Coachella ပွဲဟာဆိုရင် ဧပြီလ ၁၂ ရက်နေ့ကနေ ဧပြီလ ၂၁ ရက်နေ့အထိ ကျင်းပတဲ့ Festival တစ်ခုဖြစ်ပြီးတော့ ကမ္ဘာတစ်ဝှမ်းလုံးက နာမည်ကျော်တွေပါ လာရောက်ဆင်နွှဲကြတဲ့ Music Festival တစ်ခုပါ။ ဒီ Coachella ပွဲဟာ Music Festival တစ်ခုဆိုပေမယ့် ရက်သတ္တပတ်ကျော်ကြာအောင် ကျင်းပလေ့ရှိပြီးတော့ ဂီတအမျိုးအစားမျိုးစုံကို ခံစားနားဆင်နိုင်တဲ့ ပွဲတော်ကြီး တစ်ခုဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ဒီ Coachella ပွဲကို လူငယ်တော်တော်များများက ဂီတနဲ့ ပတ်သက်လို့သာမကပဲ ပွဲကိုတက်ရောက်လာကြတဲ့သူ
တွေရဲ့ ဖက်ရှင်တွေ၊ မိတ်ကပ်တွေနဲ့ ပတ်သက်ပြီး ပိုစိတ်ဝင်စားလာကြတာ တွေ့ရမှာပါ။ အထူးသဖြင့် ပြည်တွင်းမှာလည်း နာမည်ကြီး Festival တွေလာရောက်ကျင်းပနေတာ ဖြစ်တဲ့အတွက် သူတို့ဆီက ဖက်ရှင်တွေနဲ့ အပြင်အဆင်တွေဟာ နမူနာ ယူစရာဖြစ်လာတာပါ။ ဒီနှစ်မှာလည်း Coachella ပွဲကတော့ ပုံမှန်အတိုင်း ဧပြီ ၁၂ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ကျင်းပခဲ့ပြီးတော့ နာမည်ကျော် ငွေကြယ်ပွင့်တွေများစွာ တက်ရောက်ခဲ့ပါတယ်။ သူတို့ ဘာတွေ ဘယ်လိုဝတ်ဆင်ထားလဲ၊ ဘယ်သူက မိုက်နေလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဒီအတွက် LUSH က အမိုက်တကာ့ အမိုက်ဆုံး ဖက်ရှင်တွေကို စုစည်းပေးလိုက်ပါတယ်နော်။
Editor: Su Yi Htet