adidas Originals က Superstar ဒီဇိုင်း cover ထားတဲ့ adilette ကို ချပြပြီး Superstar shoe ရဲ့ နှစ် ၅၀ ပြည့်ကို ဂုဏ်ပြုထားပါတယ်။ ဖိနပ်ကို အပေါ်စီးကနေကြည့်ရင် Superstar ပုံစံအတိုင်းပါပဲ။ slide ရဲ့ အောက်နားမှာ adidas Trefoil logo၊ slide ရဲ့ အပေါ်မှာ ဖိနပ်ကြိုးဒီဇိုင်း၊ slide ရဲ့အလယ်မှာ Three Stripes နဲ့ ဒီဇိုင်းထုတ်ထားပါတယ်။
ဆိုတော့ adilette ကို Superstar စီးနေရသလို ခံစားမှုမျိုးရနိုင်မှာပါ။ adilette ရဲ့ mid sole မှာ adidas Trefoil logo ကိုလည်း ထည့်ထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် adilette က slides တစ်ရံဖြစ်တာမို့ ရာဘာနဲ့ လုပ်ထားပြီးတော့ စီးရတာသက်သောင့်သက်သာနဲ့ ရေခြောက်တာလည်း မြန်မှာပါ။ ဈေးကတော့ £37 GBP ဝန်းကျင်ပါ။ adidas Adilette Superstar ရဲ့ပုံတွေကို တစ်ချက်ကြည့်လိုက်ရအောင်။