Tudor ရဲ့ Brand Ambassador ကမ္ဘာကျော် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းနဲ့ Private တွေ့ဆုံခွင့်ရမယ့် “An Evening with David Beckham” လို့အမည်ပေးထားတဲ့ Private Event တခုကို နာရီချစ်သူတိုင်း ရင်းနှီးနေကြမယ့် Swiss-made Tudor Watch brand က လာမယ့် ဖေဖော်ဝါရီ ၁ ရက် ကြာသပတေးနေ့၊ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ပြုလုပ်သွားဖို့ရှိပါတယ်။ ဒီပွဲကို တက်ရောက်ဖို့ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ Official Tudor Watch Retailer: Swiss Time Square နဲ့အတူ မော်ဒယ်၊ သရုပ်ဆောင် ပိုင်တံခွန်တို့က ဖိတ်ကြားခံထားရပါတယ်။
ဒီပွဲကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့က Sentul Depot, Workshop 3 51100 မှာ မလေးရှားစံတော်ချိန် ညနေ ၆:၃၀ နာရီမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ LUSH Magazine Myanmar ကတော့ မြန်မာကိုယ်စားပြု အဖွဲ့သားများရဲ့ Official Media Partner ဖြစ်လို့ ပွဲရဲ့ သတင်းအချက်လက်တွေကိုလည်း ဆက်ပြီးဖော်ပြသွားပေးပါမယ်။
ဒီပွဲမှာ နာရီစုဆောင်းသူတွေ၊ Journalist တွေနဲ့ သက်ဆိုင်ရာ professionals တွေ တက်ရောက်သွားကြမှာဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ Swiss Time Square နဲ့အတူ မြန်မာနိုင်ငံကိုယ်စားပြု ပိုင်တံခွန်တို့က ပါဝင်တက်ရောက်ခွင့်ရမှာဖြစ်လို့ မြန်မာနိုင်ငံကိုယ်စား ဝမ်းသာဂုဏ်ယူမိပါတယ်။