ကမ္ဘာ့အကြီးဆုံးဂီတပွဲတော်တွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ အင်္ဂလန်နိုင်ငံက Glastonbury Festival ပွဲတော်ဟာ ကောင်းမွန်တဲ့သမိုင်းကြောင်းအစဉ်အလာနဲ့ နှစ်စဉ်ပြုလုပ်လာခဲ့တာ နှစ်ပေါင်း ၄၀ ကျော်ခဲ့ပြီဖြစ်ပါတယ်။
Glastonbury Festival ကို ၁၉၇၀ ခုနှစ်မှာ ဂီတနတ်ဘုရားလို့ ကမ္ဘာကသတ်မှတ်ထားတဲ့ Jimi Hendrix သေဆုံးပြီးတဲ့နောက်နေ့မှာ စတင်ခဲ့တာဖြစ်ပါတယ်။
Glastonbury Festival ရဲ့ နာမည်အပြည့်အစုံကတော့ Glastonbury Festival of Contemporary Performing Arts ဖြစ်ပြီးတော့ ဂီတအပါအ၀င်အခြားသော အနုပညာဖျော်ဖြေမှုများစွာကိုပါထည့်သွင်းတင်ဆက်ပေးတာဖြစ်ပါတယ်။ ဂီတတွေမှာလည်း အမျိုးအစားမတူညီတဲ့ ဂီတတွေနားဆင်ခံစားရမှာဖြစ်ပါတယ်။ Glastonbury Festival ကို ၅ ရက်အထိဆက်တိုက်ပြုလုပ်တာဖြစ်ပါတယ်။ ယခု ၂၀၁၉ ခုနှစ်မှာတော့ လက်ရှိ June 26 ကနေ June 30 အထိကျင်းပပြုလုပ်နေပြီဖြစ်ပါတယ်။ ပြီးတော့ ဒီနှစ်မှာ အမျိုးသမီးကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်တစ်ခုဖြစ်တဲ့ အင်္ဂလန်နဲ့နော်ဝေးအသင်းတို့ရဲ့ ပွဲစဉ်ကိုလည်း ပြသသွားဖို့စီစဉ်ထားပါတယ်။
နှစ်စဉ်ကမ္ဘာအရပ်ရပ်က ပရိသတ်သိန်းချီပြီးတက်ရောက်ကြပါတယ်။ ပွဲလာရောက်သူတွေဟာ ကိုယ်ပိုင် Tent တွေ၊ အိပ်ယာခင်းတွေ၊ ခေါင်းအုံးတွေယူဆောင်လာကြပြီး အဲဒီမှာပဲ Tent ထိုးပြီးနေကြတာဖြစ်ပါတယ်။ တချို့တွေကလည်း မိမိမှာပါလာတဲ့ကားပေါ်မှာပဲ စခန်းချလိုက်တာမျိုးတွေလုပ်ကြပါတယ်။ ပွဲလာရောက်သူ ပရိသတ်တွေအတွက် ရေ၊ မီး၊ အိမ်သာ စတဲ့ လိုအပ်တာတွေကို အကုန်လုံးအထောက်အပံ့ပေးထားပါတယ်။
မတူညီတဲ့ဂီတအမျိုးအစားတွေကို တင်ဆက်မယ့် Stage နဲ့ Artist တွေရဲ့ Line-Up Schedule နဲ့အချိန်တွေကိုကြေညာထားပြီး၊ မိမိကြိုက်နှစ်သက်တဲ့ Artist ရဲ့ ဖျော်ဖြေမယ့်အချိန်ကို သီးသန့်ရွေးချယ်ပြီးနားထောင်နိုင်ပါတယ်။
ကမ္ဘာအရပ်ရပ်ကပရိသတ်တွေဟာလည်း မိမိနိုင်ငံကိုယ်စားပြုအလံကိုယ်စီကိုင်ပြီး အားပေးလေ့ရှိကြပါတယ်။ လွတ်လပ်မှုအပြည့်နဲ့ Glastonbury Festival ဖြစ်ပါတယ်။
a el ti
Ref: www.glastonburyfestivals.co.uk