LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LUSH DAILY

Victoria’s Secret ရဲ့ Angel အသစ် ဖြစ်လာတဲ့ Leomie Anderson

written by SuYiHtet April 5, 2019
Victoria’s Secret ရဲ့ Angel အသစ် ဖြစ်လာတဲ့ Leomie Anderson

Victoria’s Secret လို နာမည်ကျော် Brand ကြီးရဲ့ မော်ဒယ်လ်တစ်ယောက်အဖြစ်ကိုယ်စားပြုရတာ၊ Angel တစ်ယောက်ဖြစ်ရတာဟာ မော်ဒယ်လ်တစ်ယောက်အတွက် တန်ဖိုး မဖြတ်နိုင်တဲ့ ချီးမြှောက်မှုတစ်ခုပါ။ Victoria’s Secret ရဲ့ On-Contract Model ဖြစ်လာပြီဆိုတည်းက Campaign တွေမှာ ပါဝင်ခွင့်၊ ပွဲတွေမှာ ပါဝင်ခွင့်နဲ့အတူ VS ရဲ့ နှစ်စဉ်လျှောက်လမ်း စင်မြင့်ထက်မှာလှပတဲ့ Wing တွေကို ၀တ်ဆင်ပြီး
Angelတစ်ယောက်အဖြစ် ပွဲထွက်ရမယ့် အခွင့်အရေးတွေ အကုန် ပိုင်ဆိုင်နိုင်ခွင့်ရှိပါတယ်။ ဒီအခွင့်အရေးနဲ့ လက်တကမ်းမှာရှိတဲ့
မော်ဒယ်လ်တွေ များစွာရှိတဲ့အထဲကမှ Leomie Anderson ဟာ VS ရဲ့ မျက်နှာသစ် မော်ဒယ်လ် Angel တစ်ယောက်ဖြစ်လာခဲ့ပါပြီ။

လက်ရှိမှာ အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ Leomie Anderson ဟာ Victoria’s Secret ရဲ့ မျက်နှာသစ် Angel တန်းထဲမှာ ပါဝင်တော့မယ်ဆိုတဲ့ ဒီသတင်းကို Victoria’s Secret Instagram Page မှာ တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။

လန်ဒန်တောင်ပိုင်းဇာတိဖြစ်ပြီး ဂျမေကာသွေးနှောတဲ့ Leomie Anderson ဟာ မော်ဒယ်လ်အလုပ်ကို လုပ်ကိုင်နေတာ ကိုးနှစ်ကျော်ရှိပါပြီ။ သူမရဲ့ အသက်မွေးကြောင်းအလုပ်ကို Runway မှာ စတင်ပွဲထွက်ခဲ့တာ Marc Jacobs အတွက်ဖြစ်ပြီးတော့ နောက်ပိုင်းမှာ ထိပ်တန်း တံဆိပ်တွေဖြစ်တဲ့ Moschino ၊Tommy Hilfiger ၊Tom Ford ၊Oscar de la နဲ့ Renta Ralpgh Lauren တို့အတွက် ရှိုးတွေ လျှောက်ခဲ့သလို Fenty Beauty နဲ့ Pat McGrath တို့ရဲ့ အဓိက Beauty Campaign တို့မှာ ပါဝင်ခဲ့ဖူးပါတယ်။

ဒါ့အပြင် Leomie Anderson ဟာ LAPP the Brand  လို့ ခေါ်တဲ့ ပလက်ဖောင်းကနေ  အခြားသောအမျိုးသမီးလေးတွေကို သူမတို့ရဲ့ ခံစားချက်တွေ အပြန်အလှန်ဝေမျှဖလှယ်တဲ့အခါ ကူညီဖို့ ထည်ထောင်ထားတာနဲ့ ပတ်သက်ပြီးလည်း လူသိများပါတယ်။ LAPP the Brand  ကနေ Streetwear တွေကို Inspire လုပ်ထားတဲ့ Sport Bra တွေ၊ Track Suit တွေ ပါဝင်တဲ့ Collection တစ်ခုကိုလည်း ထုတ်လုပ်ဖန်တီးခဲ့ပါသေးတယ်။

Leomie Anderson ဟာ ဒီနှစ်ထဲမှာ ရွေးချယ်ခြင်းခံထားရတဲ့ Barbara Palvin နဲ့ Alexina Graham တို့နဲ့အတူ Victoria’s Secret Angel  အဖြစ် ပါဝင်လာမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လေးနှစ် ၂၀၁၅ တုန်းကတော့ Victoria’s Model အဖြစ် ပါဝင်ခဲ့တဲ့ Leomie Anderson ဟာ အခုချိန်မှာ Angel တစ်ယောက်အဖြစ် ရွေးချယ်ခံခဲ့ရတာပါ။ သူမဟာ Lais Ribeiro နဲ့ Jasmine Tookes တို့ပြီးတဲ့နောက် Victoria’s Secret ရဲ့ Angel အဖြစ် ပထမဦးဆုံး ပြန်လည်ရွေးချယ်ခြင်းခံရတဲ့ လူမည်းမော်ဒယ်လ်တစ်ယောက်လည်း ဖြစ်ပါတယ်။

Ref: glamour.com

Editor : Su Yi Htet

 

 

 

 

LUSH April 2019LUSH DAILYlush fashion
1
Facebook Twitter Google + Pinterest
SuYiHtet

previous post
A POET’S DREAM
next post
THANAKHAR CHARM

Recommended

Designer မင်းသက်စံရဲ့ Sweet And Smart Haute Couture &...

May 17, 2019

L’Oreal Paris ရဲ့ မျက်နှာသစ် Global Brand Ambassador ဖြစ်လာတဲ့...

April 3, 2019

Dry Skin ပိုင်ဆိုင်တဲ့သူတွေအတွက်ပါ ထည့်သွင်းစဉ်းစားပြီး Foundation အသစ်ကို မိတ်ဆက်လိုက်တဲ့ Fenty...

August 2, 2019

တစ်ခေတ် တစ်ခါကနာမည်ကျော်ခဲ့တဲ့ Iconic တွေနဲ့သူတို့ရဲ့ Fashion အသုံးအဆောင်များ

September 21, 2019

Mötley Crüe အကြောင်းရုပ်ရှင် The Dirt

March 21, 2019

Optimising your decor with clocks

June 26, 2020

LUSH Pick July 2019 | Beauty Curate

July 25, 2019

ရန်ကုန်မြို့က သက်တမ်းရင့် ရုပ်ရှင်ရုံ ဝဇီရာ

September 23, 2020

Binging on Books

June 19, 2020

တွေ့ကြုံခံစားမှုအသစ်အဆန်းကို ခံစားနိုင်မယ့် Singapore Festival 2020

December 17, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem