LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HEALTH & BEAUTY

သင်ကိုယ်တိုင် မသိလိုက်တဲ့ Mask တွေရဲ့ နောက်ဆက်တွဲ ပြဿနာများ

written by Jeune October 2, 2020
သင်ကိုယ်တိုင် မသိလိုက်တဲ့ Mask တွေရဲ့ နောက်ဆက်တွဲ ပြဿနာများ

 

   ဒီလပိုင်းအတွင်းမှာမှ မျက်နှာ အရေပြား၊ အထူးသဖြင့် မေးရိုးတလျှောက်မှာ အဆီဖုလေးတွေနဲ့ ဝက်ခြံတွေ သိသိသာသာ ထွက်လာတယ်လို့ ခံစားနေရပါသလား။ ဒါမှမဟုတ် ထိခိုက်ထားမှု၊ ကုတ်ဖဲ့ထားမှု မရှိပဲ အနီကွက်တွေ ပေါ်လာတာ၊ အရေပြားပွန်းပဲ့တာတွေ ဖြစ်လာပါသလား။ ဒီအကြောင်းအရာတွေကြောင့် ဆိုရင်တော့ စိတ်မပူပါနဲ့။ solution ရှိပါတယ်။

Covid-19 ကြောင့် နှာခေါင်းစည်းပြီး သွားလာလှုပ်ရှား လာတာ ၃ လနီးပါးရှိပါပြီ။ အလေ့အကျင့်မရှိတဲ့အပြင် အချိန်ကာလ ကြာရှည်စွာ တပ်ထားရတဲ့ နှာခေါင်းစည်းကြောင့် ဒီလို အရေပြား ပြဿနာတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

 

ခွဲစိတ်ခန်းသုံး surgical mask, disposable တွေသာမက အဝတ်နဲ့ ချုပ်ထားတဲ့ တစ်ခါသုံး မဟုတ်တဲ့ mask တွေအားလုံးရဲ့ တူညီတဲ့ အချက်ကတော့ mask တပ်ထားတဲ့ အချိန်က ခဏဆိုရင် မသိသာပေမယ့် အချိန်ကြာလာတဲ့အခါ ပူပြီးစိုစွတ်တဲ့ ရာသီဥတုကြောင့်သာမက မိမိရဲ့ အသက်ရှုသွင်း ရှုထုတ်တဲ့ လေပူကြောင့် ချွေးပြန်ပြီး mask အတွင်းမှာ စိုစွတ်လာပါတယ်။ လေဝင်လေထွက် မကောင်းခြင်းနဲ့ ပူနွေးစိုစွတ်ခြင်းဟာ ဝက်ခြံနဲ့ အဆီဖုတွေ ဖြစ်လာခြင်းရဲ့ အဓိက အကြောင်းအရင်းတစ်ခုအဖြစ်ပါဝင်နေပါတယ်။

ဒါတင်မကပါဘူး။ mask တပ်ထားချိန် လှုပ်ရှားမှုတွေကြောင့် mask နဲ့ မျက်နှာပြင်အရေပြား ပွတ်တိုက်မှုတွေ ဖြစ်ပေါ်လာပြီး အရေပြား ယားယံမှုနဲ့ ရောင်ရမ်းမှုတွေ ဖြစ်ပေါ်စေပါတယ်။ နှာခေါင်းနဲ့ ပါးစပ်၊ မေးရိုးနား တစ်ဝိုက်မှာ အဆီဖုသို့မဟုတ် ဝက်ခြံဖုသေးသေးလေးတွေ ထွက်လာတာ၊ အနီရောင်ပွန်းရာ ခြစ်ရာတွေ ပေါ်လာတာ၊ အရေပြားရောင်ရမ်းပြီး အထိမခံ ဖြစ်လာတာတွေက mask တပ်ခြင်းကြောင့် ဖြစ်ပေါ်လာတာပါ။

Mask တွေကို ဝတ်ဆင်ထားတဲ့ အချိန်ကာလကို လျှော့ချနိုင်ရင် အကေ

 

ာင်းဆုံးဆိုပေမယ့် တစ်နေကုန် အလုပ်လုပ်ရသူတွေနဲ့ မူရင်း မျက်နှာအရေပြား ပြဿနာရှိသူတွေကတော့ လုံးဝ ၁၀၀ ရာခိုင်နှုန်း ကာကွယ်ဖို့ ဆိုတာမဖြစ်နိုင်ပါဘူး။ face mask ကို ရွေးချယ်ရာမှာ ပျော့ပျောင်းပြီး အသက်ရှုလို့ရတဲ့ မထူလွန်း မပါးလွန်းတဲ့ သဘာဝပိတ်စနဲ့ ပြုလုပ်ထားတဲ့ face တွေကို အသုံးပြုသင့်ပါတယ်။ ၁၀၀ ရာခိုင်နှုန်း ချည်သားနဲ့ ပြုလုပ်ထားတဲ့ mask တွေကတော့ အကောင်းဆုံးပါပဲ။ သဘာဝမဟုတ်တဲ့ ပိတ်စတွေနဲ့ ပြုလုပ်ထားတဲ့ mask တွေကတော့ သင့်ကို လိုအပ်တာထက် ချွေးထွက်စေပြီး အရေပြား ပြဿနာတွေ ဖြစ်စေတဲ့ အကြောင်းရင်းပါပဲ။ အဝတ် mask တွေကို ဆပ်ပြာမှုန်နဲ့ လျှော်မယ့်အစား သင်အသုံးပြုနေတဲ့ ကိုယ်တိုက်ဆပ်ပြာ သို့မဟုတ် မျက်နှာသစ်ဆေး စတာတွေနဲ့ လျှော်ဖွပ်ပေးပါ။ mask တွေကို လျှော်တဲ့အခါ ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့် ထည့်လျှော်ပါက ပိတ်စရဲ့ အရောင်ကို ကြာရှည်ခံစေပြီး အချိန်အနည်းငယ်နဲ့ ဆွေးမြေ့ခြင်းကို ကာကွယ်ပေးပါတယ်။ mask တွေကို တစ်ခါ အသုံးပြုပြီးတိုင်း တစ်ခါ ပြန်ပြီး လျှော်ဖွတ်ပေးပါ။

မဖြစ်မနေ mask တပ်ရတော့မယ်ဆိုရင် ပုံမှန်သုံးနေကြ skincare သာမကဘဲ ကိုယ်နဲ့ သင့်တော်တဲ့ oil free moisturizer ကို သုံးပေးသင့်ပါတယ်။ ဒါ့အပြင် mask တပ်ထားတယ်ဆိုပြီး sun-cream တွေ သုံးပေးဖို့ မမေ့သင့်ပါဘူးနော်။ ဒါတင်မက မေးရိုးနဲ့ နှာခေါင်းနား တစ်ဝိုက် ပွန်းပဲ့နိုင်တဲ့ နေရာတွေမှာ rash cream ကို ကြိုလိမ်းထားလို့လည်း ရပါတယ်။ ကလေးအသုံးအဆောင် ရောင်းတဲ့ ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။ အထူး သတိပြုရမှာကတော့ ဝက်ခြံနဲ့ အဆီဖုတွေ အများအပြားထွက်တဲ့သူတွေဟာ oil free skincare တွေကိုပဲ သုံးသင့်ပါတယ်။ sun-cream တွေလဲ gel type တွေ အများအပြား ထုတ်လုပ်ကြတာမို့လို့ ကိုယ့် အသားအရေနဲ့ ကိုက်ညီတဲ့ ပစ္စည်းတွေကို မှန်ကန်စွာ အသုံးပြုပေးမှ ထိရောက်မှာ ဖြစ်ပါတယ်။ skincare တွေ အားလုံး ခြောက်သွေ့တော့မှသာ mask တပ်သင့်ပါတယ်။

ကြိုတင်ကာကွယ်ထားပေမယ့်လဲ အရေပြား ပြသနာတွေ ပေါ်ပေါက်လာရင် မှန်ကန်စွာ ကုသဖို့ လိုအပ်ပါတယ်။ ပုံမှန် ဝက်ခြံ ပေါက်တဲ့ အသားအရေ မဟုတ်ရင် ဓါတုဆေး အပြင်းစားတွေပါတဲ့ ဝက်ခြံအတွက် ထုတ်လုပ်ထားတဲ့ မျက်နှာသစ်ဆေးတွေကို အသုံးမပြုသင့်ပါဘူး။ သင့်မျက်နှာကို ပိုမိုခြောက်သွေ့စေပြီး ပျက်စီးစေပါတယ်။ sensitive skin, trouble skin တို့အတွက် ထုတ်လုပ်ထားတဲ့ မျက်နှာသစ်ဆေးတွေ ပြောင်းသုံးပေးပါ။ သင့်မျက်နှာကို သန့်သန့်ရှင်းရှင်းထားပါ။ သန့်သန့်ရှင်းရှင်းထားပါဆိုတာက ခဏခဏ မျက်နှာသစ်ရမှာ မဟုတ်ပါဘူး။ မျက်နှာအရေပြားဟာ less is more ဆိုတဲ့ အတိုင်း ပြင်းထန်တဲ့ မျက်နှာသစ်ဆေးတွေ၊ ဆပ်ပြာတွေကို ရှောင်ကျဉ်ပါ။ မျက်နှာသစ်ပြီးရင် toner နဲ့ moisturizer တွေ အသုံးပြုပေးဖို့ မမေ့ပါနဲ့။
မိတ်ကပ်လိမ်းသူတွေအတွက်လဲ mask တပ်ထားခြင်းရဲ့ ဖိအားကြောင့် ချွေးပေါက်တွေ ပုံမှန်ထက်ပိုပြီး ပိတ်တတ်တာကြောင့် မိတ်ကပ်ကို သေချာသန့်စင်ပေးဖို့ လိုအပ်ပါတယ်။ အကောင်းဆုံးကတော့ mask ကို အချိန်ကြာရှည်စွာ တပ်ရမယ်ဆိုရင် မိတ်ကပ်ထူထူ မလိမ်းတာ အကောင်းဆုံးပါပဲ။


Niacinamide သို့မဟုတ် Nicotinamide ဆိုတာကတော့ Vitamin B-3 အသွင်တစ်မျိုးဖြစ်တဲ့ လိုအပ်တဲ့ဓါတ်ပဲ ဖြစ်ပါတယ်။ Niacinamide မလုံလောက်ရင် အရေပြားပြဿနာတွေ ဖြစ်ပွားတာ၊ ကျောက်ကပ်နဲ့ ဦးနှောက်ဆိုင်ရာ ရောဂါတွေလည်း ဖြစ်ပွားနိုင်ပါတယ်။ ကျောက်ကပ်နဲ့ ဦးနှောက်ဆိုင်ရာ ပြသနာတွေကို ကာကွယ်ဖို့ Niacinamide ပါဝင်တဲ့ အစားအစာတွေ စားသောက်ပေးရုံသာမက လိုအပ်ရင် ဆရာဝန် ညွှန်ကြားချက်နဲ့အတူ ဆေးသောက်သုံးပေးနိုင်ပါတယ်။
သင့်ရဲ့ အရေပြားအတွက်တော့ မပူပါနဲ့။ Niacinamide ပါဝင်တဲ့ skincare တွေ သာမက Niacinamide လိမ်းဆေးတွေကို ဆေးဆိုင်တွေအပြင် အလှကုန် အရောင်းဆိုင်တွေမှာပါ အလွယ်တကူ ဝယ်ယူ ရရှိနိုင်ပါတယ်။ Niacinamide ပါဝင်တဲ့ လိမ်းဆေး၊ skincare တွေကို အသုံးပြုပေးပါက အရေပြား ရောင်ရမ်းခြင်းသာမက ဝက်ခြံနဲ့ အဖုအဖိန့်ထွက်ခြင်းတွေကိုပါ ကာကွယ်ပေးလို့ mask ကြောင့် ဖြစ်တဲ့ အရေပြား ပြဿနာတွေကို Niacinamide တစ်ခုထဲနဲ့ ဖြေရှင်းပြီးသား ဖြစ်သွားပြီနော်။
Mask တပ်ခြင်းကြောင့် အရေပြားပြသနာတွေ ဖြစ်ပေါ်လာနိုင်ပေမယ့် mask တပ်ခြင်းက Covid-19 ရောဂါပိုး ပြန့်နှံ့မှုကို ကာကွယ်ပေးတာကြောင့် ဂရုစိုက်လုပ်ဆောင်သင့်ပါတယ်။ လူတစ်ယောက်မှာ ကျန်းမာရေးက အရေးအကြီးဆုံး မဟုတ်လား။

beautyLUSH beautyLUSH Magazine MyanmarMaskSKIN PROBLEM
0
Facebook Twitter Google + Pinterest
Jeune

previous post
တိရစ္ဆာန်အမွေးတွေ၊ သားရေတွေနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေ ရောင်းချမှုကို ban တော့မယ့် Nordstrom
next post
သင့်ကို ဒွိဟဖြစ်​စေတဲ့ ကျန်းမာတဲ့ အစားအစာများ

Recommended

The Iconic Evening Fashion Show – Runway of...

October 28, 2019

How to sunscreen after lock downs loosen

June 9, 2020

Finding A Perfect Match

November 10, 2017

MAC ကအသစ္ထုတ္လိုက္တဲ့ Lip Glosses 

June 20, 2018

The Iconic Evening Fashion Show – Versace Jeans...

October 26, 2019

ပထမဆုံး Mascara နဲ့ Pencil Eyeliner ထွက်ရှိလာတဲ့ Fenty Beauty

January 16, 2020

Myanmar Beauty Tips

July 10, 2019

ဝက်ခြံကပြောပြနေတဲ့ သင့်အကြောင်း (အပိုင်း ၂)

July 21, 2020

မြန်မာပြည်၊ အထူးသဖြင့် အပူပိုင်းဒေသတွေမှာ ခေတ်စားနိုင်တဲ့ ဆံပင်ပုံစံတွေ

April 27, 2023

Festival တွေမှာ ခြယ်သဖို့ အကောင်းဆုံး Eyeshadow အရောင်များ

April 3, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem