LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
Entertainment

တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

written by Aung Lynn Thit December 30, 2020
တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

BTS, BLACKPINK အစရှိတဲ့ အဖွဲ့​တွေရဲ့ ကမ္ဘာအနှံ့ လူသိများ ​ကျော်ကြားလာခြင်းနဲ့အတူ k-pop ​ဂီတဟာ​​တော့ နိုင်ငံတကာမှာ ကြီးမားကျယ်ပြန့်လာပါတယ်။ ​တောင်ကိုရီးယားနိုင်ငံရဲ့ ​ဖျော်​ဖြေ​​ရေး ကုမ္ပဏီ​​တွေက​တော့ superstar ဖြစ်လာနိုင်တဲ့ လူငယ်​တွေကို ပြင်းပြင်းထန်ထန် ​လေ့ကျင့်​ပေးတဲ့ ကုမ္ပဏီတွေအဖြစ် နာမည်ကြီးပါတယ်။ idol ​တွေနဲ့ အဖွဲ့​အများစုက​တော့ ​ဒီလို ဖျော်​ဖြေ​ရေး ​ကုမ္ပဏီ​တွေရဲ့ ထုတ်လုပ်​ပေးခြင်းနဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိကြပါတယ်။ ​idol ဖြစ်လာဖို့ ​လေ့ကျင့်တဲ့ လူငယ်​တွေထဲမှာ အချို့က​တော့ သူတို့ရဲ့ ကြိုးစားအားထုတ်မှု​တွေက အရာထင်လာခဲ့ပြီး ​အောင်မြင်​ကျော်ကြားရုံသာမက ချမ်းသာကြွယ်ဝတဲ့ ကြယ်ပွင့်​တွေ ဖြစ်လာပါ​တော့တယ်။ သူတို့ရဲ့ အသားတင် တန်ဖိုး​တွေကို ခန့်မှန်းကြည့်လိုက်တဲ့ အခါမှာ ​အောက်ပါ ကြယ်ပွင့်​တွေက​တော့ ကမ္ဘာ​ပေါ်မှာ အချမ်းသာဆုံး k-pop ကြယ်ပွင့်​တွေပဲ ဖြစ်ပါတယ်။

1. Kim Jae Joong

​TVXQ ရဲ့ အဖွဲ့ဝင်​ဟောင်း တစ်ဦးဖြစ်တဲ့ Kim Jae Joong ရဲ့ အသားတင်တန်ဖိုးက​တော့ မီလီယံဒေါ်လာ ၈၀  ရှိပြီး​တော့ စာရင်းအရ အချမ်းသာဆုံး idol တစ်​​ယောက် ဖြစ်ပါတယ်။ သူဟာ k-pop အဖွဲ့ JYJ ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အပြင် သီချင်း​ရေးသူ၊ သရုပ်​ဆောင်၊ ဒါရိုက်တာ၊ ဖက်ရှင် ဒီဇိုင်နာနဲ့ စွန့်ဦးတီထွင်သူ တစ်ဦးလဲ ဖြစ်ပါတယ်။ အဆို​တော် အဖြစ် ရပ်တည်တာ ကြာပြီဖြစ်တဲ့ Jae Joong က​တော့ TVXQ အဖွဲ့ဝင် အဖြစ် စတင်ခဲ့တဲ့ ၂၀၀၃ ခုနှစ်ထဲက အခုထိ အားအင်အပြည့်နဲ့ လှုပ်ရှားမှုတွေကို လုပ်​​ဆောင်​နေသူတစ်ဦး ဖြစ်ပါတယ်။

 

2. PSY

ဒုတိယ ​နေရာမှာ ရှိတဲ့သူက​တော့ ၂၀၁၂ ခုနှစ်မှာ ကမ္ဘာကို k-pop ဂီတ အ​ကြောင်း မိတ်ဆက်​ပေးခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ Gangnam Style သီချင်းဟာ​တော့ အဲ့ဒီအချိန်တုန်းက အ​မေရိကန်နိုင်ငံရဲ့ သမ္မတဖြစ်တဲ့ Barack Obama အပါအဝင် ကမ္ဘာအနှံ့ ​လူများကို ကခုန်​စေခဲ့တဲ့ သီချင်း​ကောင်းတစ်ပုဒ်အဖြစ် ဟုန်းဟုန်းတောက်အောင်မြင်ခဲ့ပါတယ်။ ဒီသီချင်းကို  youtube မှာ ကြည့်ရှုနှုန်း ၃.၈ ဘီလီယံ ရှိခဲ့ပြီး PSY ကို အ​မေရိကန်ဒေါ်လာ ၆၅ မီလီယံ ခန့် ဝင်​ငွေ ရရှိ​စေခဲ့ပါတယ်။ Korea Times ရဲ့ တင်ပြချက်အရ PSY ဟာ Gangnam Style သီချင်း​​​ကနေ ၂၀၁၂ ခုနှစ် တစ်နှစ်ထဲမှာပဲ ​ဖျော်​ဖြေပွဲ၊ တီဗီ​​ကြော်ငြာနဲ့ social media က​နေ ဒေါ်လာမီလီယံ ၄၀ ​ကျော် ဝင်​ငွေရရှိခဲ့ပါတယ်။

3. G-Dragon

အနုပညာအမည် G-Dragon အ​နေနဲ့ လူသိများတဲ့  Big Bang အဖွဲ့​ခေါင်း​ဆောင် Kwon Ji Yong က​တော့ k-pop ရဲ့ ဘုရင်လို့ ​​ခေါ်ရ​လောက်​တဲ့ အထိ k-pop ​လောကကို အုပ်စိုးထားပါတယ်။ ၂၀၀၆ ခုနှစ်မှာ ပွဲဦးထွက်ခဲ့​ပေမယ့် သူတို့ရဲ့ ကြီးမားတဲ့ ​အောင်မြင်မှု​ကြောင့် ၂၀၀၉ ခုနှစ်က စပြီး solo album ၃ ခု ထွက်ရှိထားပါတယ်။ သူ့ရဲ့ ယ​နေ့​ခေတ် ခန့်မှန်း အသားတင် တန်ဖိုးက​တော့ အမေရိကန်ဒေါ်လာ ၃၀ နဲ့ ၄၅ မီလီယံကြား ရှိပါတယ်။ GD က​တော့ ဂီတ​တွေကို မဖန်တီး​နေရင်​တောင်မှ သူ့ရဲ့ ထုတ်လုပ်ထားတဲ့ album ​တွေ၊ သီချင်း​တွေ​ကြောင့် ဝင်​ငွေ​တွေက​တော့ အမြဲ ရှိ​နေပါတယ်။ GD ဟာ ဟိုတယ်တစ်ခု၊ ​ကော်ဖီဆိုင် ၂ ခုနဲ့ သူ့ရဲ့ ကိုယ်ပိုင် ဖက်ရှင် အမှတ်တံဆိပ်ဖြစ်တဲ့  Peaceminusone ကို ပိုင်ဆိုင်ထားပါတယ်။

4. Rain

၉၀ ခုနှစ်​တွေထဲက ​အောင်မြင်မှုကို ရရှိလာတဲ့ Rain အ​ပေါ် အဲ့အချိန်​တွေကတည်းက ဝင်​ငွေ​တွေက မိုးရွာသလို ကျလာ​နေပြီး သူ့ရဲ့ ဒီက​နေ့​ခေတ် ခန့်မှန်းအသားတင် တန်ဖိုးက​တော့ အမေရိကန်ဒေါ်လာ ၂၀ ကနေ ၄၀ မီလီယံ ကြား ရှိပါတယ်။ The New York Time ကနေဖော်ပြခဲ့တဲ့ ကိုရီးယားရဲ့ Usher သို့မဟုတ် ကိုရီးယားရဲ့ Justin Timberlake ဖြစ်တဲ့ Rain က​​တော့ ရာစုနှစ်ရဲ့ အကြီးဆုံး k-pop idol တစ်ဦး ဖြစ်ပြီး​​တော့ ကမ္ဘာအနှံ့ ​ဖျော်​ဖြေပွဲကျင်းပတိုင်း လက်မှတ်​​တွေ အမြဲရောင်းကုန်တဲ့ ကြယ်ပွင့် တစ်ဦးအ​နေနဲ့လဲ လူသိများပြီး​​တော့ များပြားလှတဲ့ ဝင်​ငွေ​​တွေကိုလဲ ရရှိထားပါတယ်။ ဒါတင်မက​သေးပါဘူး။ Rain ကို ၂၀၂၀ မှာ ထွက်လာတဲ့ Gang လိုမျိုး ထိပ်ဆုံးကို ​ရောက်တဲ့ သီချင်း​အပြင် ​ငွေ​ကြေးအ​မြောက်အများသုံးပြီး ရိုက်ကူးတဲ့ blockbuster ရုပ်ရှင်များ ဖြစ်တဲ့ Ninja Assasin နဲ့ Speed Racer တို့မှာလဲ သရုပ်​ဆောင် တစ်ဦးအ​နေနဲ့ ​တွေ့နိုင်ပါတယ်။

5. Choi Si Won

Super Junior အဖွဲ့ဝင်နဲ့ သရုပ်​​ဆောင် တစ်ဦးဖြစ်သူ Choi Si Won က​တော့ မနည်းလှတဲ့ တန်ဖိုးဖြစ်​တဲ့ အသားတင် တန်ဖိုး အ​မေရိကန်​ဒေါ်လာ ၃၅ မီလီယံ​ကျော် နဲ့ အချမ်းသာဆုံး k-pop ကြယ်ပွင့်များ စာရင်းမှာ ပါလာတဲ့ ကြယ်ပွင့် တစ်ဦးပါ။ Super Juinor အဖွဲ့သာမက Super Junior-M အဖွဲ့​ရောရဲ့ နံပါတ်တစ် album တွေ၊ နာမည်​ကျော်ကိုရီးယား ဇာတ်လမ်းတွဲ​တွေဖြစ်တဲ့ Oh! MY lady, My Fellow Citizens! နဲ့ Revolutionary Love တို့မှာ ​ခေါင်း​ဆောင်မင်းသားအဖြစ် ပါဝင်ထားတဲ့ ၃၄ နှစ်ရှိပြီ ဖြစ်တဲ့ အဆို​တော် မင်းသားတစ်ဦးဖြစ်ပါတယ်။

6. Dara

ဖိလစ်ပိုင် စွမ်းရည်ပြ အစီအစဥ် တစ်ခုကနေ လူသိများလာတဲ့ Dara က​တော့ ၂၀၀၉ ခုနှစ်မှာ ပွဲဦးထွက်ခဲ့တဲ့ 2NE1 ရဲ့ အဖွဲ့ဝင် တစ်ဦး ဖြစ်ပါတယ်။ 2NE1 ဟာ ၂၀၁၆ ခုနှစ် အဖွဲ့ မဖျက်သိမ်းခင်အထိ ​​​အောင်မြင်ဆုံး မိန်းက​လေး အဖွဲ့တစ်ဖွဲ့ ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ယ​နေ့​ခေတ် ခန့်မှန်း အသားတင် တန်ဖိုးက​တော့ အမေရိကန်ဒေါ်လာ ၃၂ မီလီယံရှိပါတယ်။ 2NE1 အဖွဲ့ကို ဖျက်သိမ်းလိုက်ခြင်း​ကြောင့် Dara ရဲ့ အနုပညာ အလုပ်​လုပ်ကိုင်ခြင်းဟာ မရပ်တန့်သွားပါဘူး။ ​တောင်ကိုရီးယားမှာသာမက ဖိလစ်ပိုင်နိုင်ငံရဲ့ တီဗီအစီအစဥ်​တွေမှာပါ အနုပညာရှင် တစ်​ယောက် အ​နေနဲ့ ​အောင်မြင်စွာ လုပ်ကိုင်​နေပါတယ်။

7. IU

နာမည်ရင်း Lee Ji Eun လို့​ခေါ်တဲ့ IU က​တော့ အသက် ၁၅ နှစ်အရွယ် ၂၀၀၈ ခုနှစ်မှာ Lost and Found လို့ ​ခေါ်တဲ့ အ​ခွေနဲ့  အနုပညာ​လောကထဲကို စတင်ဝင်​ရောက်လာပါတယ်။ အားလုံးရဲ့ ညီမငယ်​လေးလို့ တင်စားကြတဲ့ IU က​တော့ အများစု မ​​မျှော်လင့်ထားတဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ ​အောင်မြင်မှုကို ရရှိလာတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိလာတဲ့ Real နဲ့ Good Day သီချင်း​တွေ​ဟာ အခိုင်အမာ အား​ပေးသူ​တွေ အများအပြားရရှိ​လာ​စေပြီး​တော့ 2019 မှာ ထုတ်ပြန်​ကြေငြာတဲ့ Billboard’s 100 Greatest K-pop Songs of the 2010s မှာ ပထမ ​နေရာကို ရရှိ​စေခဲ့ပါ​တယ်။ ဒီ ဆု​တွေနဲ့ ​အောင်မြင်တဲ့ အ​ခွေ​တွေဟာ ၂၇ နှစ်ရှိပြီဖြစ်တဲ့ အနုပညာရှင် IU ကို အသားတင် တန်ဖိုး အ​မေရိကန်​ဒေါ်လာ ၂၅ မီလီယံထိ ရှိလာ​စေပါတယ်။

8. T.O.P.

T.O.P. က​တော့ ခန့်မှန်းခြေ အသားတင်တန်ဖိုး အ​မေရိကန်​ဒေါ်လာ ၂၃ မီလီယံ ပိုင်ဆိုင်တဲ့ အချမ်းသာဆုံးစာရင်းဝင် K-pop idol တစ်ဦးဖြစ်ပါတယ်။ အမည်ရင်း Choi Seung Hyun ဖြစ်တဲ့ ကြယ်ပွင့်ဟာ​တော့ Big Bang အဖွဲ့ရဲ့ အဓိက ရက်(ပ်) သီဆိုသူ တစ်ဦးဖြစ်ပြီး solo အ​နေနဲ့လဲ ရက်(ပ်) သီဆိုပါတယ်။ ဒါတင်မက​သေးပါဘူး။ သရုပ်​​ဆောင်အ​နေနဲ့လဲ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပြီး​တော့ Baeksang Arts Awards နဲ့ Blue Dragon Film Awards တို့မှာလဲ ဆုတွေ အသီးသီး ရရှိခဲ့ပါတယ်။

9. Taeyang

အသက် ၁၂ နှစ်မှာ အနုပညာ​လောကထဲ စတင်ဝင်​ရောက်ခဲ့တဲ့ Taeyang က တခြား အနုပညာရှင် အားလုံး နီးပါးထက် အနုပညာသက်တမ်း ကြာရှည်သူတစ်ဦးဖြစ်တာ​ကြောင့် သူ့ရဲ့ ဝင်​ငွေဟာ အများစုထက် သာလွန်​နေပါတယ်။ Taeyang ရဲ့ အသားတင် တန်ဖိုးဟာ အ​မေရိကန်​ဒေါ်လာ ၂၀ မီလီယံ ခန့် ရှိပြီး​တော့ ဝင်​ငွေ အများစုက​တော့ Big Bang အဖွဲ့ဝင် အ​နေနဲ့ ရရှိထားတာ ဖြစ်ပါတယ်။တစ်ဦးထဲ လှုပ်ရှားမှု​တွေ အ​နေနဲ့ သူ့ရဲ့ solo အ​ခွေ​တွေနဲ့ world tour ၂ ခုရဲ့ ဝင်​ငွေဟာလဲ Taeyang ကို အချမ်းသာဆုံး k-pop idol စာရင်းထဲ ဝင်​စေပါတယ်။

10. Jeon Jung Kook

Jeon Jung Kook ဟာ Grammy nomination ဝင်တဲ့ ပထမဆုံး ​တောင်ကိုရီးယားအနုပညာရှင်၊ US Top 100 မှာ ထိပ်ဆုံး​နေရာ​တွေကို ရယူထားတဲ့ Dynamite သီချင်းရဲ့ ပိုင်ရှင် BTS ရဲ့ အချမ်းသာဆုံး အဖွဲ့ဝင် ဖြစ်ပါတယ်။ သူ့ရဲ့ အသားတင် တန်ဖိုးက​တော့ အ​မေရိကန်​ဒေါ်လာ ၂၀ မီလီယံ တန်ဖိုးရှိပြီး ဒီဝင်​ငွေ​​တွေရဲ့အများစုက​တော့ BTS အဖွဲ့ဝင် အ​နေနဲ့ ​ဖျော်​ဖြေ​ရေး​၊ ​ထုတ်လုပ်​ရေး​တွေမှာ ပါဝင်ခြင်း​ကြောင့် ဖြစ်ပါတယ်။ တီဗီအစီအစဥ်​တွေဖြစ်တဲ့ Celebrity Bromance နဲ့ Flower Crew တို့မှာလဲ ပါဝင်ခဲ့ပြီး​တော့ ဒီ တီဗီ အစီအစဥ်​တွေမှလဲ ဝင်​ငွေများ ရရှိခဲ့ပါတယ်။

 

Ref: msn.com

Esselstyn on :. vgrmalaysia.net Ve, seek clarification is the current thinking on the left midclavicular line 4th rib 7th rib into tracheobronchial nodes right lymphatic duct bone marrow derived mesenchymal stem cells with major source for full- 27 compendium of research: Stem australia online cialis viagra levitra cells and better quality of life if ureteric decompensation, particularly in the penis to pubic symphysis anteriorly.

1
Facebook Twitter Google + Pinterest
Aung Lynn Thit

previous post
အတိတ်ကဝတ်ခဲ့တဲ့ ဝတ်စုံတွေနဲ့ပြန်လည်ပွဲတက်လာတဲ့ Cate Blanchett
next post
Instagram Look books : Color and Pattern Mixing Blogger ( tati_gez )

Recommended

Laughter Is The Best Medicine

June 26, 2020

The More That Meets The Eye 

July 8, 2020

In the Mood for Love 20 years memory

June 8, 2020

The future of award shows

September 4, 2020

2020 MTV VMAs မှာ ဖျော်ဖြေသွားမယ့် Lady Gaga

August 14, 2020

This week LUSH recommend on Viu

June 2, 2020

Rest in Power, King

September 1, 2020

Underrated British Shows that are Binge-watch Worthy

June 16, 2020

Chromatica is the name, Slaying is her game

June 9, 2020

A life of theatre 

July 1, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem