Westlife လို့ ဆိုလိုက်တာနဲ့ သူတို့ကို မသိမယ့်သူ တော်တော်ရှားမယ်ထင်ပါတယ်။ Swear It Again, If I Let You Go, I Have a Dream, My Love, Uptown Girl စတဲ့ သီချင်းတွေနဲ့ နာမည်ကြီးလာတဲ့ ဒီ အဖွဲ့ကိုတော့ အားလုံး မှတ်မိနေကြဦးမှာပါ။
2012 ခုနစ်မှာ Westlife အဖွဲ့ ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့ပေမယ့် 2019 နှစ်ဦးပိုင်းမှာ Millennial တွေရဲ့ အသည်းစွဲ Westlife အဖွဲ့ကတော့ Hello My Love သီချင်းနဲ့ ဂီတလောကထဲကို ပြန်လည် ခြေချခဲ့ပါတယ်။ ခြောက်နှစ်ကျော် ခုနစ်နှစ်လောက် ဂီတလောကနဲ့ ဝေးကွာခဲ့တဲ့သူတို့ကတော့ Brian မပါဝင်တော့ပဲ ကျန် အဖွဲ့ဝင် လေးယောက်နဲ့ comeback လုပ်တဲ့အချိန်မှာလည်း ပရိသတ်တွေ အလွန်ပင် ကြိုက်နှစ်သက်ခဲ့ပါတယ်။
အခု သူတို့ အဖွဲ့က World Tour တွေ စတင် ထွက်တော့မှာဖြစ်ပြီး သတင်းကောင်းအနေနဲ့ Asia Tour အဖြစ် လာရောက်ဖျော်ဖြေတော့မှာဖြစ်ပါတယ်။ ဘယ်လို သီချင်းတွေနဲ့ ပရိသတ်တွေရဲ့ နှလုံးသားကို ဖမ်းစားမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ Westlife fan ဖြစ်တဲ့ ကိုယ်ကတော့ အရမ်းတွေ ရင်ခုန်နေတာ အမှန်ပါပဲ။
Concert Tour ကိုတော့ “The 20 Tour” လို့ နာမည်ပေးထားပြီး မေလ ၂၂ ရက်နေ့ မှာ စတင်မှာဖြစ်ပါတယ်။ ပွဲအရေအတွက်ပေါင်း ၄၀ ကျော် လှည့်လည်ဖျော်ဖြေမှာဖြစ်ပြီး Europe မှာ ၃၃ ပွဲ၊ Asia မှာ ၈ ပွဲ လာရောက်ဖျော်ဖြေမှာ ဖြစ်ပါတယ်။
ကဲ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုတွေ အမိုက်စားဖျော်ဖြေမှုတွေနဲ့ ဖျော်ဖြေမလဲဆိုတာ Schedule လေးနဲ့တကွ ဖော်ပြပေးလိုက်ရပါတယ်။
သြော် ဒါနဲ့ သွားဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်တော့ မြန်မြန်လေး လက်မှတ်ဖြတ်ထားမှ ဖြစ်မယ်နော်။ ကိုယ့်လိုပဲ Westlife ကို ကြည့်မယ့်သူတွေ အများကြီး ရှိမယ်ဆိုတာတော့ မေ့ထားလို့မရဘူးနော်။
လက်မှတ် ဘယ်ချိန်ရောင်းမယ်ဆိုတာကို Update သိဖို့ သူတို့ရဲ့ Twitter ကိုလည်း အစဉ်မပြတ် စောင့်ကြည့်ဖို့ လိုမယ်နော်။ သူတို့ရဲ့ Twitter link ကတော့ https://twitter.com/westlifemusic ပဲဖြစ်ပါတယ်။ အခုပဲ အမြန် သွား follow ထားကြရအောင်။
အားလုံးပဲ Westlife Asia Tour အတွက် သီချင်းတွေလည်း အလွတ်ကျက်ထားဖို့ မမေ့ပါနဲ့လို့ ပြောရင်း January လက ထွက်ထားတဲ့ “Hello My Love” သီချင်းလေးကို နားဆင်လိုက်ကြပါဦးနော်။
Editor: Eain Chu