He Who Behind the Wedding Bands
တစ်သက်တာအတွက် အရေးအကြီးဆုံးပွဲတစ်ခုဖြစ်တဲ့ သင့်ရဲ့မင်္ဂလာပွဲမှာ တင့်တယ်ပြီးအဓိပ္ပါယ်ရှိတဲ့ လက်ထပ်လက်စွပ်တစ်စုံကို ဆင်မြန်းဖို့က သင့်အတွက်အလွန်အရေးကြီးပါတယ်။ဒါကြောင့် ဒီလရဲ့ Majestic Wedding Theme နဲ့လိုက်ဖက်ညီစွာထုတ်ထားတဲ့ Lush Magazine မှာ တင့်တယ်ကြော့ရှင်းလှတဲ့ လက်ထပ်လက်စွပ်ကောင်းတစ်စုံကိုရွေးချယ်နိုင်ဖို့ Jeff Cooper လက်ရာဒီဇိုင်းတွေကို ရှာဖွေဖော်ထုတ်တင်ပြလိုက်ပါတယ်။
နှစ်ပေါင်းလေးဆယ်ကျော်ကြာ အောင်မြင်စွာရပ်တည်လာတဲ့ Jeff Cooper…။ လက်ဝတ်ရတနာဒီဇိုင်းများ ဖန်တီးသူ Jeff Cooper…။ ဘဝတစ်သက်တာမှာ အရေးကြီးပွဲတစ်ခုဖြစ်တဲ့ လက်ထပ်မင်္ဂလာပွဲမှာ အခမ်းနားဆုံး လက်ထပ်လက်စွပ်ဒီဇိုင်းကို ပေးစွမ်းနိုင်တဲ့ Jeff Cooper …။ အရည်အသွေးနဲ့ ဝန်ဆောင်မှုပိုင်းမှာ ပြီးပြည့်စုံတဲ့ Jeff Cooper…။
ဒီလို ထူးခြားတဲ့ အရည်အသွေးတွေနဲ့ Jeff Cooper ရဲ့ ဖြစ်တည်မှုကို ခြေရာခံကြည့်လိုက်ရအောင်။ Jeff ရဲ့ လက်ဝတ်ရတနာဒီဇိုင်နာဘဝစတင်ခဲ့တဲ့နေရာက Manhattan ရပ်ကွက်ရဲ့ Bowery လမ်းမှာရှိတဲ့ ပထမဆုံး Diamond District မှာ ဖြစ်ပါတယ်။ ပန်းထိမ်ခုံလေးမှာထိုင်ပြီး လက်ဝတ်ရတနာတွေကိုလက်နဲ့ အသေးစိတ်ပုံဖော်ခဲ့ပါတယ်။ သူက တဖြည်းဖြည်းချင်း သူ့ရဲ့ရောင်းအားကို မြှင့်တင်နိုင်ခဲ့ပြီး ၁၉၇၆ ခုနှစ်မှာ ကိုယ်ပိုင်ကုမ္ပဏီကို တည်ထောင်နိုင်ခဲ့ပါတယ်။ ဒါတင်မကသေးဘဲ လက်ဝတ်ရတနာနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတော်တော်များများရဲ့ ဆုတွေကိုလည်း လက်ခံရရှိခဲ့ပါတယ်။ အထူးသဖြင့် PGI ရဲ့ Platinum Designer of the Year လို ဆုမျိုးတွေရခဲ့ပါတယ်။ ၂၀၁၆ခုနှစ်အတွက် Engagement 101 ကပေးတဲ့ 2016 Ring of the Winner ဆုကိုလည်း Jeff Cooper က ရခဲ့ပြန်ပါသေးတယ်။
လက်ရာသေသပ်လှပတဲ့ လက်ဝတ်ရတနာဒီဇိုင်းတွေကို အသေးစိတ်ပုံဖော်ရင်း တစ်ကမ္ဘာလုံးက လက်ဝတ်ရတနာဆိုင်တွေနဲ့ပါ အဆက်အသွယ်ကောင်းတွေကို တည်ဆောက်နိုင်ခဲ့ပါတယ်။ ပလက်တီနမ်၊ ရွှေနဲ့ စိန်တွေကို သုံးပြီး ဖန်တီးတဲ့ Jeff ရဲ့ လက်ဝတ်ရတနာဒီဇိုင်းတွေက ရိုးရှင်းတယ်၊ လက်ရာသန့်တယ်၊ ကြော့ရှင်းလှပတယ်။ Classic ဖြစ်မှုကို အထူးအာရုံစိုက်တဲ့အတွက် ဘယ်တော့မှ ဒီဇိုင်းမအောက်သွားဘဲ အမြဲတမ်းစတိုင်လ်ကျနေစေပါတယ်။
Jeff Cooper ရဲ့ လက်ရာနဲ့ဖန်တီးထားတဲ့လက်ဝတ်ရတနာတိုင်းက Handmade ဖြစ်ပြီး အော်ဒါအပ်မှ လုပ်ပေးတာဖြစ်ပါတယ်။ လက်နဲ့ပုံဖော်ဖန်တီးတဲ့ အဆင့်တိုင်းမှာလည်း အမှားအယွင်းမရှိအောင် သေချာစစ်ဆေးပါသေးတယ်။ အနုစိတ်လွန်းတဲ့လက်ရာ အလွန်သေသပ်လှပမှုတွေနဲ့ အဓိပ္ပါယ်ရှိရှိပုံဖော်ဖန်တီးထားတဲ့ Jeff Cooper ရဲ့ ဒီဇိုင်းတွေဟာ တခြားလက်ထပ်မင်္ဂလာလက်စွပ်ကုမ္ပဏီတွေနဲ့ မတူဘဲ ထူးထူးခြားခြားကွဲထွက်နေတာကိုတွေ့မြင်ရမှာပါ။
Jeff Cooper အမှတ်တံဆိပ်နဲ့ ထုတ်ထားတဲ့ လက်စွပ်တိုင်းက ကြော့ရှင်းလှပတဲ့ ရိုးရှင်းမှုအသွင်ကို ဖော်ညွှန်းနေပါတယ်။ Jeff Cooper ရဲ့ Website မှာ Jeff Cooper ရဲ့ နောက်ဆုံးပေါ် လက်ရာဒီဇိုင်းတွေကို လေ့လာကြည့်နိုင်ပါတယ်။ သူ့ဒီဇိုင်းတွေကို အနည်းငယ်ပြောပြရမယ်ဆိုရင် Wedding Bandsမှာ အမျိုးသမီးတွေအတွက် ရွေးချယ်စရာ Collection ၁၂ ခုနဲ့ အဲ့ဒီ Collectionအောက်မှာမှ Item ၉၃ ခုရှိပါတယ်။
အမျိုးသားတွေအတွက် Luxury Collection အောက်မှာ ရွေးချယ်စရာ Item ၁၉ ခု ရှိပါတယ်။ အမျိုးသမီး တွေအတွက် စေ့စပ်လက်စွပ်ဒီဇိုင်းက Collection ၁၄ ခုအောက်မှာ Item ၁၆၂ ခု ရှိပါတယ်။ ကိုယ်တိုင်ဝင်လေ့လာချင်ရင် https://www.jeffcooperdesigns.com/မှာ ဝင်ကြည့်လိုက်နော်။
Ref: https://www.jeffcooperdesigns.com/
Words by anna