Lush ရဲ့ စာဖတ်ပရိတ်သတ်ကြီးအားလုံးပဲမင်္ဂလာပါ။ နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ ဖြစ်နေကြမှာဆိုတော့….. ဒီအပတ် Styling Tips လေးကိုလည်း တင်ဆက်နေကြနဲ့ အနည်းငယ်ကွဲလွဲတဲ့ Taste အသစ်လေးတွေ ဖန်တီးထားပါတယ်။
New Taste?
ဒီတစ်ခါမှာတော့ Clothing တွေမဟုတ်ပဲ Accessories တွေနဲ့ ပတ်သက်ပြီးပြောပြသွားမှာပါ။ များပြားလှတဲ့ ရွေးခြယ်စရာ တွေထဲမှာမှ ကမ္ဘာကျော် Fashion Designer ကြီး Yohji Yamamoto ရဲ့ အိတ်တွေကို ရွေးခြယ်ထားတာ ပဲ ဖြစ်ပါတယ်။ Japanese Designer ကြီးတစ်ယောက်ဖြစ်တာကြောင့် သူ့ရဲ့ Design တွေက တစ်မူထူးခြားပြီး Absolute Knockout ပါပဲ။ ကဲ ဒါဖြင့် သူ့ရဲ့ အိတ်တွေ နဲ့ ဘယ်လို New Look ဖန်တီးရမလဲ ဆိုတာကြည့်လိုက်ကြရအောင်..
No. 1. Banana Shape
ပထမဆုံးအနေနဲ့ Normal Body Type တွေအတွက် ခပ်ပျော့ပျော့ အိတ်တွေကို အကြံပြုပါရစေ။ Rectangle Body Type တွေဟာ အပေါ်အောက် အချိုးညီပြီး Strong ဖြစ်တဲ့ Figure Look ကိုရစေတာဖြစ်လို့ သူ့ကိုပျော့ပြောင်းတဲ့ Feminine Vibe ကိုပေးနိုင်တဲ့ အိတ်တွေက အသင့်တော်ဆုံးပါပဲ။ ဒီလို Shoulder Bag တွေက အောက်ချပြီး Handbag လိုလည်း ကိုင်နိုင်တာဖြစ်လို့ အချိုးအစားကျပြီးသား Rectangle တွေအတွက် လို အပ်သလို Proportion ကစားနိုင်ပါသေးတယ်။
No. 2. S Shape
အချိုးအစား ကျနလှပပြီးသားဖြစ်တဲ့ Hourglass Shape မိန်းကလေးတွေအတွက်ကိုတော့ အိတ်တော်တော်များများနဲ့ လိုက်ဖက်ပြီးသားဖြစ်လို့ အများကြီးစဉ်းစားနေစရာမလိုပါဘူး။ ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ Hourglass Shape ကို Obviously ပေါ်လွင်စေမဲ့ Cross Body Bag တွေကိုအကြံပြုချင်ပါတယ်။ Yohji Yamamoto ရဲ့ Design တွေက Form တွေ Shape တွေပါတတ်သော်ငြားလည်း လက်ရှိ Collection လေးထဲက အိတ်တွေ ကတော့ ရိုးရှင်းတာကြောင့် Unfussy Look နဲ့ လိုက်ဖက်ပြီးသားဖြစ်တဲ့ S Shape ပိုင်ရှင်တွေအတွက် အံ့ဝင်ခွင်ကျပါပဲ။
No. 3. Inverted Triangle Shape
အပေါ် Frame ကြီးတဲ့ အမျိုးသမီးတွေအတွက်ကိုတော့ Handbag ကြီးကြီးနဲ့ ခန္ဓာကိုယ် အောက်ပိုင်းမှာ Point of view ဖြစ်စေတဲ့ Color ပါတဲ့ အိတ်တွေကို Suggestion ပေးချင်ပါတယ်။ Extra tips အနေနဲ့ သင်ဟာ Inverted Triangle Body ဖြစ်သော်ငြားလည်း Belly ရှိတဲ့ Apple Shape သာမဟုတ်ဘူးဆိုရင် Belt Bag ကိုလည်း အသုံးပြုနိုင်ပါတယ်။
No. 4. Pear Shape
If you are Triangle Shapes, Shoulder Bags must be had. Yohji ရဲ့ Texture ပါတဲ့ ဒီလို Shoulder Bag တွေကိုသာ လွယ်လိုက်ရင် Pear Shape တိုင်းအတွက် Complete ပါပဲ။ အပေါ်ပိုင်း မှာ Accessorize လုပ်လို့ကောင်းတဲ့ ခန္ဓာကိုယ်ပိုင်ရှင်တွေဖြစ်တာမို့ ကိုယ့်အားသာချက်ကို အမိအရ ဖမ်းဆုပ်လိုက်ပါလို့ပဲ ပြောချင်ပါတယ်။
ကဲ ဒီလောက်ဆိုရင် Yohji ရဲ့ အိတ်တွေကို ကိုယ်နဲ့အလိုက်ဖက်ဆုံးဖြစ်အောင် ဘယ်လို ရွေးခြယ်ရမလဲ ဆိုတာ အပေါ်က Tips လေးတွေဖတ်ပြီး သဘောပေါက်ကြလိမ့်မယ်ထင်ပါတယ်။နောက်အပတ်မှာရော ဘယ်လို အသစ်အသစ်တွေ မျှဝေပေးသွားမလဲဆိုတာ စောင့်မျှော်ကြပါဦး ရှင့်။
Happy New Year ပါ။
LUSH X Thi’s Fashion Alliances Collaboration
It has worldwide following with thousands of success stories, media coverage and the backing of medical and nutrition experts. buy cialis It provides a fast and effective way to prevent fat absorption and boost the metabolism.