LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LIFELUSH DAILY

“လူမှုဘဝ ပိုကောင်းဖို့ ဟန်ချက်ညီညီလုပ်ဆောင်စို့” (Balance for Better)

written by Eain Chu March 6, 2019
“လူမှုဘဝ ပိုကောင်းဖို့ ဟန်ချက်ညီညီလုပ်ဆောင်စို့” (Balance for Better)

ဒီဆောင်ပုဒ်ကတော့ ၂၀၁၉ ခုနစ် International Women’s Day (အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့) ရဲ့ ဆောင်ပုဒ်ပဲ ဖြစ်ပါတယ်။ International Women’s Day ကတော့ နှစ်စဉ် မတ်လရဲ့ (၈) ရက်နေ့ဖြစ်ပါတယ်။

ယခု အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့ဖြစ်ပေါ်လာပုံအကြောင်းကို အကျဉ်းချုံးပြီးဖော်ပြပေးပါရစေ။

ဂျာမနီ နိုင်ငံ ၊ ဆိုရှယ်ဒီမိုကရက်တစ်ပါတီရဲ့ အမျိုးသမီးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Clara Zetkin က ပထမဆုံး အနေနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ နယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့ အောင်မြင်မှုရယူနိုင်ခဲ့တဲ့ အမျိုးသမီးတွေကို အသိအမှတ်ပြုတဲ့ နေ့တစ်နေ့အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုတင်ပြခဲ့ပါတယ်။

၁၉၇၅ ခုနစ်မှာတော့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကနေပြီး နှစ်စဉ်တိုင်းရဲ့ မတ်လ ၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် အတည်ပြုပေးခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတွေကို ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ သိုက်သိုက်ဝန်းဝန်းကျင်းပခဲ့လာကြတာ ယနေ့ထိဖြစ်ပါတယ်။

ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ကျော်ပမာဏရှိတဲ့ အမျိုးသမီးတွေဟာ ကမ္ဘာ့နိုင်ငံတွေမှာ အဓိကကျတဲ့ အင်အားစု ကြီးဖြစ်ကာ သူတို့ရဲ့ ကြိုးစားမှုကြောင့် အရေးပါအရာရောက်တဲ့ အခန်းကဏ္ဍတွေ ဒုနဲ့ဒေး ဆိုတာလည်း ငြင်းလို့မရတဲ့အချက်တစ်ခုပါပဲ။ ယနေ့ခေတ်မှာလည်း အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့အတူ တန်းတူ ရင်ဘောင်တန်းပြီး လုပ်ဆောင်လာနိုင်ကြတာကို ၀မ်းမြောက်အားရဖွယ် တွေ့မြင်လို့နေရပါတယ်။ အချို့အမျိုးသမီးတွေဟာ နိုင်ငံရဲ့ခေါင်းဆောင်ပိုင်းနေရာတွေမှာပါ တာဝန်ထမ်းဆောင်နေသူတွေ အနေနဲ့ လုပ်ကိုင်နေကြပါတယ်။

ဒါပေမယ့် အချို့သော နိုင်ငံ၊ နေရာတွေမှာတော့ အမျိုးသမီးတွေဟာ ခွဲခြားဆက်ဆံခြင်း၊ တန်းတူအခွင့်အရေးမရရှိခြင်းတွေဟာ ယနေ့ထိရှိနေဆဲဖြစ်ပါတယ်။ အမျိုးသမီးများကို ဖိနှိပ်ခြင်း၊ စော်ကားခြင်း၊ ခွဲခြားဆက်ဆံခြင်း စတာတွေဟာ ဥပဒေနှင့်ငြိစွမ်းသလို ရှုံ့ချသင့်စရာကိစ္စရပ်တစ်ခုလည်းဖြစ်ပါတယ်။ ဒီလိုမျိုးအကြောင်းအရာတွေကို ဆွေးနွေးပွဲများ ဟောပြောပွဲများမှာ ထည့်သွင်းပြောလာကြတာကလည်း အမျိုးသမီးများတွေကို တဖက်တလမ်းက ကူညီပေးရာ ရောက်တဲ့အတွက် ဒီလိုမျိုးပွဲလေးတွေလည်း များများရှိစေချင်ပါတယ်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ အမျိုးသား၊ အမျိုးသမီး၊ ကျား၊ မ သာတူညီမျှရှိရေးဟာ အလွန်အရေးကြီးပြီး အခြေခံကျတဲ့ အချက်တစ်ချက်လည်းဖြစ်ပါတယ်။ အမျိုးသမီးများအားလုံးဟာ နိုင်ငံရေး၊ စီးပွားရေး ၊ လူမှုရေး ၊ ကျန်းမာရေးစတဲ့ နယ်ပယ်အသီးသီးမှာ အမျိုးသားများနဲ့တန်းတူ အခွင့်အလမ်းတွေကို သာတူညီမျှခံစားခွင့်ရရှိမှသာ ကျား၊ မ သာတူညီမျှမှုရှိတဲ့ လူအခွင့်အဖွဲ့အစည်းလေးတစ်ခုကို ရရှိနိုင်မှာဖြစ်ပါတယ်။

အမျိုးသားတွေအနေနဲ့လည်း အမျိုးသမီးတွေကို တန်းတူအခွင့်အရေးများ၊ အခွင့်အလမ်းများ၊ ဦးဆောင်ခွင့်များ ပေးကာ အတူတူ ဟန်ချက်ညီညီ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်မယ်ဆိုရင် သာယာလှပပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ကမ္ဘာကြီး အနာဂတ်မှာ တည်ဆောက်လာနိုင်မယ်ဆိုတာကိုလည်း ယုံကြည်ပါတယ်။

ဒါကြောင့် တန်းတူညီမျှမှု ပိုရှိလာလေလေ ပိုမိုကောင်းမွန်တဲ့ကမ္ဘာကြီးဖြစ်လာလေလေ ဖြစ်တဲ့အတွက် ကျား၊ မ တန်းတူညီမျှမှုရှိတဲ့ ကမ္ဘာ ကြီးဖြစ်လာဖို့ အတူဖန်တီးကြပါစို့လို့ ပြောရင်း ၂၀၁၉ မတ်လ ၈ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုလိုက်ရပါတယ်။

#IWD2019 #BalanceforBetter #genderbalancedworld

Editor: Eain Chu

LifeStyleLUSH DAILYLUSH Magazine MyanmarLUSH March 2019
1
Facebook Twitter Google + Pinterest
Eain Chu

previous post
စကားများကြတဲ့အခါ ဘယ်လိုနည်းလမ်းတွေနဲ့ အကောင်းဆုံး ဖြေရှင်းကြမလဲ။
next post
အသက်အငယ်ဆုံး Self-made Billionaire ဖြစ်လာတဲ့ Kylie Jenner

Recommended

Binging on Books

June 19, 2020

A Whole New World

July 28, 2020

တစ်ခေတ် တစ်ခါကနာမည်ကျော်ခဲ့တဲ့ Iconic တွေနဲ့သူတို့ရဲ့ Fashion အသုံးအဆောင်များ

September 21, 2019

Bacalar – Maldives of Mexico

March 11, 2019

Interview with Citta: Open Your Mind!

April 6, 2020

Coach နဲ့ Selena တို့ရဲ့ ဒုတိယအကြိမ်ပူးပေါင်းထုတ်လုပ်မှု

August 9, 2018

How to be efficient at workplace

March 21, 2019

Short Hair Trends of 2019

November 5, 2019

Life and Nutrition

April 10, 2020

ဝေးသွားတာ မှားလား

June 9, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem