရှားမှုအဖြစ် ဘရာဇီး Vogue မှာပထမဆုံးဖော်ပြခံခဲ့ရတဲ့ Transgender Model တစ်ဦးလည်းဖြစ်ပါတယ်။ ဒါတင်ပဲလားဆိုတော့ L’OREAL ရဲ့ Spokeswoman ထဲမှာလည်း ပါဝင်ခဲ့ပါသေးတယ်။
Valentina က အသက်ရှစ်နှစ်အရွယ်မှာ သူ့ကိုယ်သူ အမျိုးသားတစ်ဦးအဖြစ် ရပ်တည်ရတာထက် အမျိုးသမီးတစ်ဦးအဖြစ် ရပ်တည်ရတာကို သဘောကျသူဖြစ်တယ်ကို သတိပြုမိခဲ့တာဖြစ်ပြီး သူရဲ့ Transgender ဖြစ်ချင်တဲ့ ဆန္ဒကို အကောင်အထည်ဖော်ခဲ့နိုင်သူလည်းဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်မှာ ဘရာဇီး ရုပ်သံဇာတ်လမ်းတွဲ A Força do Querer (“Force of Will”, English title Edge of Desire) မှာ ပါဝင်သရုပ်ဆောင်ခဲ့သလို Berenice Procura ဇာတ်ကားမှာလည်း သရုပ်ဆောင်အဖြစ် ပါဝင်ခွင့် ရရှိခဲ့ပါသေးတယ်။
အခုလို Victoria’s Secret ရဲ့  Transgender Model အဖြစ်ရွေးချယ်ခံခဲ့ရတာဖြစ်တဲ့ အတွက် သူမအတွက် တော့ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုဖြစ်တယ်လို့ ပြောလို့ ရပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာ Victoria’s Secret ရဲ့ Runway မကျင်းပဖြစ်တော့ဘူးဆိုတာ ပြီးခဲ့တဲ့ရက်ပိုင်းကတင်ကြေညာခဲ့သေးတာဆိုတော့ Victoria’s Secret အနေနဲ့ ဘယ်လိုလှုပ်ရှားမှုတွေနဲ့ ဈေးကွက်ထဲထိုးဖောက်မလဲဆိုတာ စိတ်ဝင်စားစရာတော့ကောင်းနေပါပြီ။
Editor: Cherry