LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LIFELUSH DAILY

LGBT ဖြစ်ရတာ ရှက်စရာမဟုတ်ပါ။

written by Maeve June 28, 2019
LGBT ဖြစ်ရတာ ရှက်စရာမဟုတ်ပါ။

ဒီလက Pride Month လဖြစ်တယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ Pride month ဖြစ်လာရတဲ့အကြောင်းအရင်းကတော့ ၁၉၆၉ ဇွန်လကုန်မှာ Manhattan မှာ Stonewall အဓိကရုဏ်းကို အထိမ်းအမှတ်အဖြစ် အမှတ်တရကျင်းပရင်း ဇွန်လကို LGBT Pride Month အဖြစ်ရွေးချယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကျင်းပခဲ့တဲ့ရလဒ်အနေနဲ့ တစ်ကမ္ဘာလုံးမှာ LGBT လူတွေရှိတဲ့အကြောင်း အများသိစေဖို့အတွက် နှစ်စဉ်နှစ်တိုင်း ဇွန်လအတွင်းမှာ pride events တွေ တော်တော်များများပြုလုပ်လာကြပါတယ်။ pride events တွေကို ဇွန်လအတွင်းမှာ နိုင်ငံတကာမှာရော မြန်မာမှာပါ Pride Month အတွက် event တွေလုပ်ကြပါတယ်။ ပုံမှန်အားဖြင့် ယောကျာ်း၊ မိန်းမ ဆိုပြီး ရှိရာက လိင်တူအချင်းချင်းစိတ်ဝင်စားတာ၊ တခြားလိင်ရဲ့ဖြစ်တည်မှုမျိုးအတိုင်း ပြောင်းလဲချင်တာ၊ လိင်တူရော ဆန့်ကျင်ဖက်လိင်ပါ စိတ်ဝင်စားတာ စတဲ့ လူတွေသတ်မှတ်ထားတဲ့ သာမာန်မဟုတ်ဘူးလို့ ဆိုကြတဲ့ ကိစ္စတေရှိလာတဲ့အခါ လူတွေက လက်မခံချင်ကြဘဲ ဒါဟာမဖြစ်သင့်တဲ့ကိစ္စတစ်ခုကို ကျူးလွန်တယ်ဆိုပြီး စွပ်စွဲကြရင်း LGBT တွေဟာ ကိုယ့်ရဲ့လိင်ခံယူချက်ကို လူအများကို ထုတ်ပြောရမှာ ကြောက်ရွံ့မှုတွေ၊ ရှက်တာတွေအပြင် အဆိုးဆုံး စိတ်ပိုင်းဆိုင်ရာထိခိုက်ပြီး ကိုယ့်ကိုယ်ကို သတ်သေတာတွေအထိ လုပ်တတ်ကြပါတယ်။ 

နောက်ပိုင်းမှာတော့ ဒီကိစ္စကို လူတွေက တဖြည်းဖြည်းနားလည်လာကြပြီး LGBT ဖြစ်ခြင်းမဖြစ်ခြင်းက လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်အခွင့်အရေးတစ်ခုဖြစ်တယ်ဆိုတာ လက်ခံလာကြပါတယ်။ ဒါပေမဲ့လည်း ဒီကိစ္စကို လက်မခံတဲ့လူတစ်ချို့ကတော့ ရှိနေပါသေးတယ်။ ဒါကြောင့်လည်း LGBT support လုပ်တဲ့လူတွေက LGBT ဖြစ်ခြင်းကို လူတွေလက်ခံလာအောင် campaign တွေလုပ်တာတို့၊ ငြိမ်းချမ်းစွာ ဆန္ဒပြတာတို့ လုပ်ဆောင်ပြီး လူတွေပိုသိ၊ ပိုလက်ခံလာအောင် ဆောင်ရွက်ကြပါတယ်။ မြန်မာမှာလည်း သိပ်မကြာခင်နှစ်ဝန်းကျင်လောက်ကနေစပြီး LGBT ကို လူသိများလာကြပြီး LGBT support လုပ်တဲ့လူတွေလည်း တော်တော်များလာပါပြီ။ 

LGBT တွေက သူတို့ကိုယ်တိုင် LGBT ဖြစ်ကြောင်း မိသားစုတွေ၊ ပတ်ဝန်းကျင်တွေကို မပြောဘဲ ဖုံးကွယ်ရတယ်ဆိုတာ အရမ်းသနားဖို့ကောင်းပါတယ်။ ဒီလိုဖြစ်ရတာ သူ့ရဲ့ရွေးချယ်မှု၊ သူဖြစ်ချင်ခဲ့လို့မှမဟုတ်တာ။ ဒီလိုဖြစ်ရတာကို မိသားစု နဲ့ ပတ်ဝန်းကျင်ဆီက ပြောဆိုခံရမှာစိုးလို့သာ ဖုံးကွယ်ထားပြီး သည်းခံရတာ သူတို့အတွက် ဘယ်လောက်ခက်ခဲမလဲ။ သူ့နေရာမှာ ကိုယ်သာဆိုရင်ဆိုပြီး အတွေးနဲ့ ကိုယ်ချင်းစာကြည့်ရင် နားလည်လာပါလိမ့်မယ်။ ဒီလိုဖုံးကွယ်ပြီးနေရင်းနဲ့ အသက်အရွယ်ရလာလို့ လက်ထပ်ဖို့ကိစ္စတွေဘာတွေဖြစ်လာတဲ့အခါ လက်ထပ်ဖြစ်ခဲ့ရင် နှစ်ဦးနှစ်ဖက်လုံးအတွက် မကောင်းပါဘူး။ ဒီလိုအဖြစ်မျိုးတွေ တကယ့်လက်တွေ့ဘဝမှာလည်း တကယ်ကိုရှိပါတယ်။ 

ကိုယ့်ရဲ့ ပတ်ဝန်းကျင်ထဲက သိတဲ့သူတစ်ယောက်ယောက်ကလည်း LGBT တစ်ယောက်ဖြစ်နေခဲ့ရင် ကိုယ်ချင်းစာတရားထားပြီး ပုံမှန်လူထဲက ပုံမှန်လူတစ်ယောက်လိုပဲ ဆက်ဆံကြရအောင်။ ကိုယ်ချင်းစာတရားထားတယ်ဆိုတဲ့အထဲမှာ “ဝတုတ်နေတာပဲ၊ ပိန်ကပ်နေတာပဲ၊ အသားကလည်းမဲလိုက်တာ၊ အသားကဖြူစွတ်နေတာ စိတ်ပျက်စရာကြီး… ဖြူလို့သာလှနေတာ အသားမဲကြည့်ပါလားလှမှာမဟုတ်ဘူး၊ အခြောက်ကြီး” စတဲ့ စတဲ့ Body Shaming လုပ်တဲ့စကားတွေကိုလည်း မပြောမိဖို့လည်း လိုပါတယ်။ ကိုယ်ကိုယ်တိုင်က LGBT ဖြစ်နေတယ်ဆိုလည်း အားငယ်စရာ၊ ရှက်စရာမလိုပါဘူး။ ကိုယ့်ဘဝကိုယ်ပိုင်တဲ့အတွက် ကိုယ့်ရဲ့ခံယူချက်ကြောင့် ဘယ်သူ့ကိုမှ အားနာနေစရာမလိုပါဘူး။ ကိုယ့်ကြောင့် သူများအနှောင့်အယှက်ဖြစ်နေတာမဟုတ်တဲ့အတွက် ကိုယ့်ကိုယ်ကို အပြစ်တင်စရာမလိုပါဘူး။ 

အကယ်လို့ စိတ်ဖိစီးမှုများလာတာ၊ စိတ်ဓာတ်ကျလာတာ၊ ပတ်ဝန်းကျင်ကလူတွေကို ဖွင့်မပြောရဲတာတွေ ကြုံလာခဲ့တဲ့အခါ နှုတ်ပိတ်သည်းခံမနေဘဲ ရင်ဖွင့်နိုင်မယ့်နေရာတွေ၊ ပညာရှင်တွေရှိပါတယ်။ သူတို့နဲ့တိုင်ပင်ချင်ဖို့အတွက် ဆက်သွယ်လို့ရမယ့် Link လေးတွေကို မျှဝေပေးရင်း LGBT ဖြစ်တဲ့အတွက် ဘာအတွက်နဲ့မှ စိတ်ဓာတ်ကျဖို့မလိုကြောင်း အားပေးစကားပြောလိုက်ပါတယ်။

https://www.facebook.com/marblepsycholgicalservices/

https://www.facebook.com/Cittaconsultancy/

https://www.facebook.com/counsellingcornermyanmar/

https://www.facebook.com/ReachOutMyanmar/

https://www.facebook.com/WellBeingCounselingandPsychologicalServices/

https://www.facebook.com/Counselling-Centre-Yangon-2299045933750449/

https://www.facebook.com/metanoiamhsrc/

 https://www.facebook.com/AAPP-Counseling-Program-634323476905777/ တို့မှာဝင်ကြည့်လို့ရပါတယ်။ ဒီ Link လေးတွေကို မျှဝေပေးတဲ့ Facebook Acc ပိုင်ရှင် Aung Htike Min ကိုလည်း ကျေးဇူးတင်ပါတယ်။

LifeStyleLUSH June 2019LUSH Magazine Myanmar
1
Facebook Twitter Google + Pinterest
Maeve

previous post
Useful Sports Gadgets
next post
5 Things you don’t know about M Seng Lu

Recommended

2020 Grammy Awards မှာ ဖျော်ဖြေသွားမယ့် Billie Eilish နဲ့...

January 10, 2020

ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့တဲ့ ဖက်ရှင် ဒီဇိုင်နာ Kate Spade

June 7, 2018

TESLA, Driving the Future

April 10, 2020

Classic Jeans – Fashion Vocabulary

August 15, 2019

အမေဇုံကို ကယ်တင်ပါ။

August 26, 2019

Corset Belt: Fashion Vocabulary

February 27, 2020

Empowering women through bakery

May 22, 2018

Hoop Earrings: Fashion Vocabulary

January 16, 2020

Lady Gaga stole the show and slayed it...

September 2, 2020

Hotpants: Fashion Vocabulary

January 30, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem