သေးငယ်တဲ့ လက်ကိုင်အိတ်တွေက ဖက်ရှင်အသုံးအဆောင်တစ်ခုအနေနဲ့ ကျွန်မတို့ကြားမှာရော၊ ကိုယ့်ရဲ့ အိမ်က Closet မှာရော နေရာယူလာနိုင်ဦးမလား.. ဟုတ်ကဲ့..သိပ်ကိုနေရာယူလာနိုင်မှာပေါ့။
ဒီအိတ်ပိစိသေးသေးလေးတွေကို ကျွန်မတို့အနေနဲ့ Spring’19 Collection တွေမှာ တွေ့ခဲ့ပြီးဖြစ်သလို အခု 2019 Fall Show တွေမှာလည်း ထပ်မံမြင်တွေ့မှာဖြစ်ပါတယ်။ ဒါကို ခန့်မှန်းကြည့်ခြင်းအားဖြင့် Tiny Bag တွေဟာ ဒီနှစ်တစ်နှစ်လုံးစာအတွက် ကောင်းကောင်း အသုံးချလို့ရနိုင်သလို ဖက်ရှင်ချစ်သူတွေကြားမှာ မြင်တွေ့ရတော့မယ့် Trend တစ်ခုလည်းဖြစ်နိုင်တယ်ဆိုတာကို ပြနေပါတယ်။
Runway မှာဆိုရင် Brandon Maxwell ၊ Carolina Herrera စတဲ့ နာမည်ကျော် Brand တွေကပါ သူတို့ရဲ့ မော်ဒယ်လ်တွေကို Mini Bag တွေနဲ့ ပွဲထွက်ခိုင်းတာ တွေ့ရမှာဖြစ်သလို Cross-body Clutches တွေကနေ Trunk-Shaped ပုံစံ သေတ္တာအိတ်လေးတွေထိ ဒီဇိုင်းမျိုးစုံ ရှိပါတယ်။ သေးငယ်ပေမယ့်လည်း ဒီအိတ်တွေဟာ သူတို့ရဲ့ ချစ်စရာကောင်းမှုနဲ့ အမြင်ဆန်းအောင် ဖန်တီးအလှဆင် ဆန်းသစ်မှုတွေ ရောစပ်နေတာကြောင့် ကိုယ့်ရဲ့ Closet မှာနေရာယူလာနိုင်သလို ဖက်ရှင်မှာ သူများထက် ပိုဆန်းချင်သူတွေအတွက်လည်း ကောင်းကောင်းအလုပ်ဖြစ်မယ့်အိတ်တွေလို့ ညွှန်းဆိုနိုင်ပါတယ်။ ကဲ..ဒါဆို Runway မှာဘယ်လိုပုံစံ Mini-Bag တွေ မြင်တွေ့ရမလဲဆိုတာ အောက်မှာ ဆက်ကြည့်လိုက်ရအောင်။
Brandon Maxwell
Carolina Herrera
Tibi
Tory Burch
Longchamp
Jacquemus
Editor: Su Yi Htet