LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
AccessoriesLUSH DAILYSHINE

ခေတ်စားလာမယ့် Jewelry တွေကဘာဖြစ်မလဲ

written by Maeve June 17, 2020
ခေတ်စားလာမယ့် Jewelry တွေကဘာဖြစ်မလဲ

လက်ဝတ်ရတနာတွေဆိုတာ မရှိမဖြစ်မဟုတ်ပေမယ့် လုံးဝမရှိလို့ကလည်း မရပြန်ပါဘူး။ သွားလာရတဲ့နေရာအနေအထားပေါ်မူတည်ပြီး ဝတ်ဆင်ဖို့ကလည်း လိုသေးတာကိုး။ လူတိုင်းမှာ အနည်းဆုံးတော့ လက်စွပ်ဖြစ်ဖြစ်၊ နားကပ်ဖြစ်ဖြစ် တခုခုတော့ ပုံမှန်ဝတ်လေ့ရှိတာပဲနော်။ အဲ့တော့ ခေတ်စားလာမယ့် jewelry အကြောင်းတွေကိုလည်း တီးမိခေါက်မိသင့်တာပေါ့။ ဒါကြောင့်မို့ ဒီနှစ်ဝန်းကျင်တွေမှာ ခေတ်စားလာနိုင်ချေရှိတဲ့ jewelry trends တွေကို ပြောပြသွားမယ်နော်။

Animal Jewelry

တိရစ္ဆာန်ပုံလေးတွေပါတဲ့ jewelry လေးတွေကို Runway Fall/Winter 2020 မှာ အများအပြားတွေ့ရမှာပါ။ Balmain ရဲ့ ကင်းမြီးကောက်ပုံ jewelry တွေ၊ Stella McCartney ရဲ့ မျောက်ပုံစံ jewelry တွေ၊ Dior, Carolina Herrara, Oscar de la Renta, Chloé, Giambattista Valli, Lanvin စတဲ့ brand တွေရဲ့ animal jewelry တွေကို ချပြခဲ့ပုံတွေက animal jewelry တွေကို runway အပြင်မှာပါ တွေ့လာစေဖို့များပါတယ်။

Colorful Jewelry

မြင်နေတွေ့နေကြ ရွှေရောင်၊ ငွေရောင် jewelry တွေကနေကွဲထွက်ပြီး အရောင်စုံတဲ့ လက်ဝတ်ရတနာတွေဟာလည်း ခေတ်စားလာနိုင်ပါတယ်။ မြန်မာနိုင်ငံအနေအထားနဲ့ဆို ရာသီဥတုတိုင်းနဲ့လိုက်ဖက်နေမှာ အသေအချာပါပဲ။

Single Earrings

Spring/Summer 2020 မှာ တွေ့ခဲ့ကြတဲ့ နားကပ်ကို တစ်ဖက်တည်းတပ်တာကလည်း trend ဖြစ်လာနိုင်ပါတယ်။ နားကပ်တစ်ဖက်တည်းကိုမှ အရွယ်အစားခပ်ကြီးကြီးနဲ့ တစ်ဖက်တည်းကို focus ထားထားတဲ့ ဒီဖက်ရှင်က ခပ်လန်းလန်းဝတ်ရမယ့် occasion တွေရှိရင်တော့ ကွက်တိပါပဲ။ ထသွားထလာဆိုရင်လည်း အရမ်းမကြီး၊ အရမ်းလည်းမသေးတဲ့ နားကပ်လေးတွေကို တပ်လို့ရပါတယ်။

Everyday Objects

နေ့စဉ်ဘဝမှာတွေ့နေရတဲ့ ပစ္စည်းတွေကို လက်ဝတ်ရတနာဒီဇိုင်းတွေအနေနဲ့ တွေ့လာရပါတယ်။ လူငယ်တွေနဲ့ပိုပြီး လိုက်ဖက်မယ့် ဒီဒီဇိုင်းဟာ နေ့စဉ်သွားလာတာကနေစပြီး ပွဲတက်တဲ့အထိ အဆင်ပြေသလို ရွေးချယ်ဝတ်ဆင်လို့ရပါတယ်။

Shoe Jewelry

လက်ဝတ်ရတနာတွေကို ခြေထောက်မှာလည်း အလှဆင်ပြီးဝတ်လာကြပါပြီ။ shoes တွေမှာ ကျောက်တွေအလှဆင်ပြီး ဝတ်တာကလည်း တခေတ်စားလာနိုင်ပါတယ်။

Chain jewelry

ခေတ်စားလာမယ့်ထဲမှာ ချိန်းကြိုး accessories တွေကိုလည်း ချန်ထားလို့မရပါဘူး။ ချိန်းကြိုးပုံစံ ဆွဲကြိုးတွေ၊ လက်ကောက်တွေကို ဆိုဒ်သေးသေးလေးကနေစပြီး အကြီးကြီးထိ အဆင်ပြေသလို နေရာအလိုက် ရွေးချယ်ဝတ်ဆင်လို့ရပါတယ်။

Chunky Chokers

မြင်နေကြ ခပ်သေးသေးမျိုးမဟုတ်ဘဲ အရွယ်အစားကြီးတဲ့ Choker တွေကလည်း ဖက်ရှင်ကျပြီး ခပ်မိုက်မိုက်အထာမျိုး ဖြစ်စေပါတယ်။

Cuffs

Cuffs လိုခေါ်တဲ့ လက်ကောက်ဝတ်မှာဝတ်ရတဲ့ ခပ်ကြီးကြီးလက်ကောက်မျိုးက Choker အကြီးကြီးတွေနဲ့ လိုက်ဖက်လွန်းပါတယ်။

အခုပြောပြပေးသွားတဲ့ jewelry ထဲမှာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ပြောပြသွားတဲ့ထဲမှာမပါလည်း လူသိပ်မဝတ်ကြတဲ့ jewlery တွေပဲဖြစ်ဖြစ် ကိုယ့်အကြိုက်နဲ့ကိုက်နေတာမျိုးရှိရင် trend ဖြစ်မှာကို စောင့်နေစရာမလိုဘဲ ကိုယ်တိုင် trend ဖြစ်လာအောင် စပြီးဝတ်ဆင်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

Editor: MayMT

fashionjewelryJewelry trendsLUSH DAILYLUSH Magazine MyanmarLUSH Shine
1
Facebook Twitter Google + Pinterest
Maeve

previous post
Selena Gomez’s “Rare” album 
next post
Build your own sim racing setup

Recommended

လာမယ့် ၂၀၂၀ မှာ သူမ ရဲ့ထွက်ရှိခဲ့တဲ့ သီချင်း Album ခြောက်ခုကို...

August 23, 2019

Build your own sim racing setup

June 17, 2020

Christmas & New Year Gifts for your loved...

December 20, 2019

Louis Vuitton Spring-Summer 2021 Menswear collection by Virgil...

October 17, 2020

လူတွေရဲ့ စိတ်ဝင်စားမှုနဲ့အတူ ဖက်ရှင်ကျမှုတွေကိုပါ သိမ်းပိုက်ဦးမယ့် Neon Color

March 18, 2019

The most Eye-Catching Red Carpet Looks from MTV...

November 12, 2018

2019 British Fashion Awards’ Fashion

December 4, 2019

Billboard Hot 100 Chart မှာ (၁၇) ပတ်ဆက်တိုက် နဲ့...

July 31, 2019

Collagen supplements တွေရဲ့ကောင်းကျိုးများ (Part II)

August 19, 2020

ရွှေထီးဆောင်းနေဆဲ Collection တွေနဲ့ OMEGA

September 11, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem