BTS, BLACKPINK အစရှိတဲ့ အဖွဲ့တွေရဲ့ ကမ္ဘာအနှံ့ လူသိများ ကျော်ကြားလာခြင်းနဲ့အတူ k-pop ဂီတဟာတော့ နိုင်ငံတကာမှာ ကြီးမားကျယ်ပြန့်လာပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ ဖျော်ဖြေရေး ကုမ္ပဏီတွေကတော့ superstar ဖြစ်လာနိုင်တဲ့ လူငယ်တွေကို ပြင်းပြင်းထန်ထန် လေ့ကျင့်ပေးတဲ့ ကုမ္ပဏီတွေအဖြစ် နာမည်ကြီးပါတယ်။ idol တွေနဲ့ အဖွဲ့အများစုကတော့ ဒီလို ဖျော်ဖြေရေး ကုမ္ပဏီတွေရဲ့ ထုတ်လုပ်ပေးခြင်းနဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိကြပါတယ်။ idol ဖြစ်လာဖို့ လေ့ကျင့်တဲ့ လူငယ်တွေထဲမှာ အချို့ကတော့ သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေက အရာထင်လာခဲ့ပြီး အောင်မြင်ကျော်ကြားရုံသာမက ချမ်းသာကြွယ်ဝတဲ့ ကြယ်ပွင့်တွေ ဖြစ်လာပါတော့တယ်။ သူတို့ရဲ့ အသားတင် တန်ဖိုးတွေကို ခန့်မှန်းကြည့်လိုက်တဲ့ အခါမှာ အောက်ပါ ကြယ်ပွင့်တွေကတော့ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး k-pop ကြယ်ပွင့်တွေပဲ ဖြစ်ပါတယ်။
1. Kim Jae Joong
TVXQ ရဲ့ အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်တဲ့ Kim Jae Joong ရဲ့ အသားတင်တန်ဖိုးကတော့ မီလီယံဒေါ်လာ ၈၀ ရှိပြီးတော့ စာရင်းအရ အချမ်းသာဆုံး idol တစ်ယောက် ဖြစ်ပါတယ်။ သူဟာ k-pop အဖွဲ့ JYJ ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အပြင် သီချင်းရေးသူ၊ သရုပ်ဆောင်၊ ဒါရိုက်တာ၊ ဖက်ရှင် ဒီဇိုင်နာနဲ့ စွန့်ဦးတီထွင်သူ တစ်ဦးလဲ ဖြစ်ပါတယ်။ အဆိုတော် အဖြစ် ရပ်တည်တာ ကြာပြီဖြစ်တဲ့ Jae Joong ကတော့ TVXQ အဖွဲ့ဝင် အဖြစ် စတင်ခဲ့တဲ့ ၂၀၀၃ ခုနှစ်ထဲက အခုထိ အားအင်အပြည့်နဲ့ လှုပ်ရှားမှုတွေကို လုပ်ဆောင်နေသူတစ်ဦး ဖြစ်ပါတယ်။
2. PSY
ဒုတိယ နေရာမှာ ရှိတဲ့သူကတော့ ၂၀၁၂ ခုနှစ်မှာ ကမ္ဘာကို k-pop ဂီတ အကြောင်း မိတ်ဆက်ပေးခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ Gangnam Style သီချင်းဟာတော့ အဲ့ဒီအချိန်တုန်းက အမေရိကန်နိုင်ငံရဲ့ သမ္မတဖြစ်တဲ့ Barack Obama အပါအဝင် ကမ္ဘာအနှံ့ လူများကို ကခုန်စေခဲ့တဲ့ သီချင်းကောင်းတစ်ပုဒ်အဖြစ် ဟုန်းဟုန်းတောက်အောင်မြင်ခဲ့ပါတယ်။ ဒီသီချင်းကို youtube မှာ ကြည့်ရှုနှုန်း ၃.၈ ဘီလီယံ ရှိခဲ့ပြီး PSY ကို အမေရိကန်ဒေါ်လာ ၆၅ မီလီယံ ခန့် ဝင်ငွေ ရရှိစေခဲ့ပါတယ်။ Korea Times ရဲ့ တင်ပြချက်အရ PSY ဟာ Gangnam Style သီချင်းကနေ ၂၀၁၂ ခုနှစ် တစ်နှစ်ထဲမှာပဲ ဖျော်ဖြေပွဲ၊ တီဗီကြော်ငြာနဲ့ social media ကနေ ဒေါ်လာမီလီယံ ၄၀ ကျော် ဝင်ငွေရရှိခဲ့ပါတယ်။
3. G-Dragon
အနုပညာအမည် G-Dragon အနေနဲ့ လူသိများတဲ့ Big Bang အဖွဲ့ခေါင်းဆောင် Kwon Ji Yong ကတော့ k-pop ရဲ့ ဘုရင်လို့ ခေါ်ရလောက်တဲ့ အထိ k-pop လောကကို အုပ်စိုးထားပါတယ်။ ၂၀၀၆ ခုနှစ်မှာ ပွဲဦးထွက်ခဲ့ပေမယ့် သူတို့ရဲ့ ကြီးမားတဲ့ အောင်မြင်မှုကြောင့် ၂၀၀၉ ခုနှစ်က စပြီး solo album ၃ ခု ထွက်ရှိထားပါတယ်။ သူ့ရဲ့ ယနေ့ခေတ် ခန့်မှန်း အသားတင် တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၃၀ နဲ့ ၄၅ မီလီယံကြား ရှိပါတယ်။ GD ကတော့ ဂီတတွေကို မဖန်တီးနေရင်တောင်မှ သူ့ရဲ့ ထုတ်လုပ်ထားတဲ့ album တွေ၊ သီချင်းတွေကြောင့် ဝင်ငွေတွေကတော့ အမြဲ ရှိနေပါတယ်။ GD ဟာ ဟိုတယ်တစ်ခု၊ ကော်ဖီဆိုင် ၂ ခုနဲ့ သူ့ရဲ့ ကိုယ်ပိုင် ဖက်ရှင် အမှတ်တံဆိပ်ဖြစ်တဲ့ Peaceminusone ကို ပိုင်ဆိုင်ထားပါတယ်။
4. Rain
၉၀ ခုနှစ်တွေထဲက အောင်မြင်မှုကို ရရှိလာတဲ့ Rain အပေါ် အဲ့အချိန်တွေကတည်းက ဝင်ငွေတွေက မိုးရွာသလို ကျလာနေပြီး သူ့ရဲ့ ဒီကနေ့ခေတ် ခန့်မှန်းအသားတင် တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၂၀ ကနေ ၄၀ မီလီယံ ကြား ရှိပါတယ်။ The New York Time ကနေဖော်ပြခဲ့တဲ့ ကိုရီးယားရဲ့ Usher သို့မဟုတ် ကိုရီးယားရဲ့ Justin Timberlake ဖြစ်တဲ့ Rain ကတော့ ရာစုနှစ်ရဲ့ အကြီးဆုံး k-pop idol တစ်ဦး ဖြစ်ပြီးတော့ ကမ္ဘာအနှံ့ ဖျော်ဖြေပွဲကျင်းပတိုင်း လက်မှတ်တွေ အမြဲရောင်းကုန်တဲ့ ကြယ်ပွင့် တစ်ဦးအနေနဲ့လဲ လူသိများပြီးတော့ များပြားလှတဲ့ ဝင်ငွေတွေကိုလဲ ရရှိထားပါတယ်။ ဒါတင်မကသေးပါဘူး။ Rain ကို ၂၀၂၀ မှာ ထွက်လာတဲ့ Gang လိုမျိုး ထိပ်ဆုံးကို ရောက်တဲ့ သီချင်းအပြင် ငွေကြေးအမြောက်အများသုံးပြီး ရိုက်ကူးတဲ့ blockbuster ရုပ်ရှင်များ ဖြစ်တဲ့ Ninja Assasin နဲ့ Speed Racer တို့မှာလဲ သရုပ်ဆောင် တစ်ဦးအနေနဲ့ တွေ့နိုင်ပါတယ်။
5. Choi Si Won
Super Junior အဖွဲ့ဝင်နဲ့ သရုပ်ဆောင် တစ်ဦးဖြစ်သူ Choi Si Won ကတော့ မနည်းလှတဲ့ တန်ဖိုးဖြစ်တဲ့ အသားတင် တန်ဖိုး အမေရိကန်ဒေါ်လာ ၃၅ မီလီယံကျော် နဲ့ အချမ်းသာဆုံး k-pop ကြယ်ပွင့်များ စာရင်းမှာ ပါလာတဲ့ ကြယ်ပွင့် တစ်ဦးပါ။ Super Juinor အဖွဲ့သာမက Super Junior-M အဖွဲ့ရောရဲ့ နံပါတ်တစ် album တွေ၊ နာမည်ကျော်ကိုရီးယား ဇာတ်လမ်းတွဲတွေဖြစ်တဲ့ Oh! MY lady, My Fellow Citizens! နဲ့ Revolutionary Love တို့မှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ထားတဲ့ ၃၄ နှစ်ရှိပြီ ဖြစ်တဲ့ အဆိုတော် မင်းသားတစ်ဦးဖြစ်ပါတယ်။
6. Dara
ဖိလစ်ပိုင် စွမ်းရည်ပြ အစီအစဥ် တစ်ခုကနေ လူသိများလာတဲ့ Dara ကတော့ ၂၀၀၉ ခုနှစ်မှာ ပွဲဦးထွက်ခဲ့တဲ့ 2NE1 ရဲ့ အဖွဲ့ဝင် တစ်ဦး ဖြစ်ပါတယ်။ 2NE1 ဟာ ၂၀၁၆ ခုနှစ် အဖွဲ့ မဖျက်သိမ်းခင်အထိ အောင်မြင်ဆုံး မိန်းကလေး အဖွဲ့တစ်ဖွဲ့ ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ယနေ့ခေတ် ခန့်မှန်း အသားတင် တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၃၂ မီလီယံရှိပါတယ်။ 2NE1 အဖွဲ့ကို ဖျက်သိမ်းလိုက်ခြင်းကြောင့် Dara ရဲ့ အနုပညာ အလုပ်လုပ်ကိုင်ခြင်းဟာ မရပ်တန့်သွားပါဘူး။ တောင်ကိုရီးယားမှာသာမက ဖိလစ်ပိုင်နိုင်ငံရဲ့ တီဗီအစီအစဥ်တွေမှာပါ အနုပညာရှင် တစ်ယောက် အနေနဲ့ အောင်မြင်စွာ လုပ်ကိုင်နေပါတယ်။
7. IU
နာမည်ရင်း Lee Ji Eun လို့ခေါ်တဲ့ IU ကတော့ အသက် ၁၅ နှစ်အရွယ် ၂၀၀၈ ခုနှစ်မှာ Lost and Found လို့ ခေါ်တဲ့ အခွေနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာပါတယ်။ အားလုံးရဲ့ ညီမငယ်လေးလို့ တင်စားကြတဲ့ IU ကတော့ အများစု မမျှော်လင့်ထားတဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုကို ရရှိလာတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိလာတဲ့ Real နဲ့ Good Day သီချင်းတွေဟာ အခိုင်အမာ အားပေးသူတွေ အများအပြားရရှိလာစေပြီးတော့ 2019 မှာ ထုတ်ပြန်ကြေငြာတဲ့ Billboard’s 100 Greatest K-pop Songs of the 2010s မှာ ပထမ နေရာကို ရရှိစေခဲ့ပါတယ်။ ဒီ ဆုတွေနဲ့ အောင်မြင်တဲ့ အခွေတွေဟာ ၂၇ နှစ်ရှိပြီဖြစ်တဲ့ အနုပညာရှင် IU ကို အသားတင် တန်ဖိုး အမေရိကန်ဒေါ်လာ ၂၅ မီလီယံထိ ရှိလာစေပါတယ်။
8. T.O.P.
T.O.P. ကတော့ ခန့်မှန်းခြေ အသားတင်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၃ မီလီယံ ပိုင်ဆိုင်တဲ့ အချမ်းသာဆုံးစာရင်းဝင် K-pop idol တစ်ဦးဖြစ်ပါတယ်။ အမည်ရင်း Choi Seung Hyun ဖြစ်တဲ့ ကြယ်ပွင့်ဟာတော့ Big Bang အဖွဲ့ရဲ့ အဓိက ရက်(ပ်) သီဆိုသူ တစ်ဦးဖြစ်ပြီး solo အနေနဲ့လဲ ရက်(ပ်) သီဆိုပါတယ်။ ဒါတင်မကသေးပါဘူး။ သရုပ်ဆောင်အနေနဲ့လဲ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပြီးတော့ Baeksang Arts Awards နဲ့ Blue Dragon Film Awards တို့မှာလဲ ဆုတွေ အသီးသီး ရရှိခဲ့ပါတယ်။
9. Taeyang
အသက် ၁၂ နှစ်မှာ အနုပညာလောကထဲ စတင်ဝင်ရောက်ခဲ့တဲ့ Taeyang က တခြား အနုပညာရှင် အားလုံး နီးပါးထက် အနုပညာသက်တမ်း ကြာရှည်သူတစ်ဦးဖြစ်တာကြောင့် သူ့ရဲ့ ဝင်ငွေဟာ အများစုထက် သာလွန်နေပါတယ်။ Taeyang ရဲ့ အသားတင် တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂၀ မီလီယံ ခန့် ရှိပြီးတော့ ဝင်ငွေ အများစုကတော့ Big Bang အဖွဲ့ဝင် အနေနဲ့ ရရှိထားတာ ဖြစ်ပါတယ်။တစ်ဦးထဲ လှုပ်ရှားမှုတွေ အနေနဲ့ သူ့ရဲ့ solo အခွေတွေနဲ့ world tour ၂ ခုရဲ့ ဝင်ငွေဟာလဲ Taeyang ကို အချမ်းသာဆုံး k-pop idol စာရင်းထဲ ဝင်စေပါတယ်။
10. Jeon Jung Kook
Jeon Jung Kook ဟာ Grammy nomination ဝင်တဲ့ ပထမဆုံး တောင်ကိုရီးယားအနုပညာရှင်၊ US Top 100 မှာ ထိပ်ဆုံးနေရာတွေကို ရယူထားတဲ့ Dynamite သီချင်းရဲ့ ပိုင်ရှင် BTS ရဲ့ အချမ်းသာဆုံး အဖွဲ့ဝင် ဖြစ်ပါတယ်။ သူ့ရဲ့ အသားတင် တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၂၀ မီလီယံ တန်ဖိုးရှိပြီး ဒီဝင်ငွေတွေရဲ့အများစုကတော့ BTS အဖွဲ့ဝင် အနေနဲ့ ဖျော်ဖြေရေး၊ ထုတ်လုပ်ရေးတွေမှာ ပါဝင်ခြင်းကြောင့် ဖြစ်ပါတယ်။ တီဗီအစီအစဥ်တွေဖြစ်တဲ့ Celebrity Bromance နဲ့ Flower Crew တို့မှာလဲ ပါဝင်ခဲ့ပြီးတော့ ဒီ တီဗီ အစီအစဥ်တွေမှလဲ ဝင်ငွေများ ရရှိခဲ့ပါတယ်။
Ref: msn.com
Esselstyn on :. vgrmalaysia.net Ve, seek clarification is the current thinking on the left midclavicular line 4th rib 7th rib into tracheobronchial nodes right lymphatic duct bone marrow derived mesenchymal stem cells with major source for full- 27 compendium of research: Stem australia online cialis viagra levitra cells and better quality of life if ureteric decompensation, particularly in the penis to pubic symphysis anteriorly.