LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LIFELUSH DAILYSOCIAL ETIQUETTE

အသက် ၂၀ နှင့် ၃၀ ကြား မဖြစ်မနေ လုပ်ဆောင်သင့်သည့်အချက်များ

written by Maeve August 6, 2019
အသက် ၂၀ နှင့် ၃၀ ကြား မဖြစ်မနေ လုပ်ဆောင်သင့်သည့်အချက်များ

ကိုယ်ရဲ့ အသက် ၂၀ နဲ့ ၃၀ ကြား ကာလကတော့ ကိုယ့်အတွက် အကောင်းမွန်ဆုံးအချိန်တွေဖြစ်ပြီး ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေကို အကုန်လုံးမဟုတ်နိုင်ရင်တောင် စွန့်စားမှုတွေနဲ့အတူ လုပ်ဆောင်သင့်တဲ့အချိန်ပါပဲ။

ဒါပေမဲ့ တစ်ဖက်မှာကြည့်မယ်ဆိုရင် ဒီအချိန်ကာလအပိုင်းအခြားက အနာဂတ်မှာ အစီအစဉ်အသစ်တွေ စတင်ချမှတ်တဲ့အချိန်ဖြစ်နေသလို ဘယ်လမ်းကြောင်းတွေက ကိုယ့်အနာဂတ်အတွက်ကောင်းမွန်တဲ့ လမ်းကြောင်းတွေဖြစ်မလဲဆိုတဲ့ စဉ်းစားရ ဝေခွဲရ ခက်တဲ့အချိန်ကာလ အပိုင်းအခြား တစ်ခုဆိုလည်း မမှားပါဘူး။

ကိုယ့်ကိုယ်ကိုယ် Millennial တစ်ယောက်လို့စဉ်းစားကြည့်ပါစို့။ တကယ်လို့သာ ဒီလို အသက်အပိုင်းအခြားမှာ ကိုယ်ဖြစ်ချင်တာတွေကို မလုပ်ခဲ့မိရင် နောင်တစ်ချိန်ကျရင် ဒါက အကြီးအကျယ်နောင်တရစရာ သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဖြစ်ချင်တာ ဘာလဲ…အဲ့ဒီအရာက တကယ်ရောဖြစ်နိုင်လား စဉ်းစားတွေးခေါ်ပြီး ဖြစ်နိုင်တယ်ဆိုရင်တော့ မဆိုင်းမတွဘဲ လုပ်တာက နောက်မှ မလုပ်လိုက်ရခြင်းဆိုတဲ့ နောင်တကို ကျော်လွှားနိုင်မှာပါ။

ဒါကြောင့်မို့ ပထမဆုံးတစ်ချက်အနေနဲ့ အကြံပေးချင်တာက ကိုယ်ရဲ့ဝါသနာကဘာလဲ ကိုယ်အခုလုပ်နေရတာနဲ့တကယ်ကော ထပ်တူကျနေရဲ့လား ဆိုတာကို ကိုယ့်ကိုကိုယ် ပြန်လည်ဆန်းစစ်ရမှာပါ။ ကိုယ်လုပ်နေရတာနဲ့ ကိုယ်ဖြစ်ချင်တာနဲ့ ကိုက်ညီမှုမရှိဘူးလို့ အဖြေထွက်လာရင်တော့ အခုလို အသက်အရွယ်မှာ အပြောင်းအလဲလုပ်ဖို့အကောင်းဆုံးပါပဲ။ ဘယ်သူမဆို အပြောင်းအလဲ လုပ်ရမှာကိုတော့ ကြောက်ကြတဲ့သူတွေချည်းပါပဲ။ ဒါပေမဲ့ ကိုယ်မပျော်နေတဲ့နေရာတစ်ခုမှာ ဆက်နေနေမယ်ဆိုရင် ကိုယ့်ဘဝတက်လမ်းအတွက် အခက်အခဲရှိလာနိုင်တဲ့အပြင် ကိုယ့်ကိုကိုယ် လိမ်နေသလို နှိပ်စက်ရာကျပါတယ်။ တစ်ခါလောက် Risk ယူပြီး အပြောင်းအလဲလုပ်ကြည့်ပါ။ ခက်ခဲတယ်ဆို ပေမယ့် ဘယ်အရာမဆို ဇွဲလုံ့လ နဲ့ ကြိုးစားဖြတ်ကျော်မယ်ဆို ဖြစ်နိုင်ပါတယ်။

ဒုတိယတစ်ချက်ကတော့ ကိုယ့်ကိုကိုယ် ဆုချတတ်ဖို့ပါ။ လူအများစုက ကိုယ့်အတွက်ဆိုတာထက် မိသားစုလိုအပ်ချက်တွေကို အရင်ဖြည့်ဆည်းပေးတတ်ကြပါတယ်။ ဒီလိုဖြည့်ဆည်းပေးတာက တကယ့်ကို ကောင်းမွန်တဲ့လုပ်ရပ်တစ်ခုပါ။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်က စိတ်ပင်ပန်းနေမယ် ပျော်ရွှင်မှုကို ကိုယ်တိုင်ကမရှာဖွေနိုင်ရင် သူများရဲ့လိုအပ်ချက်ကိုဘယ်လောက်ပဲဖြည့်ဆည်းပေးပေး လစ်ဟင်းမှုတွေက ရှိလာမှာပါ။ ဒါကြောင့်မို့ ကိုယ်ဖြစ်ချင်တာကို အဆုံးထိအောင်မြင်အောင်လုပ်နိုင်ခဲ့လို့ပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်ထဲမှာ Achievement တစ်ခုခုရရှိခဲ့လို့ပဲဖြစ်ဖြစ် ဘာလိုအောင်မြင်မှုမဆိုရလာပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် Reward ပြန်ပေးဖို့မမေ့ပါနဲ့။

တတိယတစ်ချက်ကတော့ ပိုက်ဆံကို လိုတဲ့နေရာမှာ သုံးပြီး မလိုအပ်တဲ့နေရာတွေကို မဖြုန်းဖို့ပါ။ အသက် ၂၀ ကျော် ၃၀ ကာလမှာတော့ ကိုယ့်ဘဝ အနာဂတ်အတွက်ဖြစ်ဖြစ် ၊ ကိုယ်နာမကျန်းဖြစ်တဲ့အချိန်မှာ လိုအပ်ရင်သုံးနိုင်ဖို့အတွက် ကိုယ်ရတဲ့လစာ၊ မုန့်ဖိုးတွေကို ခွဲဝေပြီးတော့ ပိုက်ဆံစုသင့်ပါတယ်။ နည်းနည်းချင်းစီ အခုချိန်တည်းက ပိုက်ဆံစုဖြစ်မယ်ဆို နောက်ပိုင်းကိုယ်လိုအပ်တဲ့အချိန်ရောက်ရင် တကယ့်ကို အထောက်အကူပြုနိုင်မှာပါ။

စတုတ္တတစ်ချက်ကတော့ ခရီးထွက်ခြင်းပါ။ ဒီအသက်အရွယ်အထိ ခရီးတွေဘာတွေ မသွားဖူးဘူးဆိုရင်တော့ လုံးဝကို မဖြစ်သင့်တော့ပါဘူးနော်။ ခရီးထွက်ခြင်းဟာ စိတ်ကိုလည်း ပေါ့ပါးလန်းဆန်းစေသလို ၊ အတွေ့အကြုံသစ်တွေ စွန့်စားမှုတွေလည်း ရရှိနိုင်တာမို့လို့ တစ်ယောက်တည်း ခရီးထွက်တာဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့တူတူ ခရီးသွားတာဖြစ်ဖြစ် ခရီးတိုတစ်ခု စီစဉ်လိုက်တော့နော်။

နောက်ဆုံးတစ်ချက်ကတော့ ကိုယ်ရဲ့အကြောက်တရားတွေကို တတ်နိုင်သမျှစွန့်လွှတ်လိုက်ပါ။ ကိုယ်ကသာ တစ်ခုခုကို စွန့်စားမယ်ဆိုပြီး လုပ်ပြီးကာမှ ငါဖြစ်ပါ့မလား ငါလုပ်လိုက်လို့ ပြသနာတက်သွားနိုင်လား ဆိုတဲ့ “လား”ပေါင်းများစွာသော အတွေးတွေကို တတ်နိုင်သမျှ မစဉ်းစားဘဲ ငါလုပ်နိုင်တယ်ဆိုတဲ့စိတ်ကို ထည့်ပြီး အကောင်းဆုံး ကိုယ်ပေးနိုင်တဲ့အရာအားလုံးကိုသာ ပေးပြီးတော့ လုပ်ဆောင်လိုက်ပါ။

အခုလောက်ဆိုရင်တော့ ပြောပြပေးခဲ့တဲ့အချက်တွေထဲမှာ LUSHers တို့ကိုယ်မလုပ်ရသေးတဲ့အချက်တွေရှိရင် အခုပဲ ထပြီးတော့ လုပ်လိုက်ဖို့ အကြံပေးလိုက်ရပါတယ်နော်…။

Editor: Eain Chu

LUSH August 2019LUSH DAILYLUSH Magazine MyanmarLUSH social etiquette
1
Facebook Twitter Google + Pinterest
Maeve

previous post
Victoria Secret’s First Transgender Model Valentina Sampaio
next post
Sockers – Fashion Vocabulary

Recommended

Premium ဖြစ်တဲ့ ခံစားမှုမျိုးကို ရရှိနိုင်မယ့် “PRADA FOR ADIDAS” 

September 8, 2020

Boost your skills with these online classes

May 30, 2020

မွေးနေ့မှာ “BunBun With You” Collection ကို မိတ်ဆက်ခဲ့တဲ့ Bunny...

July 10, 2019

How not to be a shallow person

April 4, 2019

NEON DREAMS with BUNNY PHYOE

June 12, 2018

Halo Shine Lipstick ရော Lip gloss ပါ ပါတဲ့...

February 15, 2020

Mobile and Etiquette

April 2, 2019

Interview with Sunrise 18

November 2, 2019

Fanny Pack တွေရဲ့ အလွန်မှာ ခေတ်စားလာနိုင်တဲ့ လည်ဆွဲအိတ်များ (သို့မဟုတ်) Necklace...

April 9, 2019

Festival of Parades

July 3, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem