အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ စင်ကာပူတို့မှာ နှစ်စဉ်ပြုလုပ်တဲ့ Thailand Grand Sale, Great Singapore Sale တို့လိုမျိုး ကျင်းပမယ့် Junction Shopping Centre တွေရဲ့ Grand Yangon Sale ကတော့ Shopping ကြိုက်သူတွေကို အတော်လေးဆွဲဆောင်နေပါပြီ။
ဇူလိုင် (၃) ရက်နေ့ ကနေ သြဂုတ် (၄) ရက်နေ့အထိ ၁လ တိတိပြုလုပ်သွားမယ့် ဒီ Grand Yangon Sale ကြီးမှာ လူကြိုက်များတဲ့ brand တွေဖြစ်တဲ့ Furla, Coach, Hugo Boss, Armani Exchange, Versace, MK, Pandora, Morning Glory, VNC, Estee Lauder, Clinique, Loccitane, Arty, Thiri Silk, Bossini, Nichii, Esprit, Timber Land, Pretty Fit, Ipanema, Havaianas, Samsung, Discovery, Bread Talk, YKKO, Kitschen, Spicy House, Remax တို့လည်းပါဝင်ပြီး စိန်ရွှေရတနာဆိုင်ခန်းတွေ၊ အ၀တ်အထည်ဆိုင်ခန်းတွေ နဲ့ လူသုံးကုန်ပစ္စည်းဆိုင်ခန်းတွေ အပါအ၀င် စားသောက်ဆိုင်တွေမှာပါ ၃၀% ကနေ ၉၀% ထိ ဈေးလျော့ ရောင်းချသွားမယ်လို့လည်း ဇူလိုင် (၂) ရက်နေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကနေ သိရပါတယ်။
Junction Shopping Centre တွေထဲက Junction Square, Junction Center Maw Tin, Junction Center 8 miles နဲ့ Junction City တွေမှာ Grand Yangon Sale ကိုကျင်းပသွားမှာပါ။ ဒါဆို ကိုယ်ဝယ်ချင်တဲ့ brand တွေရှိလို့ sale စောင့်နေတဲ့သူတွေ၊ Shopper တွေအားလုံးအတွက် သတင်းကောင်းပါပဲ။