LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HEALTH & BEAUTYLUSH DAILY

မျက်နှာပေါ်လုံးဝမတင်သင့်တဲ့ အရာများ

written by Maeve January 24, 2020
မျက်နှာပေါ်လုံးဝမတင်သင့်တဲ့ အရာများ

မျက်နှာဆိုတာ ခန္ဓာကိုယ်ရဲ့နူးညံ့တဲ့အစိတ်အပိုင်းထဲမှာပါဝင်ပါတယ်။ မျက်နှာအသားအရေကို ထိန်းသိမ်းဖို့အတွက် home remedies တွေကလည်း အမြောက်အမြားပါပဲ။ တချို့နည်းတွေက လိုက်လုပ်သင့်သလို တချို့နည်းတွေကျတော့လည်း မသင့်တော်တာမျိုးဖြစ်နေတတ်ပါတယ်။ တခါတလေကြတော့လည်း မျက်နှာအတွက် ဘာအန္တရာယ်မှမဖြစ်နိုင်လောက်ဘူးထင်လို့ လုပ်လိုက်မိတဲ့အခိုက်အတန့်တွေလည်းရှိတတ်ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မျက်နှာအတွက်သင့်တော်မယ်လို့ ကိုယ်သိထားတဲ့ ပစ္စည်းတွေက တခါတလေမှာ မှားယွင်းနေတတ်တယ်။ ဒါကြောင့် ဒီစာလေးမှာတော့ ဘယ်လိုအရာတွေက မျက်နှာပေါ်လုံးဝမတင်သင့်တဲ့အရာတွေဖြစ်မလဲဆိုတာကိုပြောပြပေးသွားမှာပါ။

Hairspray

Image result for quitar manchas de crayola en la pared

Hairspray ကို တချို့တွေက makeup setting spray အနေနဲ့ သုံးကြတယ်ဆို အံ့သြသွားမယ်ထင်ပါတယ်။ Hairspray hacks အနေနဲ့ သူ့ကို stocking ပြဲနေတဲ့အခါမျိုးမှာ ထပ်မပြဲအောင် သုံးတာမျိုးက အသုံးတည့်ပေမဲ့ မိတ်ကပ်အသားကျအောင် သုံးတဲ့ spray နေရာမှာတော့ အစားထိုးမသုံးသင့်ပါဘူး။ Hairspray မှာ alcohol ပါဝင်တဲ့အတွက် အသားအရေကိုခြောက်သွေ့စေပြီးတော့ ချွေးပေါက်တွေပိတ်နိုင်ပြီး ဝက်ခြံတွေပါ ထွက်လာနိုင်ပါတယ်။ အခန့်မသင့်ရင် ဓာတ်မတည့်တာတွေပါဖြစ်နိုင်ပါတယ်။ ဒါကြောင့် makeup setting spray ကိုသုံးတာကတော့အကောင်းဆုံးပါပဲ။ Makeup setting spray က မိတ်ကပ်ကိုနေရာကျအောင်လုပ်ပေးရုံတင်မဟုတ်ဘဲ bacteria တွေကိုသေစေနိုင်ပါတယ်။

သံပရိုသီး၊ ရှောက်သီး

သံပရိုသီးတို့ ရှောက်သီးတို့မှာပါဝင်တဲ့ Vitamin C က အသားအရေကိုတောက်ပချောမွေ့စေပေမဲ့ ဒီအသီးတွေက အက်စစ်သဘာဝရှိပြီး မျက်နှာမှာသုံးတဲ့အခါ မျက်နှာအသားအရေကို ကျိန်းစပ်စေပါတယ်။ ဒီအသီးတွေမှာ Psoralen လို့ခေါ်တဲ့ chemical တစ်မျိုးပါဝင်ပြီး အဲ့ဓာတ်က သင့်အရေပြားကို အလင်းရောင်တွေနဲ့ဓာတ်မတည့်တာမျိုး ဖြစ်စေနိုင်ပါတယ်။ သံပရိုသီးတို့၊ ရှောက်သီးတို့လိုပဲ သံပုရာသီးကိုလည်း ရှောင်သင့်ပါတယ်။

