၂၀၁၅ ခုနှစ်က I wanna go to school ဆိုတဲ့ ရိုးရှင်းပြီး အဓိပ္ပာယ်ပြည့်ဝတဲ့၊ မြန်မာ့နိုင်ငံရေးမျက်နှာပြင်ပေါ်က ပညာရေးရဲ့အခန်းကဏ္ဍတစ်ခုကို ပုံဖော်ထားတဲ့ Animation Short Film တစ်ခုကိုကြည့်ခွင့်ရခဲ့ပါတယ်။ စကြည့်ကတည်းက နိုင်ငံတကာဆုရ Animation ဆိုပြီး ကြည့်ခဲ့ရတာပါ။ ဖန်တီးသူက ဥာဏ်ကျယ်စေ၊ ဆရာအော်ပီကျယ်ရဲ့သားပါတဲ့။ ဆရာအောင်သင်းပြောပြဖူးတာတစ်ခုသတိရမိပါတယ်။ အမေရိကန်၊ ဟားဗတ်တက္ကသိုလ်ကနေဘွဲ့ရပြီး ကြွားလုံးမထုတ်တာ အော်ပီကျယ်တစ်ယောက်ပဲရှိပါတယ်တဲ့။ ဟုတ်ပါတယ်။ မြန်မာပြည်က ဒိတ်ဒိတ်ကြဲကာတွန်းဆရာတစ်ယောက်ဖြစ်တဲ့ ဆရာအော်ပီကျယ်ရဲ့သား ဥာဏ်စေကျယ်ဖြစ်ပါတယ်။
We got a chance to watch “I wanna go to school” in 2015. The animation short film about child labour issue in Myanmar has gathered many awards around the world. The creator of this film was Nyan Kyal Say, son of the renowned cartoonist Aw Pi Kyal. We recalled what Sayar Aung Thin has said before, “Aw Pi Kyal is the only one who never bragged about being graduated from Harvard”. Yes, he is the son of that cartoonist Aw Pi Kyal. It was hard to guage Nyan Kyal Say’s age before meeting. He is a young man.
အဲဒီတုန်းက ဥာဏ်ကျယ်စေဆိုတာ အသက်အရွယ်အပိုင်းအခြားအားဖြင့် လူငယ်လား၊ လူလတ်လား ဘယ်အသက်အရွယ်မှန်းမသိခဲ့ပါဘူး။ တကယ်တော့ သူဟာ လူငယ်တစ်ယောက်သာဖြစ်ပါတယ်။ I wanna go to school နောက်ပိုင်းမှာ သူဟာ My Life I don’t want ဆိုတဲ့ Short Film တစ်ခုကို ထပ်မံဖန်တီးခဲ့ပြီး Film Festival ပေါင်း ၁၄၀ မှာ ပြသခံခဲ့ရပြီး ဆုပေါင်း ၃၉ ဆုရရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ သူ့အစ်ကိုဖြစ်သူ နိုဗယ်အောင်နဲ့ပေါင်းပြီး Pencell ဆိုတဲ့ Animation Studio ကိုတည်ထောင်ခဲ့ပါတယ်။ Pencell Studio ကနေ ဖန်တီးမှုတွေထဲမှာ လက်ရှိအချိန်ထိ အပေါက်မြောက်ဆုံးနဲ့ အအောင်မြင်ဆုံးတစ်ခုကတော့ Big Bag ရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ “သတိရတယ်” သီချင်းကို Animated Music Video ဖန်တီးပြခဲ့တာပဲဖြစ်ပါတယ်။ ဒီ Music Video အတွက် နော်ဝေးနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Ringerike International Youth Film Festival 2018 မှာ Best Music Film Award ကိုရရှိခဲ့ပါတယ်။ ဒါကတော့ Pencell ရဲ့ ကြီးမားတဲ့လှေကားထစ်များစွာထဲက တစ်ထစ်ဖြစ်ပါတယ်။
After “I wanna go to school”, he released another short film “ My Life I don’t want” which was shown in 140 Film Festivals and received 39 awards.
In 2017, he started the Animation Studio “Pencell” with his brother Nobel Aung. Their most successful creation to date is the Animated Music Video of Big Bag’s “Tha Di Ya Dal (Grounded)”. This video received “Best Music Film Award” from Ringerike International Youth Film Festival 2018. It was a big stepping stone for Pencell.
အခု ကျွန်တော်တို့ရဲ့ Creator ကဏ္ဍ မှာ Pencell Studio က Founder တစ်ဦးဖြစ်တဲ့ အထက်မှာလည်း အများကြီးညွှန်းခဲ့ပြီးပြီဖြစ်တဲ့ ဥာဏ်ကျယ်စေနဲ့တွေ့ဆုံထားပါတယ်။ အသက် ၁၀ နှစ်အရွယ်ကတည်းက Animator တစ်ယောက်ဖြစ်ဖို့ကြိုးစားခဲ့တဲ့ ဥာဏ်ကျယ်စေက Pencell Studio စတင်ဖြစ်ခဲ့စဉ်ကအကြောင်းကို အခုလိုပြောပြပါတယ်။ “ Pencell ကို စတည်ထောင်တာက ၂၀၁၇ ခုနှစ်၊ နှစ်ကုန်ပိုင်းလောက်မှာပေါ့။ ကျွန်တော်ရယ်၊ ကျွန်တော့်အစ်ကိုရယ်ပေါ့။ စလုပ်တုန်းကတော့ လူ ၆ ယောက်နဲ့ပဲလုပ်ခဲ့တာ။ စထောင်ပြီး ဒီတစ်နှစ်ခွဲအတွင်းမှာ အခုတော့ လူအယောက် ၃၀ လောက်ဖြစ်နေပါပြီ။ ၂၀၁၇ မှာစထောင်တယ်ဆိုပေမယ့်လည်း ကျွန်တော်တို့ Animation လုပ်နေတာကကြာပါပြီ။ ကျွန်တော်ဆိုရင် အသက် ဆယ်နှစ်ဝန်းကျင်လောက်ကတည်းက Animation ကိုစလေ့ကျင့်ခဲ့တာ။ ဒီလိုနဲ့ ၂၀၁၀ နောက်ပိုင်း မှာ ပိုပြီးနှစ်လုပ်ရင်းနဲ့ ၂၀၁၅ လောက်မှာမှ ပရော်ဖက်ရှင်နယ်နီးပါးစလုပ်ဖြစ်လာတယ်။ ၂၀၁၇ မှာ ဒီ Pencell ကို စလုပ်ဖြစ်ခဲ့တယ်ဆိုတာက အဲဒီမတိုင်ခင်က ကျွန်တော်လည်းကျောင်းတစ်ဖက်နဲ့ဖြစ်တာရယ်ပေါ့၊ ၂၀၁၇ မှာ ကျွန်တော်လည်း ကျောင်းပြီးသွားတယ်။ ပြီးတော့ ကျွန်တော့်အစ်ကိုကလည်း သူ့တခြားကုမ္ပဏီကနေထွက်လာပြီးတော့ ကျွန်တော်တို့ညီကိုနှစ်ယောက်လုပ်ဖြစ်လိုက်ကြတာပေါ့။ ငယ်ငယ်ကတည်းကလည်း သူနဲ့အတူပေါင်းလုပ်လာခဲ့တာဆိုတော့ စတင်ဖြစ်သွားတာပါ” လို့ ပြောပြပါတယ်။
When we met with our Creator of the month, Pencell Founder Nyan Kyal Say, he told us he wanted to be an Animator since he was ten years old. As for Pencell Studio, he explained “Pencell was started in the late 2017 with my brother. We had six staffs in the beginning but within a year and a half, we have over 30 staffs now. Although we started in 2017, we have been doing Animation for a long time. I started doing Animation since I was ten. I began doing it seriously in 2010 and by 2015, I was almost doing it professionally. The reason I started Pencell in 2017 was because I finished with my studies and my brother just left his job. We have been drawing together since we were young so we started this together.” Nyan Kyal Say and Nobel Aung are brothers. They have been drawing together since young. Nyan Kyal Say laughingly said that they were each others’ only fan when they started drawing cartoons and comics. With that, they dove into the Animation industry which is very small in the still developing Myanmar.
ဥာဏ်ကျယ်စေနဲ့ နိုဗယ်အောင်က ညီကိုအရင်းတွေပါ။ ကလေးဘ၀ကတည်းက ကာတွန်းတွေအတူဆွဲခဲ့ကြပြီး နိုဗယ်အောင်ရဲ့ ကာတွန်းတွေ၊ Comic တွေရဲ့ တစ်ဦးတည်းသော ပင်တိုင်ပရိသတ်က ဥာဏ်ကျယ်စေဖြစ်သလို၊ ဥာဏ်ကျယ်စေရေးတဲ့ Comic တွေရဲ့ တစ်ဦးတည်းသော ပရိသတ်ကလည်း နိုဗယ်အောင်ပါပဲလို့ ဥာဏ်ကျယ်စေက ရယ်မောရင်းနဲ့ပြောပြပါသေးတယ်။ မြန်မာပြည်ရဲ့ တိုးတက်မှုနှေးပြီး ရှားပါးတဲ့ Animation လောကမှာ ရဲရဲဝံ့ဝံ့ရပ်တည်ဖို့ သူတို့ဟာ Pencell နဲ့အတူ စတင်ခဲ့ပါတယ်။ “အခက်အခဲတွေကတော့ အများကြီးပေါ့။ စကတည်းက ညီကိုနှစ်ယောက်အိတ်စိုက်ပြီးလုပ်ခဲ့ကြတယ်။ ကျွန်တော်တို့ မိဘအသိုင်းအ၀ိုင်းဆိုတာလည်း ငွေကြေးချမ်းသာတဲ့အသိုင်းအ၀ိုင်းကမဟုတ်ဘူး။ ကျွန်တော်တို့စလုပ်တုန်းက အခန်းမငှားနိုင်ဘူး။ ကိုယ့်အိမ်ကအခန်းမှာပဲ ၆ ယောက်စုပြီးလုပ်ခဲ့ကြတယ်။ နောက်တော့ အခန်းကျဉ်းလေးတစ်ခန်းငှါးနိုင်ခဲ့တယ်။ ကျွန်တော်တို့တကယ့်ရည်ရွယ်ချက်က Animation ကားတွေကို Produce လုပ်ဖို့၊ Short Film တွေဖြစ်မယ်။ Series တွေဖြစ်မယ်ပေါ့။ နောက်ပိုင်း ရုံတင်ကာတွန်းရုပ်ရှင်အထိ ကျွန်တော်တို့သွားဖို့လုပ်ချင်တယ်။
“There were many difficulties, of course. We started with our own cash and we didn’t come from rich background. We couldn’t afford to rent a room so we started with six people at our house. Afterward, we got a small flat. Our main aim is to produce animated movies, short films and series. Afterward, we want to go for cinematic movies. Before reaching that stage, we need income and talents. We are still lacking in talents with Animation skills. We don’t have schools, universities and classes dedicating to it. Because of that, we need to grow out the talents ourselves. It requires time and we also need to learn and constantly improve ourselves to keep up with the International level. We also need a space to work and also equipment. There were many problems.”
အဲဒီအဆင့်အထိမရောက်ခင်မှာလောလောဆယ်မှာကိုယ်ကိုယ်တိုင်က တစ်ခုခုစလိုက်ဖို့အတွက် ငွေကြေးလည်းလိုတယ်။ လူတွေလည်းလိုတယ်။ ပြီးတော့ Animation ကျွမ်းကျင်တဲ့လူတွေကရှားသေးတယ်။ ကျောင်းတွေ၊ သင်တန်းတွေ၊ တက္ကသိုလ်တွေဆိုတာမရှိဘူး။ မရှိတော့ ဒီလူတွေကို ကိုယ်ကိုယ်တိုင်မွေးထုတ်ပေးနိုင်ဖို့လုပ်ရတယ်။ ဒီအတွက်လည်း သူတို့ကို အချိန်ပေးရတယ်။ ကိုယ်တိုင်လည်းနိုင်ငံတကာမှာ ဘယ်လိုသွားနေလဲ ဘယ်လိုလုပ်နေလဲဆိုတာမီအောင် လေ့လာရတယ်။ နောက်တစ်ခုက အလုပ်လုပ်ဖို့နေရာလည်းလိုအပ်တယ်။ စက်ပစ္စည်းလည်းလိုအပ်တယ်။ အဲဒီအချိန်မှာကြုံရတဲ့အခက်အခဲတွေကတော့ အများကြီးပဲ။” ဒါကတော့ ကိုဥာဏ်စေကျယ်ပြောပြတဲ့ Animation Studio တစ်ခုစတင်ခဲ့ရစဉ်က အဓိကကြုံရတဲ့အခက်အခဲတွေအကြောင်းနဲ့ သူတို့လုပ်သွားမယ့် ရည်ရွယ်ချက်အကြောင်းကိုပါ တစ်ဆက်တည်းတွဲစပ်ပြောပြခဲ့တာဖြစ်ပါတယ်။ ဆရာဝန်တစ်ယောက်လည်းဖြစ်တဲ့ ဥာဏ်စေကျယ်ကို သူ့ဖခင်ဖြစ်သူ ဆရာအော်ပီကျယ်ကတော့ ရိုးရိုးဆရာဝန်တစ်ယောက်ထက် အထူးကုကျွမ်းကျင်ဆရာဝန်အထိဖြစ်စေချင်တာလို့ဆိုပါတယ်။
His father, Sayar Aw Pi Kyal, was a doctor and wanted his son to be a specialist instead of an ordinary doctor. Nyan Kyal Say did not have the passion for it. “My father does not tell us what to do. He gives us guidance occasionally to keep ourselves in check. He wanted me to be a specialist doctor. He never stated it directly but would hint it time to time. In the last year of studies where I had to make a major decision, I told him about my plan while I was getting ready for school. He went quiet and looked rather upset. I felt bad but I understood. And he understood where I came from as well.”
ဒါပေမယ့် သူဟာ အထူးကုဆရာဝန်တစ်ယောက်အထိဆက်သွားဖို့အတွက် အစီအစဉ်မရှိခဲ့ပါဘူး။ “ကျွန်တော်တို့ကို အဖေက ဘာလုပ်ပါ ညာလုပ်ပါဆိုပြီးမပြောဘူး။ ကိုယ့်ကိုယ်ကို ထိန်းကျောင်းတတ်အောင်လောက်ပဲ သူက နည်းနည်းပါပါးလေး ပြောပေးရုံပဲရှိတာ။ ပြီးတော့ ကျွန်တော့်ကိုဆိုရင် အထူးကုဆရာဝန်ကြီးလောက်အထိဖြစ်အောင်လုပ်စေချင်တယ်။ ရိုးရိုးဆရာဝန်တစ်ယောက်အနေလောက်နဲ့ရပ်မသွားစေချင်ဘူး။ တိုက်ရိုက်မပြောပေမယ့် အရိပ်အမြွက်တော့ အဲလိုပြောတယ်။ ဒါပေမယ့် နောက်ဆုံးနှစ်မှာ ဆုံးဖြတ်ရတော့မယ့် အခိုက်အတန့်မှာ ကျွန်တော်လည်း ဒီလိုပဲ ကျောင်းသွားဖို့အ၀တ်လဲရင်းနဲ့ ထုတ်ပြောဖြစ်လိုက်တယ်။ သူလည်း စိတ်မကောင်းဖြစ်သွားပုံပဲ၊ ငြိမ်သွားတယ်။ ကျွန်တော်လည်းစိတ်မကောင်းဘူးပေါ့။ ဒါပေမယ့် နားလည်တယ်။ သူလည်းကျွန်တော့်ကိုနားလည်တယ်။ ကျွန်တော်လည်း သူ့ကိုနားလည်တယ်။” လို့ ဥာဏ်ကျယ်စေကပြောပြပါတယ်။
Sayar Aw Pi Kyal is a well-known Cartoonist, a revered artist and an intellectual. What knowledge did he pass down to his son? Nyan Kyal Say said, “My father does not even have time for himself since we were very young. So instead of regular teaching, he would instruct us on important methods maybe once or twice a month when he’s free”.
ဆရာအော်ပီကျယ်ဆိုတာလည်း ပညာတတ်တစ်ဦးလည်းဖြစ်၊ နိုင်ငံကျော်ကာတွန်းဆရာတစ်ဦးလည်းဖြစ်၊ အနုပညာသမားတစ်ဦးလည်းဖြစ်တော့ ဥာဏ်ကျယ်စေအပေါ်မှာရော ဘာတွေသင်ပြမှုတွေရှိလဲဆိုတဲ့အခါ “အဖေက သူကိုယ်တိုင်အချိန်သိပ်အားသူတစ်ယောက်မဟုတ်တော့ ကျွန်တော်တို့ကို ပုံသေကြီး သင်ပေးတာမျိုးသိပ်မရှိပါဘူး ငယ်ငယ်ကတည်းကပေါ့။ တစ်လမှာ တစ်ကြိမ်လောက်သော်လည်းကောင်း၊ နှစ်လမှာတစ်ကြိမ်လောက်သော်လည်းကောင်း အချိန်အခွင့်အခိုက်သင့်ရင်သင့်သလိုတော့ အရေးကြီးတာလေးတွေတချို့ကိုသင်ပြပေးတယ်။ အဖေ့ဆီက အကြီးဆုံးသော အမွေရတာ နှစ်ခုဆိုရင် တစ်ခုက သူ့ရဲ့စာအုပ်တွေပေါ့။ အဖေ့ဆီမှာ စာအုပ်တွေအများကြီးရှိတယ်။ ကြိုက်တဲ့စာအုပ်ကို ယူဖတ်ခွင့်ပေးတယ်။ ဖတ်သင့်တဲ့စာအုပ်တချို့ကို သူက Recommend ပေးတယ်။ တစ်ခါတစ်ရံမှာ သူပြောချင်တဲ့စကားတွေက ကျွန်တော်တို့ကို တိုက်ရိုက်မပြောပေမယ့် ဒီစာအုပ်ထဲမှာ ရှိရင် ရှိနေတယ်။ နောက်တစ်ခုက သူကိုယ်၌ကိုယ်က ကျွန်တော်တို့အတွက် Inspired ဖြစ်တယ်။ သူကတော့ အနုပညာသမားစစ်စစ်တစ်ယောက်ဖြစ်တယ်။ ကျွန်တော်တို့ကျတော့ အပြင်အာရုံတွေလည်း နည်းနည်းများတယ်။ အဖေကကျတော့ သူ့အတွေးအခေါ်ရယ်၊ သူ့အနုပညာရယ်ပဲသွားတယ်။ သူဟာ ဟားဗတ်တက္ကသိုလ်ကနေ MPA(Master of Public Administration) ဘွဲ့ရတယ်။ NGO လိုနေရာမျိုးမှာပဲ ဖြစ်စေ သူအလုပ်လုပ်ရင် ဒေါ်လာ ထောင်ချီ၊ သောင်းချီ ရနိုင်တယ်။ တခြား Organization တွေမှာလည်းလုပ်လို့ရတယ်။ ဒါပေမယ့် သူမလုပ်ဘူး။ RIT မှာ Engineering နဲ့ပြီးခဲ့တယ်။ ဒါပေမယ့် သူမလုပ်ဘူး။ သူမလုပ်ဘူးဆိုပေမယ့် ဒါတွေက အလကားမဖြစ်ဘူး။ အဲဒီပညာတွေက သူ့အနုပညာအတွက် ၀မ်းစာတွေပဲ။ ဒီ Concept က ကျွန်တော့်အတွက် အရမ်း Inspiration ဖြစ်တယ်ပေါ့” လို့ ဥာဏ်ကျယ်စေကပြောပါတယ်။
“If I have to choose the best two gifts from my father, one would be his books. He has so many books and we could choose what we want to read from his collection. He would recommend some books to us as well. Sometimes, the things he wants to say to us are in the books he recommended. Another gift is that he is our source of inspiration. He is a real artist. We tend to get distracted with other matters but our father sticks to his art and his path. He has MPA (Master of Public Administration) from Harvard. He could get thousands of dollars if he works for NGO or big organization. But he didn’t. He finished with Engineering from RIT but he did not pursue a career out of it. However, these are not wasted. He used those knowledge in his art. That concept is a big inspiration to us.” The father and sons are similar in doing what they truly believe in and basing their art on their Formal Education.
သူတို့သားဖတွေရဲ့တူညီတဲ့အရာကတော့ ယုံကြည်ရာကိုလုပ်ကြတာရယ်၊ Formal Education ကို တန်ဖိုးထား အခြေခံပြီး အနုပညာနဲ့တင်ဆက်ခြင်းပါပဲ။
ဥာဏ်ကျယ်စေ ဘယ်လိုလေ့လာခဲ့လဲ။ အသက် ၁၀ နှစ်သားအရွယ်ကတည်းက Animator တစ်ယောက်ဖြစ်ဖို့ကြိုးစားခဲ့သူက သူ့အိပ်မက်အတွက် ဘယ်လိုကြိုးစားခဲ့သလဲ။ “စလေ့လာဖြစ်ခဲ့တာက အသက် ၁၀ နှစ်ဝန်းကျင်။ ကံကောင်းချင်တော့ အဲဒီအချိန်တုန်းက ကျွန်တော့်အဖေက TV Commercial Animation တချို့လုပ်တယ်။ ကျွန်တော်က သူတို့လုပ်တာကို တွေ့နေရတယ်။ Digital လုပ်တဲ့အခါလုပ်တယ်။ စာရွက်တွေမှာ ပုံတွေအများကြီး အထပ်လိုက်ဆွဲပြီးတော့မှ ဒါတွေကို Scan ပြန်ဖတ်ပြီးလုပ်တဲ့အခါလုပ်တယ်။ အဖေကွန်ပျူတာခုံကနေထသွားရင် ကျွန်တော်က အဖေ့ကွန်ပျူတာကိုကိုင်ပြီး လျှောက်လုပ်ကြည့်တယ်။ ပြင်သစ်က ကာတွန်းဆရာ Guy Delisle လေ၊ Burma Chronicles ရေးတဲ့တစ်ယောက်ပေါ့။ မရေးခင် Footage လာယူတဲ့ကာလပေါ့။ သူက အဖေနဲ့ ကာတွန်းအကြောင်းတွေပြောကြတယ်။ ကျွန်တော်လည်း သူတို့ဆီကနေ အနည်းအကျဉ်း သိခွင့်ရခဲ့တယ်။
How did Nyan Kyal Say hone his craft? How did he work to fulfill his dream of being an Animator at the age of ten?
“I was lucky. When I was ten, my father was working on some TV Commercial Animation and I could witness the process. It was done digitally and other time, the drawings were done in many stacks of paper and scanned to computer. Whenever my father got up from his table, I would play around with his computer. And there was the cartoonist from Paris(sic). You know Guy Delisle? The one who did Burma Chronicles. That was the time when he was in town to get the footage. My father and Guy would discuss about cartoon so I learnt a few from their exchange.”
အဓိက Source က ကျွန်တော့် မျက်စိရှေ့မှာ မြင်နေရတဲ့အရာကိုကြည့်တယ်။ ဥပမာ သစ်ရွက်တစ်ရွက်ပြုတ်ကျလာတာကိုတွေ့တယ်။ ကျောက်တုန်းတစ်တုန်းပြုတ်ကျလာတာကိုတွေ့တယ်ဆိုပါစို့ဗျာ။ ဒီနှစ်ခုပြုတ်ကျပုံချင်းမတူဘူး။ သစ်ရွက်တစ်ရွက်ပြုတ်ကျလာတာကို ပုံဆွဲရင် သဘာဝကျအောင် ဘယ်လိုဆွဲမလဲ။ ကျောက်တုံးတစ်တုံးပြုတ်ကျတာကို ပုံဆွဲရင် ဘယ်လိုဆွဲမလဲ စဉ်းစားတယ်။ သူတို့ရဲ့ movement တွေကို စိတ်ထဲမှာ ထပ်ခါထပ်ခါစွဲအောင်လုပ်ပြီးဆွဲကြည့်တယ်။ movement တွေမှာလည်း လူပြေးတာ၊ ကြောင်ပြေးတာ၊ မြင်းပြေးတာ ပုံစံချင်းတွေမတူဘူး။ ဒါကကိုယ့်အတွက်လေ့လာလို့ရတဲ့ အခမဲ့ Library Source ပေါ့။” ဒါက ဥာဏ်ကျယ်စေပြောပြခဲ့တာပါ။
Nyan Kyal Say said,“The main source of inspiration is looking at what’s happening in front of my eyes. For example, a leaf and a rock dropping to the ground. The way they fell is different. I would draw their movements many times in my head. Movements are different as well be it a human, a cat or a horse. These are the free library source which you can explore.”
အဘက်ဘက်မှာ တိုက်ပွဲဝင်နေရတဲ့ကာလတွေဖြစ်နေတဲ့ ကျွန်တော်တို့မြန်မာပြည်မှာ အနုပညာလောကကတော့ အထူးသဖြင့်ပေါ့။ အဲဒီအထဲမှာမှ Film နဲ့ပတ်သက်တဲ့အရာတွေက ပိုပြီး တိုက်ပွဲဝင်နေရတဲ့ကာလတစ်ခုဖြစ်နေတယ်။ အဲဒါတွေကိုလည်း ဥာဏ်ကျယ်စေတို့ဟာ အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။ သူတို့လုပ်နေတဲ့အရာကလည်း ကာတွန်းတွေဆွဲနေရတာဖြစ်တော့ အထူးသဖြင့် သူခေါ်ထားတဲ့ ၀န်ထမ်းတွေရဲ့ မိဘတွေတောင်မှ ဒီ Animation တွေကို ကလေးကစားစရာလို့သာထင်မြင်နေကြပြီး တကယ့်လောကထဲက အလုပ်တစ်ခုဆိုတာ အယုံအကြည်မရှိကြပါဘူးတဲ့။ အခုနောက်ပိုင်း Team အင်အား ၃၀ လောက်ရှိလာတဲ့နောက်ပိုင်း၊ တိုက်ခန်းအသင့်အတင့် တစ်နေရာကို ပြောင်းရွှေ့ပြီးလာပြီးနောက်ပိုင်းမှသာ Pencell အပေါ် အယုံအကြည်တစ်ခုရှိလာကြတယ်လို့လည်း ပြောပြပါတယ်။
Our country is a nation full of struggles and frictions. They are more prevalent in the art world. Even in art world, there are much more hurdles for film related works. Pencell’s main job is to draw cartoon. Even their employees’ parents were not so convinced that it was not a credible job in the real world. It was only when they had a proper place and 30 employees that Pencell was considered as a legitimate business.
Short Film တွေကနေတစ်ဆင့် Animation Series တွေလုပ်မယ်၊ ပြီးတဲ့အခါ ရုံတင်ကားတွေထုတ်လုပ်မယ်။ ဒါဟာ Pencell ရဲ့ လက်ရှိရည်မှန်းချက်ပါပဲ။ ဉာဏ်ကျယ်စေလိုမျိုး Animator တစ်ယောက်ရဲ့အိပ်မက်ကို ပုံဖော်နေသူလူငယ်တွေလည်း တွေ့နေရပါတယ်။ သူတို့တွေအတွက် ဉာဏ်ကျယ်စေက အခုလို အကြံပေးထားပါတယ်။ “အခုက Film ပိုင်းဆိုင်ရာ တိုက်ပွဲဝင်နေရတဲ့ကာလဖြစ်တယ်။ Animation လုပ်ချင်တဲ့သူတွေမှာ တချို့ကြုံရတာက လုပ်ရခက်တဲ့အရာတွေအများကြီးရှိတယ်။ ဒါပေမယ့်လည်း ကိုယ်လက်လှမ်းမီတဲ့နေရာကနေ လျှောက်လှမ်းလာခဲ့ဖို့ အကြံပေးချင်တယ်။ ကိုယ်လှမ်းနိုင်သလောက်နဲ့မလှမ်းဘဲနဲ့ လုံးဝမစဖြစ်တော့ဘဲရပ်ပစ်လိုက်ကြတဲ့လူတွေများတယ်။ မဖြစ်နိုင်တာကိုတွေးတာထက် ဖြစ်နိုင်တာကိုလုပ်ပြီး လာခဲ့စေချင်တယ်။”
Pencell’s current ambition is to step up from Short Film to Animation Series. Afterward, films for cinemas. There are many other young people who are trying to become an animator like Nyan Kyal Say. He has this advice for them. “We are still at the battleground stage in film. There are many difficulties and things you cannot do in animation. However, I would encourage you to continue from whatever level instead of giving up completely. Try thinking of things you could do instead of things you cannot.”
ကျွန်တော့်ကိုပြောပြတဲ့ သူ့ရဲ့ ခံယူချက်နဲ့ မခံချင်စိတ်က အတော်လေး စိတ်ဝင်စားစရာကောင်းသလို ခွန်အားလည်းဖြစ်စေပါတယ်။ အဲဒါလေးကိုမျှဝေပေးရင်းနဲ့ပဲ . . . “လူတိုင်းမှာ ဦးနှောင့်တစ်စုံနဲ့ နှလုံးသားတစ်စုံရှိတာချင်းတူတယ်။ ကိုယ့်ဦးနှောက် နဲ့ နှလုံးသားကို သူတို့ထက်သာအောင် သွေးဖို့က ကိုယ့်တာဝန်ဖြစ်တယ်။ ဒါက ကျွန်တော့်ရဲ့ ခံယူချက်လည်းဟုတ်တယ်။ မခံချင်စိတ်လည်းဖြစ်တယ်။ ကျွန်တော့် အနုပညာကို Technically အရ သူတို့လောက် မလိုက်နိုင်သေးရင်တောင်မှ ခံစားတဲ့သူအတွက် ဦးနှောက်ကတွေးစရာတစ်ခုသော်လည်းကောင်း၊ နှလုံးသားက ခံစားစရာတစ်ခုသော်လည်းကောင်း ရနိုင်အောင်ပေးနိုင်အောင်ကျွန်တော်ကြိုးစားတယ်။” ပြီးတော့ ခံစားသူဘက်ကကြည့်ရတဲ့ ၁ မိနစ် ၂ မိနစ်စာဆိုတာဟာ အနုပညာသမားအတွက် တစ်ဘ၀လုံးစာဖြစ်နေပါတယ်တဲ့။ အဲဒါကြောင့် အနုပညာသမားတွေကို Appreciate လုပ်စေချင်တယ်လို့ ဥာဏ်ကျယ်စေက ပြောပါတယ်။
His belief and never-give-up attitude were interesting and encouraging as well. “Everyone has a brain and a heart. It is your own responsibility to sharpen your mind and nurture your heart. That is my conviction. Even if I could not do certain things technically, I work hard to show my art in a way that makes the view think and feel something.”
For a viewer, a short film could be one or two minutes. But it is an entire life for the artists. “That’s why I think there should be a show of appreciation for the artists here”, concluded Nyan Kyal Say.
words by Aung Lynn Thit
english translated by R.E.Saw
Creator Nyan Kyal Say
Photographed by Aung Myo Thant
Location: Pencell Studio
#LUSHmagazineMyanmar #LUSHitRight #LUSHcreator