အမေရိကန် Pop Star တစ်ယောက်ဖြစ်တဲ့ Maggie Rogers ဟာ အမေရိကန်သမ္မတဟောင်းတစ်ယောက်ဖြစ်တဲ့ Barack Obama နဲ့ Michelle Obama တို့ ဇနီးမောင်နှံဆီကနေ သူမပွဲကို မတက်ရောက်နိုင်တဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်းကို စာနဲ့လက်ခံရရှိခဲ့လို့ ၀မ်းသာပျော်ရွှင်နေပါတယ်။
Maggie Rogers ဟာ ၂၀၁၉ အောက်တိုဘာလ ၇၊ ၈ မှာ Washington D.C မှာ Show ဆိုခဲ့ရပါတယ်။ Barack Obama နဲ့ Michelle Obama တို့ဟာ သူမရဲ့ပွဲကို လာရောက်အားမပေးနိုင်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ သူတို့ဟာ Maggie Rogers ရဲ့ Huge Fans ဖြစ်ကြောင်းကိုလည်း စာထဲမှာ ဖော်ပြရေးသားထားပါတယ်။
Maggie Rogers ရဲ့ “Heard it in a past life” Album ထဲက “Burning” သီချင်းဟာ Barack Obama ရဲ့ Summer Playlist ထဲမှာ No.4 နေရာကနေပါဝင်ခဲ့တာဖြစ်ပါတယ်။
အဲဒါဟာ သူမအတွက် Grammy ဆုပဲဖြစ်တယ်ဆိုပြီးတော့ တင်စားဖော်ပြတဲ့ စာသားနဲ့အတူ အိုဘားမားတို့ဇနီးမောင်နှံဆီကလက်ခံရရှိတဲ့ စာကိုလည်း သူမရဲ့ Twitter အကောင့်ကနေမျှဝေခဲ့ပါတယ်။