အုန်းဆီ

အုန်းဆီက အသားအရေလှဖို့အတွက် အရမ်းကောင်းတဲ့ပစ္စည်းတစ်ခုလို့သိထားကြပါတယ်။ သူက lauric acid ကြွယ်ဝတဲ့အတွက် ဝက်ခြံတွေကိုသက်သာစေတယ်။ အုန်းဆီက ပိုးမွှားတွေနဲ့ မှိုတွေကိုလည်းသေစေနိုင်တယ်ဆိုပေမဲ့ ပြည့်ဝဆီ (saturated fat) ၉၀% လောက်ထိပါဝင်တဲ့အတွက် ချွေးပေါက်တွေကို ပိတ်နိုင်ပါတယ်။ အသားခြောက်တာတွေအပြင် နှင်းခူနာတွေကိုတောင် သက်သာစေနိုင်တဲ့အတွက် ခန္ဓာကိုယ်ပေါ်ကိုတော့ လိုသလောက်သုံးနိုင်ပါတယ်။ ဒါပေမဲ့ မျက်နှာကိုတော့ မသုံးတာအကောင်းဆုံးပါပဲ။

ရေနွေးပူပူ

မျက်နှာသစ်တဲ့အခါ ရေအပူချိန်ကို အရမ်းလည်းမပူ၊ အရမ်းလည်းမအေးတဲ့အနေအထားက အကောင်းဆုံးပါ။ ရေချိုးတဲ့အခါမှာလည်း အတူတူပါပဲ။ ရေပူနဲ့ရေချိုးတဲ့အခါ အသားအရေကိုခြောက်သွေ့စေပြီးတော့ အသားအရေယားယံတာတွေဖြစ်နိုင်တဲ့အပြင် နှင်းခူနာတွေတောင် ဖြစ်နိုင်ပါတယ်။ အရေပြားတင်မကဘူး၊ ဦးရေပြားမှာရှိသင့်တဲ့အဆီတွေကို ခြောက်သွေ့စေပြီး ဆံပင်ကိုပါထိခိုက်နိုင်ပါတယ်။ ဆံပင်ဆေးဆိုးထားတဲ့သူတွေဆိုရင်လည်း ရေပူပူနဲ့ရေချိုးတာမျိုးက ဆံပင်အရောင်ကို မြန်မြန်ကျစေပါတယ်။ မျက်နှာကို ရေပူနဲ့သစ်တာက ပိုးမွှားတွေကိုသေစေနိုင်တယ်ဆိုပြီး အထင်မှားနေကြတာတွေလည်းရှိပါတယ်။ တကယ်တမ်း ရေပူနဲ့သစ်တာက အပေါ်မှာပြောခဲ့သလိုပဲ အသားအရေခြောက်သွေ့စေတဲ့အပြင် ဝက်ခြံတွေပါပေါက်နိုင်ပါတယ်။

Body Lotion

မျက်နှာမှာလိမ်းဖို့ moisturizer ကုန်သွားတဲ့အခါမျိုးမှာ တစ်ခါတလေပဲဆိုပြီး body lotion ကိုသုံးဖို့တွေးဖူးတာမျိုးရှိလား။ body lotion ကို မျက်နှာမှာ တစ်ခါတလေသုံးတာက အဆင်ပြေပါတယ်။ ပမာဏ နည်းဖို့တော့လိုတာပေါ့နော်။ ဒါပေမဲ့ နေ့တိုင်းလိမ်းတာမျိုးကတော့ လုံးဝမလုပ်သင့်ပါဘူး။ ခန္ဓာကိုယ်အတွက်ထုတ်ထားတဲ့ lotion ရဲ့ texture က ထူတဲ့အတွက် မျက်နှာမှာသုံးတဲ့အခါ ချွေးပေါက်တွေကိုပိတ်စေနိုင်ပါတယ်။ body lotion တွေက အမွေးနံ့တွေလည်းပါတဲ့အတွက် ဓာတ်မတည့်တာမျိုးတွေလည်းဖြစ်နိုင်ပါတယ်။

ဆပ်ပြာတုံး

ဆပ်ပြာတုံးတွေကို ကလေးဘဝတုန်းက တော်တော်များများသုံးဖူးကြမှာပါ။ အလွယ်လေးယူ သစ်ပြီး ဘာမှထွေထွေထူးထူးစဉ်းစားခဲ့ကြတာ မဟုတ်ပါဘူး။ အရွယ်လေးရောက်လာတော့ ဆပ်ပြာတုံးနဲ့မျက်နှာသစ်တယ်ဆိုတာ မကောင်းမှန်းသိလာပါတယ်။ ဆပ်ပြာတုံးနဲ့သစ်တာ မကောင်းဘူးဆိုတာကို သတိထားမိတာကတော့ အသားခြောက်တာပါပဲ။ ဟုတ်ပါတယ်။ ဆပ်ပြာတုံးတွေက အသားအရေအတွက် လိုအပ်တဲ့ဓာတ်တွေကို ဖယ်ရှားပြီးတော့ အသားအရေကိုကြမ်းတမ်းစေပြီး ယားယံစေပါတယ်။

သွားတိုက်ဆေး

ဝက်ခြံထွက်တဲ့အခါ သွားတိုက်ဆေးကို ဝက်ခြံပေါ်တို့ပြီး ဝက်ခြံပျောက်အောင်လုပ်လို့ရတယ်ဆိုတဲ့ နည်းလမ်းတွေကို ကြားလည်းကြားဖူးသလို လိုက်လုပ်ဖူးတဲ့သူတွေလည်းရှိမှာပါ။ တကယ်တော့ အဲ့နည်းက အရေပြားတွက်မကောင်းပါဘူး။ သွားတိုက်ဆေးက ဝက်ခြံကို ချပ်အောင်လုပ်ပေးနိုင်ပေမဲ့ အရေပြားကို ယောင်ယမ်းစေပြီး အရမ်းခြောက်သွေ့စေနိုင်ပါတယ်။

ကော်

School glue နဲ့ မီးသွေးအမှုန့်တွေကိုရောပြီး လုပ်တဲ့ DIY mask တွေလုပ်တဲ့နည်းက social media ပေါ်မှာခေတ်စားခဲ့ပါသေးတယ်။ အဲ့ဒီ DIY mask တွေက ဆားဝက်ခြံတွေကို ဖယ်ပေးတယ်ဆိုပြီး လိုက်လုပ်ကြတဲ့သူတွေလည်းရှိပါတယ်။ တကယ်တမ်းအဲ့နည်းလမ်းက ဆားဝက်ခြံတွေကို မဖယ်ရှားပေးနိုင်ပါဘူး။ အရေပြားကို ယောင်ယမ်းစေပြီး သွေးကြောမျှင်တွေကိုပါ ပျက်စီးနိုင်တဲ့အတွက် မသုံးတာအကောင်းဆုံးပါ။

LifeStyleLUSH Beauty & SoulLUSH DAILYLUSH January 2020LUSH Magazine Myanmar
0
Facebook Twitter Google + Pinterest
Maeve

previous post
Gucci
next post
LUSH December 2019 Issue Cover Story BTS

Recommended

A Whole New World

July 28, 2020

တိရစ္ဆာန်အမွေးတွေ၊ သားရေတွေနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေ ရောင်းချမှုကို ban တော့မယ့် Nordstrom

September 30, 2020

တွေ့ကြုံခံစားမှုအသစ်အဆန်းကို ခံစားနိုင်မယ့် Singapore Festival 2020

December 17, 2019

Into the Flix

May 31, 2020

New Normal Business Casual for Rainy Season

June 15, 2020

ရေမွှေးအသစ်ကို မကြာခင်မှာမိတ်ဆက်ပေးတော့မယ့် Ariana Grande

June 21, 2018

Oscars 2020 Red Carpet Fashion

February 10, 2020

စက်တင်ဘာလမှာ ပြုလုပ်သွားမယ့် Paris Fashion Week

June 26, 2020

တော်ဝင်စည်းမျဉ်းတွေအတိုင်း ဝတ်ခဲ့တဲ့ Meghan Markle 

May 23, 2018

ဦးမော့လာတဲ့ Genderless Beauty trend

September 10, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem