LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
STYLE

Emma Stone ရဲ့ အကောင်းဆုံး Red Carpet Fashion များ

written by Maeve February 23, 2024
Emma Stone ရဲ့ အကောင်းဆုံး Red Carpet Fashion များ

Red Carpet တိုင်းမှာ ရိုးစင်းကြော့ရှင်းတဲ့ဖက်ရှင်တွေနဲ့ ပွဲတက်တတ်တဲ့ Emma Stone က ဒီနှစ်ရဲ့ ၇၇ ကြိမ်မြောက် British Academy Film Awards (BAFTAs) ပွဲမှာ Poor Things ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရခဲ့ပါတယ်။ Emma Stone က သူ့ရဲ့ သူမတူထူးခြားတဲ့ သရုပ်ဆောင်မှုတွေကြောင့် အနုပညာလောကမှာ နာမည်တခုရထားပြီး La La Land ဇာတ်လမ်းနဲ့ Oscars ဆုအပြင် ဆုတွေအများကြီးကို ရခဲ့သလို တခြားဇာတ်လမ်းတွေနဲ့လည်း Golden Globe Award, Screen Actors Guild Awards, Venice Film Festival စတဲ့ ဆုတွေကိုလည်း သိမ်းပိုက်ထားပါတယ်။ သူ့ရဲ့အောင်မြင်မှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့အနုပညာသက်တမ်းတလျှောက် red carpet fashion တွေထဲက အမိုက်ဆုံးဖြစ်ခဲ့တဲ့ Red Carpet Fashion တွေကို ပြန်ကြည့်လိုက်ရအောင်။

February 18, 2024, at the 77th British Academy Film Awards

 

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပြုလုပ်သွားခဲ့တဲ့ BAFTA Award ပွဲမှာ Emma Stone က Poor Things နဲ့အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရခဲ့ပါတယ်။ ဒီပွဲမှာဝတ်လာတဲ့ Red carpet fashion ဟာဆိုရင် Poor Things ဇာတ်လမ်းထဲက သူသရုပ်ဆောင်ရတဲ့ဇာတ်ကောင် Bella Baxter ရဲ့အသွင်အပြင်တွေကို ပေါ်လွင်စေတဲ့ Louis Vuitton gown ကို ဝတ်ခဲ့တာပါ။ အရောင်ကလည်း အခု ၂၀၂၄ ခုနှစ်ရဲ့ Pantone color လေးနဲ့ပေါ့။ Victorian ခေတ်ကဝတ်စားဆင်ယင်ပုံကို အခုခေတ်မှာလက်တွေ့ကြမယ့်နည်းနဲ့ရောပြီး ဝတ်ထားတာကလည်း အတော်ကို စိတ်ဝင်စားစရာကောင်းပါတယ်။

January 7, 2024, at Golden Globes

Golden Globes ဆုပေးပွဲမှာ Poor Things ဇာတ်လမ်းနဲ့ Best Performance by a Female Actor in a Motion Picture – Musical or Comedy ဆု၊ Showtime’sThe Curse ဆိုတဲ့ TV series နဲ့ Best Performance by a Female Actor in a Television Series – Drama ဆု နှစ်ဆု ကို nomination စာရင်းဝင်ခဲ့တဲ့ Emma Stone က ပွဲကို ပန်းပွင့်လေးတွေနဲ့အလှဆင်ထားတဲ့ custom Louis Vuitton gown ကို ဝတ်ဆင်ပြီး ကြော့ရှင်းပြီး ဆွဲဆောင်မှုရှိတဲ့အလှနဲ့ လှပနေခဲ့ပါတယ်။

December 14, 2023, at a UK screening of Poor Things

Poor Things ဇာတ်လမ်းရဲ့ UK screening ပွဲမှာတုန်းက Louis Vuitton ရဲ့ v-shaped neckline နဲ့ငွေရောင် slip dress လေးကိုအပေါ်ကနေ ခရမ်းနုရောင် coat လေးထပ်ပြီး ပွဲတက်ခဲ့ပါတယ်။ ဒီ Look ကလည်း Poor Things ထဲကဇာတ်ကောင် Bella Baxter ရဲ့ ဝတ်စားပုံကို ပုံဖော်ထားတာလည်းဖြစ်ပါတယ်။ မြင်နေတွေ့နေကြတွေနဲ့ကွဲထွက်ပေမဲ့ Emma Stone ရဲ့ elegant ဖြစ်ဖြစ် ဝတ်စားပုံမျိုးကိုလည်း ထိန်းထားပြီး styling လုပ်ထားတာကိုလည်း တွေ့ခဲ့ရပါတယ်။

May 6, 2022, at Greek National Opera

သွားရမယ့်နေရာပေါ်မူတည်ပြီး သူ့ရဲ့မူပိုင်ဟန်ကိုလည်းမပျက်ပဲ အံဝင်ခွင်ကျဝတ်နိုင်တဲ့ celebrities တွေထဲမှာ Emma Stone ကလည်း ထိပ်ဆုံးကပါပဲ။ ဒါကို မေလ ၆ ရက်၊ ၂၀၂၂ တုန်းက အေသင်မြို့မှာ လုပ်ခဲ့တဲ့ Greek National Opera ပွဲမှာ ဝတ်ခဲ့တဲ့ ဝတ်စုံနဲ့ သက်သေပြနေပါတယ်။ သူ့ရဲ့ longtime stylist Petra Flannery ရဲ့ အကူအညီနဲ့ လိမ္မော်ရောင်၊ ငွေရောင် တွေသုံးပြီး ကြာယပ်ပုံ ပုံဖော်ထားတဲ့ decorations လေးတွေနဲ့ classic Grecian gown ကိုဝတ်ပြီး လှချင်တိုင်းလှနေခဲ့တာကို ဒီပွဲမှာ တွေ့ရမှာပါ။

February 24, 2019, at the Academy Awards

Oscars ဆုတွေအများကြီး စကာတင်ဝင်ခဲ့တဲ့ The Favourite ဇာတ်လမ်းနဲ့ Best Supporting Actress.ဆုကို စကာတင်ရခဲ့တဲ့ Emma Stone က Oscars 2019 red carpet ကို Louis Vuitton ရဲ့ ရွှေရောင် နဲ့ အညိုရောင် honeycomb-esque gown ကို ဝတ်ဆင်ပြီး ပွဲတက်ခဲ့ပါတယ်။ လူတွေက ဒီ dress ကိုကြည့်ပြီး toast, bacon, waffles စတဲ့ စားစရာတွေနဲ့ တူတယ်ဆိုပြီး Twitter မှာ ဝိုင်း tweet ရင်း လူကြားထဲ တော်တော်ကို ပေါက်ခဲ့ပါသေးတယ်။

August 30, 2018, at the Venice Film Festival

၂၀၁၈ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ ၇၅ ကြိမ်မြောက် Venice Film Festival မှာ Red carpet fashion အမိုက်စားတွေအများကြီးရှိခဲ့ပါတယ်။ အဲ့ထဲကမှ လူကြားထဲ stand out ဖြစ်ပြီး ထင်ရှားတဲ့ fashion တွေထဲမှာ Emma Stone ရဲ့ လက်ရှည် ဇာဂါဝန်က တခုအပါအဝင်ပါပဲ။ ဒီ gown က Louis Vuitton ကပဲဖြစ်ပြီး resort 2019 collection ထဲက sheer jacket ကို customized ပြန်ချုပ်ထားပါ။ ဒီလို အသားကို ဖောက်ထွင်းမြင်နေရတဲ့ gown နဲ့တောင်မှ အမြင်ရိုင်းမနေပဲ ခေတ်ဆန်ပြီး သိမ်မွေ့တဲ့ look ကိုရစေတာ Emma Stone ပဲရှိမှာပါ။

August 31, 2016, at the Venice Film Festival

၂၀၁၆ ခုနှစ်၊ Venice Film Festival မှာ Emma Stone က La La Land ဇာတ်ကားကို promote လုပ်ဖို့အတွက် ပွဲတက်ခဲ့ပါတယ်။ အဲ့တုန်းက ဇာတ်ကားရဲ့ theme နဲ့လိုက်ဖက်မယ့် တလက်လက်တောက်ပနေတဲ့ငွေရောင် custom Versace fringed dress လေးကို ဝတ်ခဲ့ပါတယ်။ ဆံပင်ကလည်း အနီရောင်နဲ့ဆိုတော့ မသိရင် The Little Mermaid ထဲက Ariel လေးကို လက်တွေ့ဘဝမှာ မြင်လိုက်ရသလိုကို လှပနေခဲ့ပါတယ်။

January 25, 2015, at the Screen Actors Guild Awards

Blazer ကိုမှ အောက်ကနေ sheer dress ခံဝတ်ပြီး ယောကျာ်းလေးဆန်တဲ့ vibe မျိုးကို မိန်းကလေးဆန်တဲ့ vibe နဲ့ပေါင်းပြီး Emma Stone ကို တွေ့ရခဲတဲ့ပုံစံနဲ့ ဒီပွဲမှာတွေ့ခဲ့ရပါတယ်။ ဒီ outfit က ချီးကျူးမှုတော်တော်များများကိုလည်း ရခဲ့ပြီး အခုထိလည်း practical ဖြစ်တဲ့ red carpet fashion တခုလို့ ပြောရင် မမှားပါဘူး။

February 26, 2012, at the 84th Annual Academy Awards

နောက်ထပ် Emma Stone ကို တွေ့ရခဲတဲ့ Look မျိုးကို ၂၀၁၂ ခုနှစ်က ၈၄ ကြိမ်မြောက် Academy Awards ပွဲမှာ တွေ့ခဲ့ရပါသေးတယ်။ ဒါက Emma Stone အနေနဲ့ ပထမဆုံး Oscars ပွဲကို တက်ခဲ့တဲ့နှစ်လည်းဖြစ်ပါတယ်။ လည်ပင်းနားမှာ bow အကြီးကြီးကို dramatic ဆန်ဆန် စည်းထားပြီး အောက်ထိတိုက်နေတဲ့ အနီရင့်ရောင် Giambattista Valli gown ကို ဝတ်ဆင်ခဲ့ပြီး ကြော့ရှင်းလှပနေခဲ့ပါတယ်။

Emma StoneRed Carpet Fashion
1
Facebook Twitter Google + Pinterest
Maeve

previous post
ဒီ 2024 ထဲမှာ ခေတ်စားလာမယ့် Hairstyle များ
next post
နွေအတွက်အလိုက်ဖက်ဆုံး Perfume များ

Recommended

2023 ခုနှစ်ရဲ့အကောင်းဆုံး Celebrity Vintage Moments များ

December 30, 2023

It’s time for “Back to the Future” fashion

May 19, 2023

Golden Globes 2024 ပွဲမှာ တွေ့ခဲ့ရတဲ့ အထင်ရှားဆုံး Jewelry များ

January 19, 2024

Pride Month ကို ကျင်းပလို့ရမယ့် Fashion အပြင်အဆင်တွေ

June 23, 2023

Trendsetter တွေမေ့ထားလို့မရတဲ့ ခေတ်စားလာမယ့် အိတ်ဒီဇိုင်းများ

June 7, 2023

Celebrities တွေ အကိုင်အများဆုံး Designer Bag များ

August 31, 2023

2023 မှာ ဖောက်ကြည့်သင့်တဲ့ piercing တွေ

June 2, 2023

အရှိန်မပြယ်သေးတဲ့ 80s Fashion Trend များ

July 20, 2023

Sheer Fabric Trend ဖြစ်လာတော့မှာလား?!

September 29, 2023

Autumn/Winter 2023 Runway တွေမှာ တွေ့ခဲ့ရတဲ့ Trend ဖြစ်လာမယ့် Shoes...

August 4, 2023

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem